လူမသိ သူမသိ လှူခဲ့ပေမယ့် ထုတ်ဖော်ချီးကျူးခံခဲ့ရတဲ့ ယူနိုက်တက် ဂိုးသမား ဒီဂီယာ

မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒီဂီယာက မက်ဒရစ်က ကျန်းမာရေး အဖွဲ့အစည်းထံ ကိုဗစ် တိုက်ဖျက်ရေး အစီအစဉ်တွေ အတွက် ယူရို ၃ သိန်း အမည်မဖော်ဘဲ လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

စပိန်နိုင်ငံ မြို့တော့ မက်ဒရစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်နေတဲ့ နေရာ ဖြစ်ပြီး လူနာတွေ အများအပြား ရောဂါ ကူးစက် ခံစားနေရပြီ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ နေရာမှာ သုံးစွဲဖို့ ဒီဂီယာက လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာက အမည်မဖော်ဘဲ လှူခဲ့ပေမယ့် အဖွဲ့အစည်း တာဝန်ရှိသူတွေနဲ့ စပိန်သတင်း မာကာ ဖော်ထုတ်မှု အရ ဒီဂီယာရဲ့ လှူဒါန်းမှုကို သိရှိခဲ့ကြရတာပါ။ စပိန်သားဟာ ဒီလိုလှူခဲ့တာ ပထမဆုံး အကြိမ် မဟုတ်ဘဲ ယခင်ကလည်း အမည်မဖော်ဘဲ ကျန်းမာရေးအဖွဲ့အစည်းကို ယူရို ၂ သိန်း လှူခဲ့ဖူးပါတယ်။

အသက် ၂၉ နှစ် အရွယ် စပိန်သား ဂိုးသမားဟာ လူမှုရေး အသင်းအဖွဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်နေကျဖြစ်ပြီး ယူနိုက်တက် ဖောင်ဒေးရှင်းက လုပ်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပုံမှန် ပါဝင်သူ ဖြစ်ပါတယ်။

ဒီဂီယာရဲ့ လှူဒါန်းမှု အပေါ် မက်ဒရစ် မြို့သားတွေနဲ့ စပိန်သားတွေက ကျေးဇူူးတင်နေကြပြီး တွစ်တာကနေ ချီးကျူး ကျေးဇူးတင်စကားများ ဆက်တိုက် ပြောဆိုနေကြပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ ဂိုးသမား ဒီဂီယာက မက္ဒရစ္က က်န္းမာေရး အဖြဲ႕အစည္းထံ ကိုဗစ္ တိုက္ဖ်က္ေရး အစီအစဥ္ေတြ အတြက္ ယူရို ၃ သိန္း အမည္မေဖာ္ဘဲ လွဴဒါန္းမႈ ျပဳလုပ္ခဲ့ပါတယ္။

စပိန္နုိင္ငံ ျမိဳ႕ေတာ့ မက္ဒရစ္ဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျပင္းထန္ေနတဲ့ ေနရာ ျဖစ္ျပီး လူနာေတြ အမ်ားအျပား ေရာဂါ ကူးစက္ ခံစားေနရျပီ ျဖစ္ပါတယ္။ ဒီအတြက္ လိုအပ္တဲ့ ေနရာမွာ သံုးစြဲဖို႔ ဒီဂီယာက လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။

ဒီဂီယာက အမည္မေဖာ္ဘဲ လွဴခဲ့ေပမယ့္ အဖြဲ႕အစည္း တာ၀န္ရွိသူေတြနဲ႕ စပိန္သတင္း မာကာ ေဖာ္ထုတ္မႈ အရ ဒီဂီယာရဲ႕ လွဴဒါန္းမႈကို သိရွိခဲ့ၾကရတာပါ။ စပိန္သားဟာ ဒီလိုလွဴခဲ့တာ ပထမဆံုး အၾကိမ္ မဟုတ္ဘဲ ယခင္ကလည္း အမည္မေဖာ္ဘဲ က်န္းမာေရးအဖြဲ႕အစည္းကို ယူရို ၂ သိန္း လွဴခဲ့ဖူးပါတယ္။

အသက္ ၂၉ နွစ္ အရြယ္ စပိန္သား ဂိုးသမားဟာ လူမႈေရး အသင္းအဖြဲ႕ လႈပ္ရွားမႈေတြမွာလည္း ပါ၀င္ေနက်ျဖစ္ျပီး ယူနုိက္တက္ ေဖာင္ေဒးရွင္းက လုပ္တဲ့ လႈပ္ရွားမႈေတြမွာလည္း ပံုမွန္ ပါ၀င္သူ ျဖစ္ပါတယ္။

ဒီဂီယာရဲ႕ လွဴဒါန္းမႈ အေပၚ မက္ဒရစ္ ျမိဳ႕သားေတြနဲ႕ စပိန္သားေတြက ေက်းဇူူးတင္ေနၾကျပီး တြစ္တာကေန ခ်ီးက်ဴး ေက်းဇူးတင္စကားမ်ား ဆက္တိုက္ ေျပာဆိုေနၾကပါတယ္။