ပရီးမီးယားလိဂ်ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်အဖြစ် ညွှန်းခံရတဲ့ ချယ်ဆီးအသင်းသား

ချယ်ဆီးအသင်းမှ လူငယ်ကစားသမား မေဆန်မောင့်ဟာ ပရီးမီးယားလိဂ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ကစားသမား ဖြစ်ကြောင်း အဲဗာတန်ကြယ်ပွင့်ဟောင်း တင်ကာဟေးလ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒါဘီကောင်တီအသင်းမှာ အငှားထွက် ကစားခဲ့ပြီး ဒီရာသီ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ ပါဝင်ပွဲထွက်ခွင့် ရနေပြီ ဖြစ်ပါတယ်။ မောင့်က နည်းပြလမ်းပတ်နဲ့ ဒါဘီအသင်းမှာလည်း ဆုံခဲ့သလို ချယ်ဆီး အသင်းမှာလည်း ဆက်လက် လက်တွဲခွင့် ရနေပါတယ်။

တင်ကာဟေးလ်ကတော့ စကိုင်းစပေါ့ အစီအစဉ်မှာ ဆွေးနွေးရင်း ချယ်ဆီး လူငယ်ကစားသမား မောင့်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမား ဖြစ်တယ်လို့ ယုံကြည်ကြောင်း သုံးသပ် ပြောဆိုခဲ့တာပါ။

” မေဆန်မောင့်ကို ကျနော် တော်တော် သဘောကျပါတယ်။ သူက ထိပ်တန်း ဂိုးသွင်း ရှင် တစ်ဦးလို ဟန် ရှိပြီး ရှေ့ဆက်လည်း အများကြီး အနာဂတ်ကောင်းတွေ ရှိနေတဲ့ ကစားသမား ဖြစ်တယ်။

မောင့်ကို သဘောကျတဲ့ထဲက တစ်ချက်က သူ့နည်းပြ လမ်းပတ်ကြောင့်လည်း ပါတယ်။ သူက လမ်းပတ်နဲ့ ဆင်ဆင် ကစားသမား တစ်ယောက် ဖြစ်အောင် ကြိုးစားနေတယ်။ လမ်းပတ်ကလည်း နည်းမှန် လမ်းမှန် ဖြစ်အောင် သူ့ ကစားသမားကို လမ်းပြပေးနေတယ်။ ဒီရာသီမှာ သူ့ရဲ့ ကြိုးစားမှု အသီးအပွင့် တချို့ မြင်နေရပါပြီ။ ကျနော်ကတော့ မောင့်ရဲ့ ဖန်ပါ။ ” လို့ ကာဟေးလ်က ဆိုခဲ့ပါတယ်။

မေဆန်မောင့်က ဒီရာသီ ချယ်ဆီး အသင်းအတွက် ပွဲ ၄၀ ပါဝင် ကစားထားပြီး ၆ ဂိုး သွင်းကာ ၅ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းမွ လူငယ္ကစားသမား ေမဆန္ေမာင့္ဟာ ပရီးမီးယားလိဂ္မွာ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး လူငယ္ကစားသမား ျဖစ္ေၾကာင္း အဲဗာတန္ၾကယ္ပြင့္ေဟာင္း တင္ကာေဟးလ္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအကယ္ဒမီထြက္ ေမဆန္ေမာင့္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ဒါဘီေကာင္တီအသင္းမွာ အငွားထြက္ ကစားခဲ့ျပီး ဒီရာသီ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ ပါ၀င္ပြဲထြက္ခြင့္ ရေနျပီ ျဖစ္ပါတယ္။ ေမာင့္က နည္းျပလမ္းပတ္နဲ႕ ဒါဘီအသင္းမွာလည္း ဆံုခဲ့သလို ခ်ယ္ဆီး အသင္းမွာလည္း ဆက္လက္ လက္တြဲခြင့္ ရေနပါတယ္။

တင္ကာေဟးလ္ကေတာ့ စကိုင္းစေပါ့ အစီအစဥ္မွာ ေဆြးေႏြးရင္း ခ်ယ္ဆီး လူငယ္ကစားသမား ေမာင့္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး လူငယ္ ကစားသမား ျဖစ္တယ္လို႔ ယံုၾကည္ေၾကာင္း သံုးသပ္ ေျပာဆိုခဲ့တာပါ။

” ေမဆန္ေမာင့္ကို က်ေနာ္ ေတာ္ေတာ္ သေဘာက်ပါတယ္။ သူက ထိပ္တန္း ဂိုးသြင္း ရွင္ တစ္ဦးလို ဟန္ ရွိျပီး ေရွ႕ဆက္လည္း အမ်ားၾကီး အနာဂတ္ေကာင္းေတြ ရွိေနတဲ့ ကစားသမား ျဖစ္တယ္။

ေမာင့္ကို သေဘာက်တဲ့ထဲက တစ္ခ်က္က သူ႔နည္းျပ လမ္းပတ္ေၾကာင့္လည္း ပါတယ္။ သူက လမ္းပတ္နဲ႕ ဆင္ဆင္ ကစားသမား တစ္ေယာက္ ျဖစ္ေအာင္ ၾကိဳးစားေနတယ္။ လမ္းပတ္ကလည္း နည္းမွန္ လမ္းမွန္ ျဖစ္ေအာင္ သူ႔ ကစားသမားကို လမ္းျပေပးေနတယ္။ ဒီရာသီမွာ သူ႔ရဲ႕ ၾကိဳးစားမႈ အသီးအပြင့္ တခ်ိဳ႕ ျမင္ေနရပါျပီ။ က်ေနာ္ကေတာ့ ေမာင့္ရဲ႕ ဖန္ပါ။ ” လို႔ ကာေဟးလ္က ဆိုခဲ့ပါတယ္။

ေမဆန္ေမာင့္က ဒီရာသီ ခ်ယ္ဆီး အသင္းအတြက္ ပြဲ ၄၀ ပါ၀င္ ကစားထားျပီး ၆ ဂိုး သြင္းကာ ၅ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္္ထားပါတယ္။