ချယ်ဆီးအသင်းမှာ နည်းပြ ဆာရီနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ အကြောင်းများ ကာဟေးလ် ဖွင့်ဟ

ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီကာဟေးလ်က ချယ်ဆီးနည်းပြဟောင်း ဆာရီနဲ့ ဆက်ဆံရေး ဆိုးဝါးခဲ့ပုံကို ဖွင့်ဟခဲ့ကာ ဆာရီကို ဘယ်လိုမှ လေးစားလို့ မရကြောင်းပါ ထုတ်ဖော် ဝန်ခံမှု ပြုလုပ်လာခဲ့ပါတယ်။ ဆာရီနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့အဆုံးမှာ ကာဟေးလ်က ၈ နှစ် နီးပါး ကစားခဲ့တဲ့ ချယ်ဆီးကနေ ထွက်ခွာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့ ဖြစ်ခဲ့ပါတယ်။

ကာဟေးလ်က ၂၀၁၉ နွေမှာ ချယ်ဆီးကနေ ထွက်ခွာခဲ့တာ ဖြစ်ပြီး နည်းပြ ဆာရီကလည်း အဲဒီနှစ်မှပဲ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ သွားဖြစ်ခဲ့တာပါ။ ဆာရီနဲ့ ကြုံခဲ့ရတဲ့ အဆင်မပြေမှုများအကြောင်းကို ကာဟေးလ်က ဒေးလီးမေးလ် အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။

” ကျနော်နဲ့ နည်းပြ ဆာရီ ဆက်ဆံရေးက ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတည်းက ပြီးသွားခဲ့တာပါ။ အဲဒီတုန်းက ကျနော်တို့က အင်္ဂလန်အသင်းနဲ့အတူ ပြိုင်ပွဲရောက်နေတာ ဆီမီးအဆင့်ကို ရောက်နေပြီ။ အဲဒီမှာ ရာသီကြိုကာလ ပြင်ဆင်ရမယ့် ပွဲတွေန ပတ်သတ်ပြီး ပြန်လာဖို့ ပြောတော့ ကျနေ်ာနဲ့ စကား အခြေအတင် ဖြစ်ခဲ့ကြတယ်။

အဲဒီကိစ္စနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း သူနဲ့ ကျနော် ဆက်ဆံရေးက အဲဒီဘောလုံးရာသီ တဝက်လောက်မှာတည်းက လုံး၀ ပြိုကွဲသွားခဲ့ပါပြီ။ ဘယ်လိုမှာ ပြန်တည်ဆောက်လို့လဲ မရတော့ဘူး။ ညှိနှိုင်းတာမျိုးလည်း မလုပ်ဖြစ်ဘူး။ ဆာရီ လုပ်ခဲ့တာ တချို့က ကျနော် လေးစားလို့ မရဘူး။ ဒါပေမယ့် ချယ်ဆီးအသင်းအပေါ် ကျနော် လေးစားမှု အမြဲ ရှိပါတယ်။ ” လို့ ကာဟေးလ်က ဆိုခဲ့ပါတယ်။

ဆာရီက ကာဟေးလ်ကို ပွဲကစားခွင့်တောင် မပေးခဲ့ဘဲ ရှိခဲ့ပြီး ကာဟေးလ်ကတော့ သူ့ ခြေစွမ်းကို မယုံကြည်ဘူးဆိုရင်တောင် ၄-၅ ပွဲ ဆက်တိုက် ကစားခွင့်ပေးပြီး ဆုံးဖြတ်သင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ကာဟေးလ်က ဆာရီနဲ့ ပြသနာ ဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာပဲ နိုင်ငံအသင်းအတွက် ကစားခြင်းကနေ အနားယူဖြစ်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီကာေဟးလ္က ခ်ယ္ဆီးနည္းျပေဟာင္း ဆာရီနဲ႕ ဆက္္ဆံေရး ဆိုး၀ါးခဲ့ပံုကို ဖြင့္ဟခဲ့ကာ ဆာရီကို ဘယ္လိုမွ ေလးစားလို႔ မရေၾကာင္းပါ ထုတ္ေဖာ္ ၀န္ခံမႈ ျပဳလုပ္လာခဲ့ပါတယ္။ ဆာရီနဲ႕ ဘယ္လိုမွ အဆင္မေျပတဲ့အဆံုးမွာ ကာေဟးလ္က ၈ နွစ္ နီးပါး ကစားခဲ့တဲ့ ခ်ယ္ဆီးကေန ထြက္ခြာခဲ့ျပီး ခရစၥတယ္ပဲေလ့စ္အသင္းထံ ေျပာင္းေရႊ႕ ျဖစ္ခဲ့ပါတယ္။

