ယူနိုက်တက်၊ ချယ်ဆီးတို့ ဝင်လုသင့်တဲ့ အာဆင်နယ်ပစ်မှတ် ကစားသမားကို ဒီနေး ထောက်ပြ

၀က်ဖို့ဒ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ထရွိုင် ဒီနေးက ပရီးမီးယားလိဂ် ကလပ်အသင်းကြီး နှစ်သင်း ဖြစ်တဲ့ ချယ်ဆီးနဲ့ ယူနိုက်တက် အသင်းတို့ဟာ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ လီဗာပူး ကွင်းလယ်တိုက်စစ်သမား အဒမ်လယ်လာနာ ကို ခေါ်ယူဖို့ ဝင်ရောက် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

လယ်လာနာက လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မှာ ဖြစ်ပြီး အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ သွားဖို့ ရေပန်းစားနေသူ ဖြစ်ပါတယ်။ လယ်လာနာကို လက်စတာကလည်း ချဉ်းကပ်မှု ပြုလုပ်ထားကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ထရွိုင်ဒီနေးကတော့ လယ်လာနာက တခြား ထိပ်သီးအသင်းတွေကလည်း ခေါ်ယူသင့်တဲ့ ကစားသမားကောင်း ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုကာ တိုက်တွန်းခဲ့ပါတယ်။

” လီဗာပူးအသင်းက တကယ့် အသင်းကောင်းပါ။ သူတို့ အသင်းကနေ ထွက်ခွာသွားတဲ့ ကစားသမားတွေ အနေနဲ့ ဘယ်မှာ တိုးတက်အောင် လုပ်ဖို့ ရှိမလဲ တွေးမိပါတယ်။ အခု သူတို့က လယ်လာနာကို သွားခွင့် ပြုတော့မယ်။ ကျနော့် ဘော်ဒါတွေနဲ့ ဂရုချက်ထဲမှာ ဒီအကြောင်း ပြောဖြစ်သေးတယ်။

လယ်လာနာကတော့ သူ သွားမယ်ဆို အသင်းတွေရဲ့ ၉၀% မှာ အဆင်ပြေမှာပါ။ မန်စီးတီးလို အသင်းလောက်က လွဲရင်ပေါ့။ မန်စီးတီးမှာလည်း သူ ကစားနိုင်ပါတယ် ဒါပေမယ့် အဲဒီမှာက ကစားသမားကောင်းတွေ များနေပြီ။ ယူနိုက်တက်မှာဆို သူ အဆင်ပြေနိုင်တယ်။ ယူနိုက်တက်မှာ ရာနှုန်းပြည့် အံဝင်အောင် ကစားပြီး ရှိတဲ့ လူစာရင်းကို တိုးတက်စေနိုင်လိမ့်မယ်။

လယ်လာနာက ဘယ်အသင်း တိုက်စစ်လိုင်းမှာ မဆို ကောင်းစွာ ကစားနိုင်တယ်။ စပါးမှာလည်း အဆင်ပြေမှာပဲ။ အဲဗာတန်၊ ချယ်ဆီးတို့ အသင်းတွေမှာဆိုလည်း အဆင်ပြေလိမ့်မယ်။ ” လို့ ဒီနေးက သုံးသပ် ပြောဆိုလိုက်ပါတယ်။

Zawgyi – ၀က္ဖို႔ဒ္ အသင္းေခါင္းေဆာင္ တိုက္စစ္မွဴး ထရြိဳင္ ဒီေနးက ပရီးမီးယားလိဂ္ ကလပ္အသင္းၾကီး နွစ္သင္း ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ ယူနိုက္တက္ အသင္းတို႔ဟာ အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ လီဗာပူး ကြင္းလယ္တိုက္စစ္သမား အဒမ္လယ္လာနာ ကို ေခၚယူဖို႔ ၀င္ေရာက္ ၾကိဳးပမ္းသင့္ေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

လယ္လာနာက လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး အာဆင္နယ္အသင္းထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ သြားဖို႔ ေရပန္းစားေနသူ ျဖစ္ပါတယ္။ လယ္လာနာကုိ လက္စတာကလည္း ခ်ဥ္းကပ္မႈ ျပဳလုပ္ထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။

ထရြိဳင္ဒီေနးကေတာ့ လယ္လာနာက တျခား ထိပ္သီးအသင္းေတြကလည္း ေခၚယူသင့္တဲ့ ကစားသမားေကာင္း ျဖစ္တယ္လို႔ ေထာက္ျပ ေျပာဆိုကာ တိုက္တြန္းခဲ့ပါတယ္။

” လီဗာပူးအသင္းက တကယ့္ အသင္းေကာင္းပါ။ သူတို႔ အသင္းကေန ထြက္ခြာသြားတဲ့ ကစားသမားေတြ အေနနဲ႕ ဘယ္မွာ တုိးတက္ေအာင္ လုပ္ဖို႔ ရွိမလဲ ေတြးမိပါတယ္။ အခု သူတို႔က လယ္လာနာကို သြားခြင့္ ျပဳေတာ့မယ္။ က်ေနာ့္ ေဘာ္ဒါေတြနဲ႕ ဂရုခ်က္ထဲမွာ ဒီအေၾကာင္း ေျပာျဖစ္ေသးတယ္။

လယ္လာနာကေတာ့ သူ သြားမယ္ဆို အသင္းေတြရဲ႕ ၉၀% မွာ အဆင္ေျပမွာပါ။ မန္စီးတီးလို အသင္းေလာက္က လြဲရင္ေပါ့။ မန္စီးတီးမွာလည္း သူ ကစားနုိင္ပါတယ္ ဒါေပမယ့္ အဲဒီမွာက ကစားသမားေကာင္းေတြ မ်ားေနျပီ။ ယူနိုက္တက္မွာဆိို သူ အဆင္ေျပနိုင္တယ္။ ယူနိုက္တက္မွာ ရာနႈန္းျပည့္ အံ၀င္ေအာင္ ကစားျပီး ရွိတဲ့ လူစာရင္းကို တိုးတက္ေစနုိင္လိမ့္မယ္။

လယ္လာနာက ဘယ္အသင္း တိုက္စစ္လိုင္းမွာ မဆို ေကာင္းစြာ ကစားနုိင္တယ္။ စပါးမွာလည္း အဆင္ေျပမွာပဲ။ အဲဗာတန္၊ ခ်ယ္ဆီးတို႔ အသင္းေတြမွာဆိုလည္း အဆင္ေျပလိမ့္မယ္။ ” လို႔ ဒီေနးက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။