ချယ်ဆီး တိုက်စစ်မှူး ဂျီရူးနဲ့ ပတ်သတ်ပြီး အင်တာမီလန်ဘက်က ဝန်ခံမှု ပြုလုပ်လာ

ချယ်ဆီးအသင်း တိုက်စစ်မှူး ဂျီရူးကို ခေါ်ယူဖို့ ဒီတလော အပြောင်းအရွှေ့မှာ သိသိသာသာ ကြိုးပမ်းနေခဲ့တဲ့ အင်တာမီလန်အသင်းက လာမယ့်နွေမှာတော့ ခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင့် ထုတ်ဖေ်ာ ဝန်ခံမှု ပြုလုပ်လာခဲ့ပါတယ်။

အင်တာမီလန် နည်းပြ ကွန်တီက ဂျီရူးကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပြီး ကစားသမား ကိုယ်တိုင်ကလည်း ပုံမှန် ပွဲ ကစားခွင့် အတွက် အသင်း ပြောင်းလိုခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ချယ်ဆီးအသင်းက ကစားသမားသစ်များ မခေါ်ယူနိုင်ခဲ့တာကြောင့် ဂျီရူးကိုလည်း ထွက်ခွာခွင့် မပေးခဲ့ဘဲ ဆက်လက် ထိန်းထားခဲ့ပါတယ်။

ဒါပေမယ့် အင်တာမီလန် တာဝန်ရှိသူ တစ်ဦးကတော့ လာမယ့် အပြောင်းအရွှေ့မှာလည်း ခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင်း အီတလီ သတင်းဌာနတစ်ခုမှာ ဖွင့်ဟသွားခဲ့ပြီလို့ သိရပါတယ်။

” ဂျီရူးကို ခေါ်ယူဖို့က မဖြစ်နိုင်တော့ပါဘူး။ အဓိက ကတော့ ချယ်ဆီးအသင်းက ဂျီရူးနေရာ အစားထိုးနိုင်မယ့် ကစားသမား ရှာမတွေ့သေး တာကြောင့်ပါ။ ဒီတော့ အင်တာမီလန် အနေနဲ့ တခြား ကစားသမား တစ်ဦးဦး ရှာဖွေရတော့မယ်။ ” လို့ အင်တာဘက်က တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်း အခက်အခဲ အပြင် ကစားသမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားရင်း ပြင်သစ် လက်ရွေးစင် အသင်းမှာ ကစားခွင့် ရဖို့ ကြိုးစားသွားလိုနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း တိုက္စစ္မွဴး ဂ်ီရူးကို ေခၚယူဖို႔ ဒီတေလာ အေျပာင္းအေရႊ႕မွာ သိသိသာသာ ၾကိဳးပမ္းေနခဲ့တဲ့ အင္တာမီလန္ အသင္းက လာမယ့္ေႏြမွာေတာ့ ေခၚယူဖို႔ မျဖစ္နုိင္ေတာ့ေၾကာင့္ ထုတ္ေဖ္ာ ၀န္ခံမႈ ျပဳလုပ္လာခဲ့ပါတယ္။

အင္တာမီလန္ နည္းျပ ကြန္တီက ဂ်ီရူးကို ေခၚယူဖို႔ စိတ္အားထက္သန္ခဲ့ျပီး ကစားသမား ကိုယ္တိုင္ကလည္း ပံုမွန္ ပြဲ ကစားခြင့္ အတြက္ အသင္း ေျပာင္းလိုခဲ့ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ ခ်ယ္ဆီးအသင္းက ကစားသမားသစ္မ်ား မေခၚယူနုိင္ခဲ့တာေၾကာင့္ ဂ်ီရူးကိုလည္း ထြက္ခြာခြင့္ မေပးခဲ့ဘဲ ဆက္လက္ ထိန္းထားခဲ့ပါတယ္။

ဒါေပမယ့္ အင္တာမီလန္ တာ၀န္ရွိသူ တစ္ဦးကေတာ့ လာမယ့္ အေျပာင္းအေရႊ႕မွာလည္း ေခၚယူဖို႔ မျဖစ္နုိင္ေတာ့ေၾကာင္း အီတလီ သတင္းဌာနတစ္ခုမွာ ဖြင့္ဟသြားခဲ့ျပီလို႔ သိရပါတယ္။

” ဂ်ီရူးကို ေခၚယူဖို႔က မျဖစ္နုိင္ေတာ့ပါဘူး။ အဓိက ကေတာ့ ခ်ယ္ဆီးအသင္းက ဂ်ီရူးေနရာ အစားထိုးနုိင္မယ့္ ကစားသမား ရွာမေတြ႔ေသး တာေၾကာင့္ပါ။ ဒီေတာ့ အင္တာမီလန္ အေနနဲ႕ တျခား ကစားသမား တစ္ဦးဦး ရွာေဖြရေတာ့မယ္။ ” လို႔ အင္တာဘက္က တာ၀န္ရွိသူ တစ္ဦးက ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးအသင္း အခက္အခဲ အျပင္ ကစားသမား ကိုယ္တိုင္ကလည္း ပရီးမီးယားလိဂ္မွာပဲ ဆက္ကစားရင္း ျပင္သစ္ လက္ေရြးစင္ အသင္းမွာ ကစားခြင့္ ရဖို႔ ၾကိဳးစားသြားလိုေနပါတယ္။