ချယ်ဆီးက ကော်တင်ညို အေးဂျင့်နဲ့ ဆွေးနွေးနေပြီ သတင်းထွက်ပေါ်လာ

ချယ်ဆီးအသင်းဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ကစားသမားရဲ့ အေးဂျင့်နဲ့ တိုးတိုးတိတ်တိတ် ချိတ်ဆက် ဆွေးနွေးနေပြီလို့ စပိန် သတင်းဌာနတွေက ဖော်ထုတ်သွားပါတယ်။

ကော်တင်ညိုရဲ့ အေးဂျင့် ဖြစ်သူ ကီရာ ဂျော်ရတ်ချီရန်က ကစားသမား အသင်းပြောင်းရွှေ့နိုင်ဖို့ အားစိုက် လုပ်ဆောင်နေပြီး ချယ်ဆီးဘက်က ချဉ်းကပ်မှုကို လက်ခံဆွေးနွေးနေပြီလို့ သိရပါတယ်။ ဘာစီလိုနာဘက်ကလည်း ကော်တင်ညိုကို ရောင်းချလိုနေပြီ ဖြစ်ပြီး ယူရို သန်း ၈၀ လောက် ရရင် ရောင်းချမယ် လေသံပစ်ထားပြီ ဖြစ်ပါတယ်။

ကော်တင်ညိုက လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်မှာ အငှား ကစားနေပေမယ့် အငှားပြီးဆုံးချိန်မှာ ခေါ်ယူဖို့ ဂျာမန်ကလပ်ဘက်က စိတ်မဝင်စားဘဲ ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာသို့ ပြန်သွားရမှာ ဖြစ်ပြီး စပိန်ကလပ်ကလည်း ကစားသမား ဝယ်ယူအားဖြည့်မှုများ ပြုလုပ်လိုနေတာကြောင့် ကော်တင်ညိုကို ရောင်းချပြီး အသုံးစရိတ် ပြန်ရှာလိုနေပါတယ်။

လီဗာပူးအသင်းကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ နဲ့ ပြောင်းလာခဲ့တဲ့ ကော်တင်ညိုက နူးကမ့်မှာ ထင်သလောက် ခြေစွမ်း မပြနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ အလားအလာများနေပါတယ်။ ကော်တင်ညိုကို ချယ်ဆီး အပြင် ယူနိုက်တက်၊ အာဆင်နယ်နဲ့ စပါးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသထားပါတယ်။

ဘာစီလိုနာက လီဗာပူးကနေ ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးထက် လျော့ရင်တောင် အရှုံးခံပြီး ကော်တင်ညိုကို ရောင်းချလိုတာကြောင့် ချယ်ဆီး အသင်းကတော့ လက်ဦးမှု ယူဖို့ ကော်တင်ညို အေးဂျင့်နဲ့ ချိတ်ဆက်ပြီး ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘာစီလိုနာ ကြင္းလယ္ကစားသမား ေကာ္တင္ညိဳကို ေခၚယူဖို႔ ကစားသမားရဲ႕ ေအးဂ်င့္နဲ႕ တုိးတိုးတိတ္တိတ္ ခ်ိတ္ဆက္ ေဆြးေႏြးေနျပီလို႔ စပိန္ သတင္းဌာနေတြက ေဖာ္ထုတ္သြားပါတယ္။

ေကာ္တင္ညိဳရဲ႕ ေအးဂ်င့္ ျဖစ္သူ ကီရာ ေဂ်ာ္ရတ္ခ်ီရန္က ကစားသမား အသင္းေျပာင္းေရႊ႕နိုင္ဖို႔ အားစိုက္ လုပ္ေဆာင္ေနျပီး ခ်ယ္ဆီးဘက္က ခ်ဥ္းကပ္မႈကို လက္ခံေဆြးေႏြးေနျပီလို႔ သိရပါတယ္။ ဘာစီလိုနာဘက္ကလည္း ေကာ္တင္ညိဳကို ေရာင္းခ်လိုေနျပီ ျဖစ္ျပီး ယူရို သန္း ၈၀ ေလာက္ ရရင္ ေရာင္းခ်မယ္ ေလသံပစ္ထားျပီ ျဖစ္ပါတယ္။

ေကာ္တင္ညိဳက လက္ရွိအခ်ိန္မွာ ဘိုင္ယန္ျမဴးနစ္မွာ အငွား ကစားေနေပမယ့္ အငွားျပီးဆံုးခ်ိန္မွာ ေခၚယူဖို႔ ဂ်ာမန္ကလပ္ဘက္က စိတ္မ၀င္စားဘဲ ရွိေနပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာသို႔ ျပန္သြားရမွာ ျဖစ္ျပီး စပိန္ကလပ္ကလည္း ကစားသမား ၀ယ္ယူအားျဖည့္မႈမ်ား ျပဳလုပ္လိုေနတာေၾကာင့္ ေကာ္တင္ညိဳကို ေရာင္းခ်ျပီး အသံုးစရိတ္ ျပန္ရွာလိုေနပါတယ္။

လီဗာပူးအသင္းကေန ဘာစီလိုနာထံ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၂၀ နဲ႕ ေျပာင္းလာခဲ့တဲ့ ေကာ္တင္ညိဳက နူးကမ့္မွာ ထင္သေလာက္ ေျခစြမ္း မျပနိုင္ဘဲ ရုန္းကန္ခဲ့ရျပီး ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ အလားအလာမ်ားေနပါတယ္။ ေကာ္တင္ညိဳကို ခ်ယ္ဆီး အျပင္ ယူနုိက္တက္၊ အာဆင္နယ္နဲ႕ စပါးတို႔ကလည္း ေခၚယူဖို႔ စိတ္၀င္စားမႈ ျပသထားပါတယ္။

ဘာစီလိုနာက လီဗာပူးကေန ေခၚယူစဥ္က ေျပာင္းေရႊ႕ေၾကးထက္ ေလ်ာ့ရင္ေတာင္ အရွံဳးခံျပီး ေကာ္တင္ညိဳကို ေရာင္းခ်လိုတာေၾကာင့္ ခ်ယ္ဆီး အသင္းကေတာ့ လက္ဦးမႈ ယူဖို႕ ေကာ္တင္ညိဳ ေအးဂ်င့္နဲ႕ ခ်ိတ္ဆက္ျပီး ေဆြးေႏြးမႈေတြ စတင္ေနျပီ ျဖစ္ပါတယ္။