ချယ်ဆီးအသင်းသားဟောင်းရဲ့ မာယာကြွယ်တဲ့ ပွဲချဉ်းကပ်ပုံကို နှစ်သက်မိကြောင်း ဆာအဲလက်စ် ဝန်ခံ

ယူနိုက်တက်မန်နေဂျာဟောင်း ဆာအဲလက်စ်က ချယ်ဆီးဂန္တဝင်ဖြစ်သူ ဇိုလာဟာ မာယာကြွယ်ပြီး အီတလီသားကြီးရဲ့ ပွဲချဉ်ကပ်ပုံက သူ့စိတ်တိုင်းကျ ကစားသမားပုံစံပါလို့ ထုတ်ဖော် ချီးကျူးခဲ့တယ်။

ဆာအဲလက်စ် ဖာဂူဆန်က Sir Michael Moritz အကူအညီနဲ့ ရေးသားထားတဲ့ သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ်မှာ အထင်ကြီးရတဲ့ ယူနိုက်တက်ပြိုင်ဘက် ကစားသမား ၃ ဦးအကြောင်း ပါဝင်ခဲ့ပါတယ်။ အဆိုပါ သုံးဦးထဲက တစ်ဦးကတော့ ချယ်ဆီးဂန္တဝင်ကြီး ဇိုလာဖြစ်တယ်။

ဆာအဲလက်စ်က ” ဇိုလာဟာ အလုပ်ကို ကြိုးစားသူတွေရဲ့ စံနမူနာတစ်ယောက်လို့ ငါအမြဲတွေးမိတယ်။ သူက ငါတို့ကို အမြဲတမ်း ဒုက္ခပေးတဲ့အပြင် ဘယ်တော့မှလည်း အရံှူးမပေးဘူး။ သူက လူကောင်သေးပေမယ့် သူ့ထက် ပိုသန်မာပြီး ၈ လက်မ ၁၀ လက်မလောက် ပိုမြင့်တဲ့ ခံစစ်သမားတွေကို ကိုင်တွယ်နိုင်စွမ်း ရှိတယ်။

သူက ဘောလုံးမှာလည်း ပရိယာယ် ကြွယ်ဝပြီး မယုံနိုင်လောက်တဲ့ ဖန်တီးနိုင်မှုတွေ ရှိသလို အညှာအတာကင်းကင်း ကစားနိုင်စွမ်း ရှိသူလည်းဖြစ်တယ်။ အဓိကအားဖြင့်တော့ သူ့ရဲ့ ပွဲတွေကို ချဉ်းကပ်တဲ့ ပုံစံက ငါနဲ့တော့ အံကိုက်ပါပဲ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဇိုဘာဟာ မန်နေဂျာဟောင်း ဆာရီလက်ထက်မှာ ချယ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါသေးတယ်။ သူဟာ ချယ်ဆီးအတွက် ယူရိုပါလိဂ်ဖလား အနိုင်ရဖို့ တစ်ထောင့်တစ်နေရာက ကူညီပေးခဲ့ပြီး မန်နေဂျာလမ်းပတ် ဝင်ရောက်လာချိန်မှာတော့ အသင်းကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္မန္ေနဂ်ာေဟာင္း ဆာအဲလက္စ္က ခ်ယ္ဆီးဂႏၱဝင္ျဖစ္သူ ဇိုလာဟာ မာယာၾကြယ္ျပီး အီတလီသားၾကီးရဲ႕ ပြဲခ်ဥ္ကပ္ပံုက သူ႔စိတ္တိုင္းက် ကစားသမားပံုစံပါလို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့တယ္။

ဆာအဲလက္စ္ ဖာဂူဆန္က Sir Michael Moritz အကူအညီနဲ႔ ေရးသားထားတဲ့ သူ႔ရဲ႕ ကိုယ္တိုင္ေရး စာအုပ္မွာ အထင္ၾကီးရတဲ့ ယူႏုိက္တက္ျပိဳင္ဘက္ ကစားသမား ၃ ဦးအေၾကာင္း ပါဝင္ခဲ့ပါတယ္။ အဆိုပါ သံုးဦးထဲက တစ္ဦးကေတာ့ ခ်ယ္ဆီးဂႏၱဝင္ၾကီး ဇိုလာျဖစ္တယ္။

ဆာအဲလက္စ္က ” ဇိုလာဟာ အလုပ္ကို ၾကိဳးစားသူေတြရဲ႕ စံနမူနာတစ္ေယာက္လို႔ ငါအျမဲေတြးမိတယ္။ သူက ငါတုိ႔ကို အျမဲတမ္း ဒုကၡေပးတဲ့အျပင္ ဘယ္ေတာ့မွလည္း အရံွဴးမေပးဘူး။ သူက လူေကာင္ေသးေပမယ့္ သူ႔ထက္ ပိုသန္မာျပီး ၈ လက္မ ၁၀ လက္မေလာက္ ပိုျမင့္တဲ့ ခံစစ္သမားေတြကို ကိုင္တြယ္ႏုိင္စြမ္း ရွိတယ္။

သူက ေဘာလံုးမွာလည္း ပရိယာယ္ ၾကြယ္ဝျပီး မယံုႏုိင္ေလာက္တဲ့ ဖန္တီးႏုိင္မႈေတြ ရွိသလို အညွာအတာကင္းကင္း ကစားႏုိင္စြမ္း ရွိသူလည္းျဖစ္တယ္။ အဓိကအားျဖင့္ေတာ့ သူ႔ရဲ႕ ပြဲေတြကို ခ်ဥ္းကပ္တဲ့ ပံုစံက ငါနဲ႔ေတာ့ အံကိုက္ပါပဲ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဇိုဘာဟာ မန္ေနဂ်ာေဟာင္း ဆာရီလက္ထက္မွာ ခ်ယ္ဆီးအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူခဲ့ပါေသးတယ္။ သူဟာ ခ်ယ္ဆီးအတြက္ ယူရိုပါလိဂ္ဖလား အႏုိင္ရဖို႔ တစ္ေထာင့္တစ္ေနရာက ကူညီေပးခဲ့ျပီး မန္ေနဂ်ာလမ္းပတ္ ဝင္ေရာက္လာခ်ိန္မွာေတာ့ အသင္းကေန ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။