ချယ်ဆီးနည်းပြဖြစ်လာတာ စောလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကို လမ်းပတ် တုန့်ပြန်

အသက် ၄၁ နှစ်သာ ရှိသေးပြီး ဒါဘီအသင်းကိုသာ တစ်ရာသီ ကိုင်တွယ်ရသေးတဲ့ ဖရန့်လမ်းပတ်ဟာ ချယ်ဆီးလို ကလပ်အသင်းကြီးကို နည်းပြ အဖြစ် စတင် တာဝန်ယူလိုက်တာက စောသေးတယ်လို့ ဝေဖန်မှုတွေ ရှိနေပြီး လမ်းပတ်ကတော့ ထိုဝေဖန်မှုများကို တုန့်ပြန်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

လမ်းပတ်က စတန်းဖို့ဘရစ်ချ်နဲ့ စိမ်းလှသူ မဟုတ်ဘဲ ချယ်ဆီးအသင်းမှာ ၁၃ နှစ်ကြာ ကစားသွားတဲ့ ကွင်းလယ်ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။ အခုလို နေရာဟောင်းထံ နည်းပြ အဖြစ် ပြန်လာနိုင်ဖို့က သူ့ စိတ်ကူးအိပ်မက် ဖြစ်တယ်လို့ ထုတ်ဖော် ဝန်ခံခဲ့ပြီး ထိုသို့ တာဝန်ယူဖို့ ယုံကြည်စွာ တာဝန်ပေးခဲ့တဲ့ ကလပ်အသင်းကိုလည်း ကျေးဇူးတင်နေခဲ့ပါတယ်။

” ကျနော် ဒါဘီမှာ တစ်ရာသီ ကိုင်တွယ်ပြီး ချယ်ဆီးအသင်းမှာ နည်းပြ ဖြစ်လာမယ်လို့ ခင်ဗျားတို့ ထင်ထားကြမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအလုပ်ကို အခုလို စောစောစီးစီး လက်ခံလိုက်တကာ ပိုပြီး မှန်ကန်ပါတယ်။ နည်းပြ အနေနဲ့ အတွေ့အကြုံတွေ တိုးတက်အောင် လုပ်ရမှာတွေ ရှိနေသေးတော့ နည်းနည်းစောတယ် ထင်ကြမှာပေါ့။

ကျနော်ကတော့ ဒီတာဝန်အတွက် ယုံကြည်မှု အပြည့်ရှိတယ်။ ကျနော် လက်ခံလိုက်တာ စောလွန်းနေလားလို့ ကိုယ့်ကိုယ်ကို တစ်ခါမှ မေးမကြည့်ဖူးဘူး။ ကျနော်က ချယ်ဆီးအသင်းမှာ ကစားသမား ဘ၀ တလျောက်လုံး ပေးဆပ် ကစားလာတာပါ။ ဒါပေမယ့် နည်းပြ အနေနဲ့တော့ မဟုတ်ခဲ့ဘူး။ ဒီနေရာမှာ အခုမှ အသစ်ဆိုတော့ လူတွေက ဒီလို တွေးနေ မြင်နေတာကို ကျနော်လည်း သဘောပေါက်ပါတယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို နည်းပြနေစဉ်မျာပဲ ချယ်ဆီးအသင်းထံမှ ကမ်းလှမ်းမှု ရခဲ့တာ ဖြစ်ပြီး ထိုစဉ်က ကစားသမား ခေါ်ယူခွင့်ပိတ်ပင်ခံရပြီး အကြပ်တွေ့နေတဲ့ ချယ်ဆီးကို လမ်းပတ်က လက်တွန့်မနေဘဲ နည်းပြ ရာထူးကို လက်ခံခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းထံ လမ်းပတ် ရောက်စက ကစားသမားသစ်ခေါ်ယူခွင့် မရသည့်တိုင် အင်္ဂလန်သားဟာ ရှိတဲ့ လူငယ်တွေကို အားပြုကာ အသင်းကို တည်ဆောက်ခဲ့ပြီး လက်ရှိ ကစားပြီးသလောက်မှာလည်း ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

