အေဗရာဟမ်ကို ဒရော့ဘာ အပါအဝင် ချယ်ဆီးဂန္တဝင်တွေနဲ့ မနှိုင်းကြဖို့ သတိပေး

ချယ်ဆီးအသင်းမှာ ဒီရာသီ ခြေစွမ်းပြ ဂိုးတွေ အဓိက သွင်းယူပေးနေတဲ့ လူငယ်တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကို ချယ်ဆီးအသင်း ဂန္တဝင် တိုက်စစ်သမားတွေ ဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ၊ ဟက်ဆယ်ဘန့်တို့နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ မပြုလုပ်သင့်ကြောင်း ချယ်ဆီး ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဖရန့် ဆင်ကလဲယားက သတိပေးစကား ဆိုလိုက်ပါတယ်။

ချယ်ဆီးအကယ်ဒမီထွက် တိုက်စစ်မှူး ဖြစ်တဲ့ အေဗရာဟမ်က လူငယ်တွေကို အသားပေးနေတဲ့ လမ်းပတ်ရဲ့ အသင်းမှာ အစွမ်းပြလာသူ ဖြစ်ပါတယ်။ ယခင်ဘောလုံးရာသီမှာတော့ ၎င်းက အငှားထွက် ကစားနေခဲ့တာ ဖြစ်ပါတယ်။

အေဗရာဟမ်ရဲ့ သွင်းဂိုးတွေနဲ့ ရဲရင့်မှုကြောင့် ချယ်ဆီးအသင်းဟာ ဝါရင့်တိုက်စစ်မှူး ဂျီရူးကိုတောင် ချန်လှပ်ထားပြီး နေရာပေးခြင်း ခံလာရပါတယ်။ ဒါကြောင့်လည်း ၎င်းကို ချယ်ဆီး တိုက်စစ်မှူးဟောင်းတွေနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဆင်ကလဲယားကတော့ ဒီလို နှိုင်းပြောတာတွေ မလုပ်သင့်ကြောင်း ပြောဆိုခဲ့တာပါ။

” ကျနော်တို့ အေဗရာဟမ်ကို ဒရော့ဘာတို့ ဟက်ဆယ်ဘန့်တို့နဲ့ နှိုင်းယှဉ်ပြောနေတာ မဟုတ်သေးဘူးလို့ ထင်တယ်။ အေဗရာဟမ်က သူ့ကိုယ်သူပဲ အာရုံစိုက်ရမယ်။ အခြား တိုက်စစ်မှူးတွေထက်သာအောင် တိုးတက်အောင် လုပ်ဆောင်စရာတွေ ရှိသေးတယ်။ သူက အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်လာနိုင်ပါတယ်။

ချယ်ဆီးအကယ်ဒမီမှာတည်းက သူ ဘယ်လိုကြိုးစားလာခဲ့တယ်ဆိုတာ ကျနော် မြင်ခဲ့ပြီးသား ဖြစ်တယ်။ ပရီးမီးယားလိဂ်မှာ ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်လာဖို့ စိတ်ပူစရာ မလိုပါဘူး။ ” လို့ ဆင်ကလဲယားက ပြောဆိုခဲ့ပါတယ်။

အေဗရာဟမ်က ဒီရာသီ ခြေစွမ်းတောက်ပမှုကြောင့် ကလပ်အသင်းမှာပါ အဓိက တိုက်စစ်မှူး ဖြစ်လာတာ မဟုတ်ဘဲ အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခြင်း ခံထားရပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းမွာ ဒီရာသီ ေျခစြမ္းျပ ဂိုးေတြ အဓိက သြင္းယူေပးေနတဲ့ လူငယ္တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ကို ခ်ယ္ဆီးအသင္း ဂႏၱ၀င္ တိုက္စစ္သမားေတြ ျဖစ္တဲ့ ဒီဒီယာ ဒေရာ့ဘာ၊ ဟက္ဆယ္ဘန္႔တို႔နဲ႕ နိႈင္းယွဥ္ေျပာဆိုမႈေတြ မျပဳလုပ္သင့္ေၾကာင္း ခ်ယ္ဆီး ကစားသမားေဟာင္း တစ္ဦး ျဖစ္တဲ့ ဖရန္႔ ဆင္ကလဲယားက သတိေပးစကား ဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအကယ္ဒမီထြက္ တိုက္စစ္မွဴး ျဖစ္တဲ့ ေအဗရာဟမ္က လူငယ္ေတြကို အသားေပးေနတဲ့ လမ္းပတ္ရဲ႕ အသင္းမွာ အစြမ္းျပလာသူ ျဖစ္ပါတယ္။ ယခင္ေဘာလံုးရာသီမွာေတာ့ ၄င္းက အငွားထြက္ ကစားေနခဲ့တာ ျဖစ္ပါတယ္။

ေအဗရာဟမ္ရဲ႕ သြင္းဂိုးေတြနဲ႕ ရဲရင့္မႈေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ၀ါရင့္တိုက္စစ္မွဴး ဂ်ီရူးကိုေတာင္ ခ်န္လွပ္ထားျပီး ေနရာေပးျခင္း ခံလာရပါတယ္။ ဒါေၾကာင့္လည္း ၄င္းကို ခ်ယ္ဆီး တိုက္စစ္မွဴးေဟာင္းေတြနဲ႕ နိႈင္းယွဥ္ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။ ဆင္ကလဲယားကေတာ့ ဒီလို နိႈင္းေျပာတာေတြ မလုပ္သင့္ေၾကာင္း ေျပာဆိုခဲ့တာပါ။

” က်ေနာ္တို႔ ေအဗရာဟမ္ကို ဒေရာ့ဘာတို႔ ဟက္ဆယ္ဘန္႔တို႔နဲ႕ နိႈင္းယွဥ္ေျပာေနတာ မဟုတ္ေသးဘူးလို႔ ထင္တယ္။ ေအဗရာဟမ္က သူ႔ကိုယ္သူပဲ အာရံုစိုက္ရမယ္။ အျခား တိုက္စစ္မွဴးေတြထက္သာေအာင္ တိုးတက္ေအာင္ လုပ္ေဆာင္စရာေတြ ရွိေသးတယ္။ သူက အေကာင္းဆံုး တိုက္စစ္မွဴး တစ္ဦး ျဖစ္လာနုိင္ပါတယ္။

ခ်ယ္ဆီးအကယ္ဒမီမွာတည္းက သူ ဘယ္လိုၾကိဳးစားလာခဲ့တယ္ဆိုတာ က်ေနာ္ ျမင္ခဲ့ျပီးသား ျဖစ္တယ္။ ပရီးမီးယားလိဂ္မွာ ၾကယ္ပြင့္ ကစားသမား တစ္ဦး ျဖစ္လာဖို႔ စိတ္ပူစရာ မလိုပါဘူး။ ” လို႔ ဆင္ကလဲယားက ေျပာဆိုခဲ့ပါတယ္။

ေအဗရာဟမ္က ဒီရာသီ ေျခစြမ္းေတာက္ပမႈေၾကာင့္ ကလပ္အသင္းမွာပါ အဓိက တုိက္စစ္မွဴး ျဖစ္လာတာ မဟုတ္ဘဲ အဂၤလန္ လက္ေရြးစင္ အသင္းမွာပါ ေရြးခ်ယ္ျခင္း ခံထားရပါတယ္။