ချယ်ဆီးအတွက် လမ်းပတ် ဖြည့်ဆည်းဖို့ လိုအပ်နေတဲ့ နေရာများအား သတိပေးမှု ထွက်ပေါ်

လာမယ့်ရာသီ ချယ်ဆီးအသင်းအတွက် အဓိက ဖြည့်ဆည်းရမယ့် နေရာများနဲ့ ပတ်သတ်ပြီး ချယ်ဆီး ခံစစ်မှူးဟောင်း ဖရန့် ဆင်ကလဲယားက လက်ရှိနည်းပြ လမ်းပတ်အား သတိပေးထောက်ပြမှုတွေ ပြုလုပ်သွားပါတယ်။

လမ်းပတ်ဟာ အခက်အခဲတွေ ရှိနေသည့်တိုင် သူ့ရဲ့ ချယ်ဆီးနဲ့ ပွဲဦးထွက် ရာသီမှာ လုံလောက်ကောင်းမွန်တဲ့ အနေအထား တစ်ခု ထိ စွမ်းဆောင် ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်နိုင်ခဲ့သည့်တိုင် နွေအတွက် အေဂျက်မှ ဇီယက်ကိုလည်း ကြိုတင် ခေါ်ယူထားနိုင်ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ နောက်ထပ် ဦးစားပေး ပစ်မှတ် အဖြစ် ဆန်ချို ရှိနေသေးပြီး ဆင်ကလဲယားကတော့ ချယ်ဆီးအသင်း အဓိက အင်အားဖြည့်ရမယ့် နေရာ နှစ်ခု ရှိသေးကြောင်း သတိပေး ပြောဆိုလာခဲ့ပါတယ်။

” ချယ်ဆီးအသင်း လူစာရင်းမှာ သိသိသာသာ တိုးတက်ဖို့ လိုနေတာက နှစ်နေရာ ရှိပါတယ်။ ဘယ်စွန် ခံစစ်နဲ့ အထောင် တိုက်စစ်ပါ။ ဒီရာသီ လက်ရှိ ဘယ်စွန် နှစ်ဦး ဖြစ်တဲ့ အီမာဆန်နဲ့ အလွန်ဆိုတို့က ဒီရာသီမှာ သိပ် အလုပ် မဖြစ်ခဲ့ဘူး။ တည်ငြိမ်မှုလည်း မရှိခဲ့ဘူး။

ချယ်ဆီးက ဘန်ချေးဝဲလ်ကို ခေါ်ချင်တဲ့ သတင်းတွေတော့ ထွက်နေတယ်။ တကယ်လို့ လွန်ခဲ့တဲ့ ၆ လ လောက်က မေးတယ်ဆို သူက ချယ်ဆီးအတွက် ပြည့်စုံတဲ့သူလို့ ကျနော် ဖြေမှာပါ ဒါပေမယ့် ရာသီ နှောင်းပိုင်း အနေအထားအရတော့ မေးခွန်းထုတ်ချင်စရာပဲ။ ဒါပေမယ့် တစ်ခု သတိထားရမှာက လက်စတာမှာ ကစားရတာနဲ့ ချယ်ဆီးမှာ ကစားရတာက အကြီးအကျယ် ခြားနားပါတယ်။

ချယ်ဆီးမှာကအပတ်တိုင်း ပွဲတိုင်းနိုင်ဖို့ မျှော်လင့်ခံရမယ်။ ဆုဖလားတွေ ပြည်တွင်းမှာရော ဥရောပပြိုင်ပွဲတွေမှာ ဆွတ်ခူးဖို့ ကြိုးစားရမှာတွေ ရှိတယ်။ ” လို့ ဆင်ကလဲယားက ဆိုပါတယ်။

တိုက်စစ်မှာလည်း အေဗရာဟမ်ကိုတင် အားကိုးလို့ မရဘဲ အထောင်တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ လိုအပ်ကြောင်း ဆင်ကလဲယားက လမ်းပတ်အား သတိပေးစကား ဆိုခဲ့ပါတယ်။