ကာေဟးလ္က ၂၀၁၉ ေႏြမွာ ခ်ယ္ဆီးကေန ထြက္ခြာခဲ့တာ ျဖစ္ျပီး နည္းျပ ဆာရီကလည္း အဲဒီနွစ္မွပဲ ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႕ သြားျဖစ္ခဲ့တာပါ။ ဆာရီနဲ႕ ၾကံဳခဲ့ရတဲ့ အဆင္မေျပမႈမ်ားအေၾကာင္းကို ကာေဟးလ္က ေဒးလီးေမးလ္ အစီအစဥ္မွာ ေျပာဆိုခဲ့ပါတယ္။

” က်ေနာ္နဲ႕ နည္းျပ ဆာရီ ဆက္ဆံေရးက ၂၀၁၈ ကမၻာ့ဖလား ျပိဳင္ပြဲမွာတည္းက ျပီးသြားခဲ့တာပါ။ အဲဒီတုန္းက က်ေနာ္တို႔က အဂၤလန္အသင္းနဲ႕အတူ ျပိဳင္ပြဲေရာက္ေနတာ ဆီမီးအဆင့္ကို ေရာက္ေနျပီ။ အဲဒီမွာ ရာသီၾကိဳကာလ ျပင္ဆင္ရမယ့္ ပြဲေတြန ပတ္သတ္ျပီး ျပန္လာဖို႔ ေျပာေတာ့ က်ေန္ာနဲ႕ စကား အေျခအတင္ ျဖစ္ခဲ့ၾကတယ္။

အဲဒီကိစၥနဲ႕ တင္းမာမႈေတြ ျဖစ္ခဲ့ျပီး ေနာက္ပိုင္း သူနဲ႕ က်ေနာ္ ဆက္ဆံေရးက အဲဒီေဘာလံုးရာသီ တ၀က္ေလာက္မွာတည္းက လံုး၀ ျပိဳကြဲသြားခဲ့ပါျပီ။ ဘယ္လိုမွာ ျပန္တည္ေဆာက္လို႔လဲ မရေတာ့ဘူး။ ညွိနိႈင္းတာမ်ိဳးလည္း မလုပ္ျဖစ္ဘူး။ ဆာရီ လုပ္ခဲ့တာ တခ်ိဳ႕က က်ေနာ္ ေလးစားလို႔ မရဘူး။ ဒါေပမယ့္ ခ်ယ္ဆီးအသင္းအေပၚ က်ေနာ္ ေလးစားမႈ အျမဲ ရွိပါတယ္။ ” လို႔ ကာေဟးလ္က ဆိုခဲ့ပါတယ္။

ဆာရီက ကာေဟးလ္ကို ပြဲကစားခြင့္ေတာင္ မေပးခဲ့ဘဲ ရွိခဲ့ျပီး ကာေဟးလ္ကေတာ့ သူ႔ ေျခစြမ္းကို မယံုၾကည္ဘူးဆိုရင္ေတာင္ ၄-၅ ပြဲ ဆက္တိုက္ ကစားခြင့္ေပးျပီး ဆံုးျဖတ္သင့္တယ္လုိ႔ ေထာက္ျပခဲ့ပါတယ္။ ကာေဟးလ္က ဆာရီနဲ႕ ျပသနာ ျဖစ္ခဲ့တဲ့ ၂၀၁၈ ကမၻာ့ဖလား ျပိဳင္ပြဲ အျပီးမွာပဲ နုိင္ငံအသင္းအတြက္ ကစားျခင္းကေန အနားယူျဖစ္ခဲ့ပါတယ္။