ကော်တင်ညိုအတွက် ဈေးသတ်မှတ်ပေးလိုက်ပြီ ဖြစ်တဲ့ ဘာစီလိုနာ

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ လီဗာပူး ကစားသမားဟောင်း ဘရာဇီးသား ကွင်းလယ်သမား ဖိလစ်ပီ ကော်တင်ညို အတွက် နွေအပြောင်းအရွှေ့မှာ ရောင်းချမယ့် ဈေးနှုန်း သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာက ကော်တင်ညို အတွက် ယူရို သန်း ၈၀ အလို ရှိနေပြီး ထိုပမာဏ ဝန်းကျင် ရရှိမယ်ဆိုရင် နွေမှာ ရောင်းချသွားတော့မှာပါ။ ၎င်းကို လီဗာပူးအသင်းထံမှ ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ နဲ့ ထပ်ဆောင်းကြေး ယူရို သန်း ၄၀ သုံးကာ ဇန်နဝါရီ ၂၀၁၈ မှာ ခေါ်ယူဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နူးကမ့်မှာ တစ်ရာသီခွဲသာ ကြာခဲ့ကာ ဘိုင်ယန်မြူးနစ်ထံ အငှားချခြင်း ခံခဲ့ရပါတယ်။ ဘိုင်ယန်က ကော်တင်ညိုကို ယူရို သန်း ၁၂၀နဲ့ အပြီးသတ် ဝယ်ယူခွင့် ပါရှိပေမယ့် ဂျာမန်ချန်ပီယံကလပ်အသင်းက အလိုမရှိတာကြောင့် ဘာစီလိုနာအသင်းထံ ပြန်သွားရဖွယ် ရှိပါတယ်။

ကော်တင်ညိုကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ ယူနိုက်တက်တို့ ပါဝင်နေပြီး အသင်းဟောင်း လီဗာပူးနဲ့လည်း သတင်း ထွက်ထားပါတယ်။ ဘာစီလိုနာဘက်ကတော့ ကစားသမားသစ် ဝယ်ယူမှုတွေ ပြုလုပ်လိုတာကြောင့် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ လောက် ရရှိရင်ကိုပဲ ရောင်းချလိုပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ ပြန်ခေါ်ယူလိုတဲ့ ကစားသမားတွေထဲမှာ ထိပ်တန်း ပစ်မှတ်တွေ အဖြစ် အင်တာမီလန် တိုက်စစ်မှူး မာတီနက်ဇ်နဲ့ ပီအက်စ်ဂျီမှ တိုက်စစ်သမား နေမာတို့ ပါဝင်ပါတယ်။ အပြောင်းအရွှေ့စရိတ် အပြင် လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါ အကြပ်အတည်းများကြောင့် ကော်တင်ညိုကတော့ ဘာစီလိုနာမှာ နောက်ထပ် အခွင့်အရေး ရဖို့ နည်းပါးသွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေကတော့ ကော်တင်ညိုဟာ စပါးအသင်းထံ အငှားနဲ့ ရောက်ဖို့ နီးစပ်ခဲ့ပေမယ် ဘိုင်ယန်သို့ ရောက်ရှိခဲ့တာပါ။ ကော်တင်ညို ဟာ ဘာစီလိုနာအသင်း သမိုင်းမှာ ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။

Zawgyi – စပိန္လာလီဂါကလပ္ ဘာစီလိုနာအသင္းဟာ လီဗာပူး ကစားသမားေဟာင္း ဘရာဇီးသား ကြင္းလယ္သမား ဖိလစ္ပီ ေကာ္တင္ညိဳ အတြက္ ေႏြအေျပာင္းအေရႊ႕မွာ ေရာင္းခ်မယ့္ ေစ်းနႈန္း သတ္မွတ္ေပးလိုက္ျပီ ျဖစ္ပါတယ္။

ဘာစီလိုနာက ေကာ္တင္ညိဳ အတြက္ ယူရို သန္း ၈၀ အလို ရွိေနျပီး ထိုပမာဏ ၀န္းက်င္ ရရွိမယ္ဆိုရင္ ေႏြမွာ ေရာင္းခ်သြားေတာ့မွာပါ။ ၄င္းကို လီဗာပူးအသင္းထံမွ ေခၚယူစဥ္က ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၁၂၀ နဲ႕ ထပ္ေဆာင္းေၾကး ယူရို သန္း ၄၀ သံုးကာ ဇန္န၀ါရီ ၂၀၁၈ မွာ ေခၚယူျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ နူးကမ့္မွာ တစ္ရာသီခြဲသာ ၾကာခဲ့ကာ ဘိုင္ယန္ျမဴးနစ္ထံ အငွားခ်ျခင္း ခံခဲ့ရပါတယ္။ ဘုိင္ယန္က ေကာ္တင္ညိဳကို ယူရို သန္း ၁၂၀နဲ႕ အျပီးသတ္ ၀ယ္ယူခြင့္ ပါရွိေပမယ့္ ဂ်ာမန္ခ်န္ပီယံကလပ္အသင္းက အလိုမရွိတာေၾကာင့္ ဘာစီလိုနာအသင္းထံ ျပန္သြားရဖြယ္ ရွိပါတယ္။

ေကာ္တင္ညိဳကို အလိုရွိေနတဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး၊ ယူနိုက္တက္တို႔ ပါ၀င္ေနျပီး အသင္းေဟာင္း လီဗာပူးနဲ႕လည္း သတင္း ထြက္ထားပါတယ္။ ဘာစီလိုနာဘက္ကေတာ့ ကစားသမားသစ္ ၀ယ္ယူမႈေတြ ျပဳလုပ္လိုတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၈၀ ေလာက္ ရရွိရင္ကိုပဲ ေရာင္းခ်လိုျပီ ျဖစ္ပါတယ္။

ဘာစီိလိုနာ ျပန္ေခၚယူလိုတဲ့ ကစားသမားေတြထဲမွာ ထိပ္တန္း ပစ္မွတ္ေတြ အျဖစ္ အင္တာမီလန္ တိုက္စစ္မွဴး မာတီနက္ဇ္နဲ႕ ပီအက္စ္ဂ်ီမွ တိုက္စစ္သမား ေနမာတို႔ ပါ၀င္ပါတယ္။ အေျပာင္းအေရႊ႕စရိတ္ အျပင္ လတ္တေလာ ျဖစ္ပြားေနတဲ့ ကိုဗစ္ေရာဂါ အၾကပ္အတည္းမ်ားေၾကာင့္ ေကာ္တင္ညိဳကေတာ့ ဘာစီလိုနာမွာ ေနာက္ထပ္ အခြင့္အေရး ရဖို႔ နည္းပါးသြားျပီ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ေႏြကေတာ့ ေကာ္တင္ညိဳဟာ စပါးအသင္းထံ အငွားနဲ႕ ေရာက္ဖို႔ နီးစပ္ခဲ့ေပမယ္ ဘိုင္ယန္သို႔ ေရာက္ရွိခဲ့တာပါ။ ေကာ္တင္ညိဳ ဟာ ဘာစီလိုနာအသင္း သမိုင္းမွာ ေစ်းအၾကီးဆံုး ေခၚယူမႈ ျဖစ္ခဲ့ပါတယ္။