သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ယူနိုက်တက် ခေါ်ယူထားခဲ့တဲ့ ကွင်းလယ် တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမား တန်ကြေးတွေက ကြောက်ခမန်းလိလိ ဖြစ်နေကြောင်း ဝန်ခံ လိုက်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးအပေါ်မှာတော့ စိတ်ဖိစီးမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ကစားသမားဟာ ယူနိုက်တက်ထံ ပေါင် ၄၆.၅ သန်းနဲ့ ပြောင်းရွှေ့ ဖြစ်ခဲ့တာ ဖြစ်ပြီး ၅နှစ်ခွဲ စာချုပ် ချုပ်ဆိုကာ တစ်နှစ် သက်တမ်း ထပ်တိုးခွင့်ပါ ပါရှိပါတယ်။ အသက် ၂၅ နှစ် အရွယ် ကွင်းလယ်သမားဟာ အသင်းသစ်မှာ အချိန်မယူလိုက်ရဘဲ လျင်လျင်မြန်မြန်ပဲ အခြေကျခဲ့ကာ ခြေစွမ်းပြနေပြီ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေးက ထပ်တိုး ပေးဆောင်ရမှာတွေကိုပါ ထည့်ပေါင်းရင် ပေါင် သန်း ၇၀ လောက်ထိ တန်းကြေး ရှိသွားမှာ ဖြစ်ပါတယ်။ ၎င်းကတော့ ထိုတန်ဖိုးအပေါ် ဖိစီးမှု ရှိမနေဘဲ ထိုက်တန်တဲ့ ခြေစွမ်းတွေ ပြသနိုင်မယ် ယုံကြည်မှု ရှိထားပါတယ်။

” လောလောဆယ် အပြောင်းအရွှေ့ ဈေးကွက်က သိတဲ့အတိုင်း ကြောက်ခမန်းလိလိပါ။ ကျနော့် အသင်းဖော် အချို့နဲ့ ဒီအကြောင်း ပြောဖစ်တယ်။ ယူနိုက်တက်ရဲ့ စူပါအသင်းတို့ ဂရိတ် ရီးရဲလ်မက်ဒရစ်အသင်းသားတွေတို့ကို ပြန်တွေးကြည့်ရအောင်။ (ကျနော့် အတွက် သုံးခဲ့တဲ့) ပြောင်းရွှေ့ကြေးနဲ့ဆို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘလွန်းဒီအော ဆုရှင် ကစားသမားကိုပါ ဝယ်လို့ ရလောက်တယ်။

လက်ရှိ ဘောလုံးလောက အခြေအနေနဲ့ အရင်နေ့ရက်တွေက နှိုင်းယှဉ်ဖို့ ခက်သွားပါပြီ။ ကိန်းဂဏန်းတွေဆိုတာက ကိန်းဂဏန်းချည်း သက်သက်ပါပဲ။ သူတို့ ကျနော့် အတွက် ဘယ်လောက် ပေးခဲ့ရသည် ဖြစ်စေ ပေါင် သန်းပေါင်းများစွာ ဖြစ်နေပါစေ ကျနော့် အနေနဲ့က ပေးနိုင်သလောက် အစွမ်းကုန် ပေးဆပ် ကစားသွားဖို့ပဲ ဖြစ်တယ်။ ဒါက သန်းချီနေတဲ့ ကိန်းဂဏန်းတွေကြောင့် မဟုတ်ပါဘူး။ ကျနော့် အနေနဲ့ လုပ်ကို လုပ်ရမှာပါ။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ ယူနိုက္တက္ ေခၚယူထားခဲ့တဲ့ ကြင္းလယ္ တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က အေျပာင္းအေရႊ႕ ေစ်းကြက္မွာ ကစားသမား တန္ေၾကးေတြက ေၾကာက္ခမန္းလိလိ ျဖစ္ေနေၾကာင္း ၀န္ခံ လိုက္ျပီး သူ႔ရဲ႕ ေျပာင္းေရႊ႕ေၾကးအေပၚမွာေတာ့ စိတ္ဖိစီးမႈ မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေပၚတူဂီလက္ေရြးစင္ ကစားသမားဟာ ယူနိုက္တက္ထံ ေပါင္ ၄၆.၅ သန္းနဲ႕ ေျပာင္းေရႊ႕ ျဖစ္ခဲ့တာ ျဖစ္ျပီး ၅နွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုကာ တစ္နွစ္ သက္တမ္း ထပ္တိုးခြင့္ပါ ပါရွိပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ကြင္းလယ္သမားဟာ အသင္းသစ္မွာ အခ်ိန္မယူလိုက္ရဘဲ လ်င္လ်င္ျမန္ျမန္ပဲ အေျခက်ခဲ့ကာ ေျခစြမ္းျပေနျပီ ျဖစ္ပါတယ္။

ဖာနန္ဒက္စ္အတြက္ ေျပာင္းေရႊ႕ေၾကးက ထပ္တိုး ေပးေဆာင္ရမွာေတြကိုပါ ထည့္ေပါင္းရင္ ေပါင္ သန္း ၇၀ ေလာက္ထိ တန္းေၾကး ရွိသြားမွာ ျဖစ္ပါတယ္။ ၄င္းကေတာ့ ထိုတန္ဖိုးအေပၚ ဖိစီးမႈ ရွိမေနဘဲ ထိုက္တန္တဲ့ ေျခစြမ္းေတြ ျပသနိုင္မယ္ ယံုၾကည္မႈ ရွိထားပါတယ္။

” ေလာေလာဆယ္ အေျပာင္းအေရႊ႕ ေစ်းကြက္က သိတဲ့အတိုင္း ေၾကာက္ခမန္းလိလိပါ။ က်ေနာ့္ အသင္းေဖာ္ အခ်ိဳ႕နဲ႕ ဒီအေၾကာင္း ေျပာဖစ္တယ္။ ယူနိုက္တက္ရဲ႕ စူပါအသင္းတို႔ ဂရိတ္ ရီးရဲလ္မက္ဒရစ္အသင္းသားေတြတို႔ကို ျပန္ေတြးၾကည့္ရေအာင္။ (က်ေနာ့္ အတြက္ သံုးခဲ့တဲ့) ေျပာင္းေရႊ႕ေၾကးနဲ႕ဆို လြန္ခဲ့တဲ့ နွစ္အနည္းငယ္က ဘလြန္းဒီေအာ ဆုရွင္ ကစားသမားကိုပါ ၀ယ္္လို႔ ရေလာက္တယ္။

လက္ရွိ ေဘာလံုးေလာက အေျခအေနနဲ႕ အရင္ေန႔ရက္ေတြက နိႈင္းယွဥ္ဖို႔ ခက္သြားပါျပီ။ ကိန္းဂဏန္းေတြဆိုတာက ကိန္းဂဏန္းခ်ည္း သက္သက္ပါပဲ။ သူတို႔ က်ေနာ့္ အတြက္ ဘယ္ေလာက္ ေပးခဲ့ရသည္ ျဖစ္ေစ ေပါင္ သန္းေပါင္းမ်ားစြာ ျဖစ္ေနပါေစ က်ေနာ့္ အေနနဲ႕က ေပးနုိင္သေလာက္ အစြမ္းကုန္ ေပးဆပ္ ကစားသြားဖို႔ပဲ ျဖစ္တယ္။ ဒါက သန္းခ်ီေနတဲ့ ကိန္းဂဏန္းေတြေၾကာင့္ မဟုတ္ပါဘူး။ က်ေနာ့္ အေနနဲ႕ လုပ္ကို လုပ္ရမွာပါ။ ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။