Zawgyi – အသက္ ၄၁ နွစ္သာ ရွိေသးျပီး ဒါဘီအသင္းကိုသာ တစ္ရာသီ ကိုင္တြယ္ရေသးတဲ့ ဖရန္႔လမ္းပတ္ဟာ ခ်ယ္ဆီးလို ကလပ္အသင္းၾကီးကို နည္းျပ အျဖစ္ စတင္ တာ၀န္ယူလိုက္တာက ေစာေသးတယ္လို႔ ေ၀ဖန္မႈေတြ ရွိေနျပီး လမ္းပတ္ကေတာ့ ထိုေ၀ဖန္မႈမ်ားကို တုန္႔ျပန္မႈ ျပဳလုပ္လာျပီ ျဖစ္ပါတယ္။

လမ္းပတ္က စတန္းဖို႔ဘရစ္ခ်္နဲ႕ စိမ္းလွသူ မဟုတ္ဘဲ ခ်ယ္ဆီးအသင္းမွာ ၁၃ နွစ္ၾကာ ကစားသြားတဲ့ ကြင္းလယ္ကစားသမားေဟာင္းလည္း ျဖစ္ပါတယ္။ အခုလို ေနရာေဟာင္းထံ နည္းျပ အျဖစ္ ျပန္လာနုိင္ဖို႔က သူ႔ စိတ္ကူးအိပ္မက္ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ၀န္ခံခဲ့ျပီး ထိုသို႔ တာ၀န္ယူဖို႔ ယံုၾကည္စြာ တာ၀န္ေပးခဲ့တဲ့ ကလပ္အသင္းကိုလည္း ေက်းဇူးတင္ေနခဲ့ပါတယ္။

” က်ေနာ္ ဒါဘီမွာ တစ္ရာသီ ကိုင္တြယ္ျပီး ခ်ယ္ဆီးအသင္းမွာ နည္းျပ ျဖစ္လာမယ္လို႔ ခင္ဗ်ားတို႔ ထင္ထားၾကမွာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ဒီအလုပ္ကို အခုလို ေစာေစာစီးစီး လက္ခံလိုက္တကာ ပိုျပီး မွန္ကန္ပါတယ္။ နည္းျပ အေနနဲ႕ အေတြ႔အၾကံဳေတြ တိုးတက္ေအာင္ လုပ္ရမွာေတြ ရွိေနေသးေတာ့ နည္းနည္းေစာတယ္ ထင္ၾကမွာေပါ့။

က်ေနာ္ကေတာ့ ဒီတာ၀န္အတြက္ ယံုၾကည္မႈ အျပည့္ရွိတယ္။ က်ေနာ္ လက္ခံလိုက္တာ ေစာလြန္းေနလားလို႔ ကိုယ့္ကိုယ္ကို တစ္ခါမွ ေမးမၾကည့္ဖူးဘူး။ က်ေနာ္က ခ်ယ္ဆီးအသင္းမွာ ကစားသမား ဘ၀ တေလ်ာက္လံုး ေပးဆပ္ ကစားလာတာပါ။ ဒါေပမယ့္ နည္းျပ အေနနဲ႕ေတာ့ မဟုတ္ခဲ့ဘူး။ ဒီေနရာမွာ အခုမွ အသစ္ဆိုေတာ့ လူေတြက ဒီလို ေတြးေန ျမင္ေနတာကို က်ေနာ္လည္း သေဘာေပါက္ပါတယ္။ ” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းကို နည္းျပေနစဥ္မ်ာပဲ ခ်ယ္ဆီးအသင္းထံမွ ကမ္းလွမ္းမႈ ရခဲ့တာ ျဖစ္ျပီး ထိုစဥ္က ကစားသမား ေခၚယူခြင့္ပိတ္ပင္ခံရျပီး အၾကပ္ေတြ႕ေနတဲ့ ခ်ယ္ဆီးကို လမ္းပတ္က လက္တြန္႔မေနဘဲ နည္းျပ ရာထူးကို လက္ခံခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းထံ လမ္းပတ္ ေရာက္စက ကစားသမားသစ္ေခၚယူခြင့္ မရသည့္တိုင္ အဂၤလန္သားဟာ ရွိတဲ့ လူငယ္ေတြကို အားျပဳကာ အသင္းကို တည္ေဆာက္ခဲ့ျပီး လက္ရွိ ကစားျပီးသေလာက္မွာလည္း ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာမွာ ရွိေနပါတယ္။