Zawgyi – လာမယ့္ရာသီ ခ်ယ္ဆီးအသင္းအတြက္ အဓိက ျဖည့္ဆည္းရမယ့္ ေနရာမ်ားနဲ႕ ပတ္သတ္ျပီး ခ်ယ္ဆီး ခံစစ္မွဴးေဟာင္း ဖရန္႔ ဆင္ကလဲယားက လက္ရွိနည္းျပ လမ္းပတ္အား သတိေပးေထာက္ျပမႈေတြ ျပဳလုပ္သြားပါတယ္။

လမ္းပတ္ဟာ အခက္အခဲေတြ ရွိေနသည့္တိုင္ သူ႔ရဲ႕ ခ်ယ္ဆီးနဲ႕ ပြဲဦးထြက္ ရာသီမွာ လံုေလာက္ေကာင္းမြန္တဲ့ အေနအထား တစ္ခု ထိ စြမ္းေဆာင္ ျပထားပါတယ္။ ျပီးခဲ့တဲ့ ဇန္န၀ါရီက ကစားသမားသစ္ ေခၚယူမႈ မျပဳလုပ္နုိင္ခဲ့သည့္တိုင္ ေႏြအတြက္ ေအဂ်က္မွ ဇီယက္ကိုလည္း ၾကိဳတင္ ေခၚယူထားနုိင္ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ထပ္ ဦးစားေပး ပစ္မွတ္ အျဖစ္ ဆန္ခ်ိဳ ရွိေနေသးျပီး ဆင္ကလဲယားကေတာ့ ခ်ယ္ဆီးအသင္း အဓိက အင္အားျဖည့္ရမယ့္ ေနရာ နွစ္ခု ရွိေသးေၾကာင္း သတိေပး ေျပာဆိုလာခဲ့ပါတယ္။

” ခ်ယ္ဆီးအသင္း လူစာရင္းမွာ သိသိသာသာ တိုးတက္ဖို႔ လိုေနတာက နွစ္ေနရာ ရွိပါတယ္။ ဘယ္စြန္ ခံစစ္နဲ႕ အေထာင္ တိုက္စစ္ပါ။ ဒီရာသီ လက္ရွိ ဘယ္စြန္ နွစ္ဦး ျဖစ္တဲ့ အီမာဆန္နဲ႕ အလြန္ဆိုတို႔က ဒီရာသီမွာ သိပ္ အလုပ္ မျဖစ္ခဲ့ဘူး။ တည္ျငိမ္မႈလည္း မရွိခဲ့ဘူး။

ခ်ယ္ဆီးက ဘန္ေခ်း၀ဲလ္ကို ေခၚခ်င္တဲ့ သတင္းေတြေတာ့ ထြက္ေနတယ္။ တကယ္လို႔ လြန္ခဲ့တဲ့ ၆ လ ေလာက္က ေမးတယ္ဆို သူက ခ်ယ္ဆီးအတြက္ ျပည့္စံုတဲ့သူလို႔ က်ေနာ္ ေျဖမွာပါ ဒါေပမယ့္ ရာသီ ေနွာင္းပိုင္း အေနအထားအရေတာ့ ေမးခြန္းထုတ္ခ်င္စရာပဲ။ ဒါေပမယ့္ တစ္ခု သတိထားရမွာက လက္စတာမွာ ကစားရတာနဲ႕ ခ်ယ္ဆီးမွာ ကစားရတာက အၾကီးအက်ယ္ ျခားနားပါတယ္။

ခ်ယ္ဆီးမွာကအပတ္တိုင္း ပြဲတိုင္းနုိင္ဖို႔ ေမွ်ာ္လင့္ခံရမယ္။ ဆုဖလားေတြ ျပည္တြင္းမွာေရာ ဥေရာပျပိဳင္ပြဲေတြမွာ ဆြတ္ခူးဖို႔ ၾကိဳးစားရမွာေတြ ရွိတယ္။ ” လုိ႔ ဆင္ကလဲယားက ဆိုပါတယ္။

တိုက္စစ္မွာလည္း ေအဗရာဟမ္ကိုတင္ အားကိုးလို႔ မရဘဲ အေထာင္တိုက္စစ္မွဴး တစ္ဦး ထပ္မံ ေခၚယူဖို႔ လိုအပ္ေၾကာင္း ဆင္ကလဲယားက လမ္းပတ္အား သတိေပးစကား ဆိုခဲ့ပါတယ္။