သတင်းမှားတွေနဲ့ ပတ်သတ်ပြီး တုန့်ပြန်လိုက်တဲ့ ချယ်ဆီးခံစစ်မှူး အီမာဆန်

ချယ်ဆီး ခံစစ်မှူး အီမာဆန်ကတော့ အသင်းမှာ ၎င်းက အခြေမကျ ဖြစ်နေပြီး မပျော်ရွှင်နေဘူးဆိုတဲ့ သတင်းများဟာ မှားယွင်းကြောင်း တုန့်ပြန် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ အီမာဆန်က ဆိုရှယ်မီဒီယာ အကောင့်ကနေ တဆင့် ပြောဆိုလာခဲ့ခြင်း ဖြစ်ပါတယ်။

အင်္ဂလန် မီဒီယာတွေက သတင်းမှားတွေကို ဖြန့်ဝေနေတာပဲလို့ အီမာဆန်က စွပ်စွဲမှုလည်း ပြုလုပ်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ အီမာဆန်ကို ၂၀၁၈ ဇန်နဝါရီမှာ ရိုးမားအသင်းထံကနေ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အီတလီသားဟာ ထိုတည်းက စလို့ ချယ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ပါဝင် ကစားထားပါတယ်။

ဒါပေမယ့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာ အီမာဆန်က ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲသာ ပါဝင်ကစား ထားရပါတယ်။ အီမာဆန်က လက်ရှိစာချုပ်မှာ ၂ နှစ် ကျန်ရှိသေးပေမယ့် စတန်းဖို့ ဘရစ်ချ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်လာတဲ့ အသင်းတွေ ရှိနေပါတယ်။

ဒီတလော သီတင်းပတ်များမှာ အီမာဆန်က ချယ်ဆီးမှာ မပျော်ရွှင်တော့ဘူး ဖြစ်နေပြီ သတင်းများ ကျယ်ပြန့်လာခဲ့ပြီး ကစားသမားကတော့ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

” တစ်ကမ္ဘာလုံးက လောလောဆယ် တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့် ကြုံတွေ့နေရတာပါ။ ဒါပေမယ့် ဒီလိုချိန်မှာတောင် သတင်းမှားတွေ ဖြန့်ချင်တဲ့ ဂျာနယ်လစ်တွေက ရှိနေသေးတယ်။ ကျနော် အများကြီး မပြောချင်ပါဘူး။ ကျနော် တစ်ခုတည်းနဲ့ သေချာပြောချင်တာက သူတို့ ဒီတလော ပြောဆိုနေတာတွေ မှားယွင်းနေတယ် ဆိုတာပဲ။ ကျနော့်ကို အသိမပေးဘဲ ရေးချင်သလို ရေနေကြတာပါ။ ကျနော်ကတော့ အားလုံးကို လေးစားမှုနဲ့ ကျေးဇူးတင်မှု ထားပါတယ်။ အားလုံး မိသားစုနဲ့ အတူ ပျော်ရွှင်နေကြပါ။ ” လို့ အီမာဆန်က ပြောဆို ရေးသားထားပါတယ်။

အီမာဆန်ကို စီးရီးအေကလပ် ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့က အပြိုင် စိတ်ဝင်စားနေပြီး အီတလီ လက်ရွေးစင်အသင်း နည်းပြ မန်ချီနီကလည်း ကစားသမားကို မွေးရပ်မြေ ပြန်လာကစားဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီး ခံစစ္မွဴး အီမာဆန္ကေတာ့ အသင္းမွာ ၄င္းက အေျခမက် ျဖစ္ေနျပီး မေပ်ာ္ရႊင္ေနဘူးဆိုတဲ့ သတင္းမ်ားဟာ မွားယြင္းေၾကာင္း တုန္႔ျပန္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။ အီမာဆန္က ဆိုရွယ္မီဒီယာ အေကာင့္ကေန တဆင့္ ေျပာဆိုလာခဲ့ျခင္း ျဖစ္ပါတယ္။

အဂၤလန္ မီဒီယာေတြက သတင္းမွားေတြကို ျဖန္႔ေ၀ေနတာပဲလို႔ အီမာဆန္က စြပ္စြဲမႈလည္း ျပဳလုပ္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ အီမာဆန္ကို ၂၀၁၈ ဇန္န၀ါရီမွာ ရိုးမားအသင္းထံကေန ေပါင္ ၁၈ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ အီတလီသားဟာ ထိုတည္းက စလို႔ ခ်ယ္ဆီးအသင္း အတြက္ ျပိဳင္ပြဲစံု ၅၂ ပြဲ ပါ၀င္ ကစားထားပါတယ္။

ဒါေပမယ့္ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာ အီမာဆန္က ပံုမွန္ ပြဲထြက္ ကစားခြင့္ မရရွိဘဲ ဒီရာသီ ပရီးမီးယားလိဂ္ပြဲ ၁၄ ပြဲသာ ပါ၀င္ကစား ထားရပါတယ္။ အီမာဆန္က လက္ရွိစာခ်ဳပ္မွာ ၂ နွစ္ က်န္ရွိေသးေပမယ့္ စတန္းဖို႔ ဘရစ္္ခ်္ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္လာတဲ့ အသင္းေတြ ရွိေနပါတယ္။

ဒီတေလာ သီတင္းပတ္မ်ားမွာ အီမာဆန္က ခ်ယ္ဆီးမွာ မေပ်ာ္ရႊင္ေတာ့ဘူး ျဖစ္ေနျပီ သတင္းမ်ား က်ယ္ျပန္႔လာခဲ့ျပီး ကစားသမားကေတာ့ မဟုတ္မွန္ေၾကာင္း ျငင္းဆန္ခဲ့ပါတယ္။

” တစ္ကမၻာလံုးက ေလာေလာဆယ္ တကယ့္ကို ခက္ခဲတဲ့ အခိုက္အတန္႔ ၾကံဳေတြ႔ေနရတာပါ။ ဒါေပမယ့္ ဒီလိုခ်ိန္မွာေတာင္ သတင္းမွားေတြ ျဖန္႔ခ်င္တဲ့ ဂ်ာနယ္လစ္ေတြက ရွိေနေသးတယ္။ က်ေနာ္ အမ်ားၾကီး မေျပာခ်င္ပါဘူး။ က်ေနာ္ တစ္ခုတည္းနဲ႕ ေသခ်ာေျပာခ်င္တာက သူတို႕ ဒီတေလာ ေျပာဆိုေနတာေတြ မွားယြင္းေနတယ္ ဆိုတာပဲ။ က်ေနာ့္ကို အသိမေပးဘဲ ေရးခ်င္သလို ေရေနၾကတာပါ။ က်ေနာ္ကေတာ့ အားလံုးကို ေလးစားမႈနဲ႕ ေက်းဇူးတင္မႈ ထားပါတယ္။ အားလံုး မိသားစုနဲ႕ အတူ ေပ်ာ္ရႊင္ေနၾကပါ။ ” လို႔ အီမာဆန္က ေျပာဆို ေရးသားထားပါတယ္။

အီမာဆန္ကို စီးရီးေအကလပ္ ဂ်ဴဗင္တပ္နဲ႕ အင္တာမီလန္တို႔က အျပိဳင္ စိတ္၀င္စားေနျပီး အီတလီ လက္ေရြးစင္အသင္း နည္းျပ မန္ခ်ီနီကလည္း ကစားသမားကို ေမြးရပ္ေျမ ျပန္လာကစားဖို႔ တိုက္တြန္းမႈေတြ ရွိေနပါတယ္။