လီဗာပူးနဲ့ အူဘာမီယန် ပေါင်းစပ်မှုကို ငြင်းဆန်လိုက်တဲ့ တိုက်စစ်မှူးဟောင်း ဟက်စကီး

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဟက်စကီးက အာဆင်နယ်ကနေ ထွက်ခွာမယ် သတင်းကြီးနေတဲ့ အူဘာမီယန်က လီဗာပူးအသင်းမှာ အံဝင်မလားဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေဆိုမှု လုပ်ခဲ့တယ်။

လီဗာပူးဟာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့အပြင် တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ရည်ရွယ်နေတာဖြစ်တယ်။ ဒေါ့မွန်မှာ ကလော့ပ်နဲ့ လက်တွဲဖူးတဲ့ အူဘာမီယန်က လီဗာပူးမှာ အဆင်ပြေနိုင်မလားဆိုတဲ့ အမေးကိုတော့ ဟက်စကီးက သူကတော့ မထင်ပါဘူးလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

ဟက်စကီးကပဲ ” သူ့ရဲ့ အချက်အလက်တွေက အရမ်းကို အံ့အားသင့်ဖို့တောင် ကောင်းပါတယ်။ သူက ဂိုးသွင်းနိုင်စွမ်း ရှိသူဆိုတာကို အချိန်တိုင်း သက်သေပြနေခဲ့သူဖြစ်ပါတယ်။ သူက အာဆင်နယ်အတွက် ကစားနေတာဖြစ်ပြီး သူ့အသင်းက လိဂ်မှာ အရမ်းကောင်းတဲ့ အဆင့်တွေမှာ ရှိမနေပါဘူး။

အူဘာမီယန်က အပတ်တိုင်း ပါဝင်ကစားနေပြီး အပတ်တိုင်း ဂိုးတွေသွင်းနေတဲ့ ကစားသမားပါ။ သူက ပရီးမီးယားလိဂ် ရွှေဖိနပ်အတွက် စိတ်ခေါ်နေတဲ့ ကစားသမားဖြစ်ပါတယ်။ အူဘာမီယန်က မစ္စတာ တည်ငြိမ်သူလို့လည်း ကျနော် မြင်ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းရဲ့ နည်းစနစ်မှာ အူဘာမီယန် အံဝင်မလားလို့ မေးလာခဲ့ရင် ကျနော်ကတော့ အံဝင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သူက လီဗာပူးအတွက် သင့်လျော်မယ့် တိုက်စစ်သမားလို့ ကျနော် မထင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် လန်ဒန်ကလပ်ရဲ့ အဓိက တိုက်စစ်သမား ဖြစ်လာခဲ့ပြီး စာချုပ်သစ်ကိစ္စ သဘောတူညီမှုမရသေးပဲ နွေမှာ ထွက်ခွာမယ်လို့ သတင်းကြီးနေတာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ဟက္စကီးက အာဆင္နယ္ကေန ထြက္ခြာမယ္ သတင္းၾကီးေနတဲ့ အူဘာမီယန္က လီဗာပူးအသင္းမွာ အံဝင္မလားဆိုတဲ့ ေမးခြန္းကို ျပန္လည္ ေျဖဆိုမႈ လုပ္ခဲ့တယ္။

လီဗာပူးဟာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔အျပင္ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔ ရည္ရြယ္ေနတာျဖစ္တယ္။ ေဒါ့မြန္မွာ ကေလာ့ပ္နဲ႔ လက္တြဲဖူးတဲ့ အူဘာမီယန္က လီဗာပူးမွာ အဆင္ေျပႏုိင္မလားဆိုတဲ့ အေမးကိုေတာ့ ဟက္စကီးက သူကေတာ့ မထင္ပါဘူးလို႔ ဆိုလိုက္တာ ျဖစ္ပါတယ္။

ဟက္စကီးကပဲ ” သူ႔ရဲ႕ အခ်က္အလက္ေတြက အရမ္းကို အံ့အားသင့္ဖို႔ေတာင္ ေကာင္းပါတယ္။ သူက ဂိုးသြင္းႏုိင္စြမ္း ရွိသူဆိုတာကို အခ်ိန္တိုင္း သက္ေသျပေနခဲ့သူျဖစ္ပါတယ္။ သူက အာဆင္နယ္အတြက္ ကစားေနတာျဖစ္ျပီး သူ႔အသင္းက လိဂ္မွာ အရမ္းေကာင္းတဲ့ အဆင့္ေတြမွာ ရွိမေနပါဘူး။

အူဘာမီယန္က အပတ္တိုင္း ပါဝင္ကစားေနျပီး အပတ္တိုင္း ဂိုးေတြသြင္းေနတဲ့ ကစားသမားပါ။ သူက ပရီးမီးယားလိဂ္ ေရႊဖိနပ္အတြက္ စိတ္ေခၚေနတဲ့ ကစားသမားျဖစ္ပါတယ္။ အူဘာမီယန္က မစၥတာ တည္ျငိမ္သူလို႔လည္း က်ေနာ္ ျမင္ပါတယ္။

ဒါေပမယ့္ လီဗာပူးအသင္းရဲ႕ နည္းစနစ္မွာ အူဘာမီယန္ အံဝင္မလားလို႔ ေမးလာခဲ့ရင္ က်ေနာ္ကေတာ့ အံဝင္မွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။ သူက လီဗာပူးအတြက္ သင့္ေလ်ာ္မယ့္ တိုက္စစ္သမားလို႔ က်ေနာ္ မထင္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္ဟာ အာဆင္နယ္ကို ေျပာင္းေရႊ႔ခဲ့ျပီးေနာက္ လန္ဒန္ကလပ္ရဲ႕ အဓိက တိုက္စစ္သမား ျဖစ္လာခဲ့ျပီး စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈမရေသးပဲ ေႏြမွာ ထြက္ခြာမယ္လို႔ သတင္းၾကီးေနတာ ျဖစ္ပါတယ္။