ဗန်ဒါဘိကို ခေါ်နိုင်ဖို့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် အစွမ်းကုန် ကြိုးစားမယ့် ယူနိုက်တက်

စပိန်သတင်းဌာနတွေက ယူနိုက်တက်ဟာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ် ပစ်မှတ်ထားနေတဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒါဘိကိုရဖို့ အစွမ်းကုန် ကြိုးစားသွားလိမ့်မယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့ ယူနိုက်တက်က ကာလရှည် စောင့်ကြည့်ခဲ့တာ ဖြစ်ပေမယ့် တရားဝင် ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့ခြင်း မရှိပါဘူး။ ဗန်ဒါဘိကိုပဲ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေပြီး ၎င်းကလပ်ကတော့ ယူနိုက်တက်မှ ပေါ့ဘာကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်ထားခဲ့တာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်ဘက်က နွေမှာ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ပြင်သစ်သားကို မရခဲ့ရင် ဗန်ဒါဘိကို ပြောင်းလဲခေါ်ယူဖို့ ချိန်ရွယ်ထားတာဖြစ်တယ်။ ဒါပေမယ့် ကိုရိုနာကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရံှူးမှုများမယ့် အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်နေကာ ပေါ့ဘာအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးဖို့ထက် ဗန်ဒါဘိကိုပဲ အာရုံစိုက်လိုနေတယ်လို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။

ယူနိုက်တက်ကလည်း ကွင်းလယ်လူ မာတစ်ကို သက်တမ်းတိုးမှာဖြစ်ပေမယ့် ကွင်းလယ်ပိုင်းမှာ ဆုံးရံှူးမှုတွေ များထားလို့ လူသစ် ထပ်မံ ခေါ်ယူလိုနေတာပါ။ နွေမှာ ထွက်ခွာသွားနိုင်တဲ့ ကစားသမားများစာရင်းမှာ ကွင်းလယ်လူ ပေါ့ဘာအပြင် လင်ဂတ်လည်း ပါဝင်နေတာဖြစ်တယ်။

တည်ငြိမ်နေတဲ့ ခံစစ်နဲ့ ကွင်းလယ်အထိုင်ကို ယိုယွင်းမှု မဖြစ်စေဖို့ ယူနိုက်တက်ရဲ့ ကွင်းလယ်လူအတွက် စောင့်ကြည့်စာရင်းထဲမှာ ဂရီလစ်၊ မတ်ဒီဆန်အပြင် အေဂျက်ကွင်းလယ်လူ ဗန်ဒါဘိလည်း ပါဝင်နေတာဖြစ်ပါတယ်။

ZAWGYI

စပိန္သတင္းဌာနေတြက ယူႏုိက္တက္ဟာ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ ပစ္မွတ္ထားေနတဲ့ နယ္သာလန္ကြင္းလယ္လူ ဗန္ဒါဘိကိုရဖို႔ အစြမ္းကုန္ ၾကိဳးစားသြားလိမ့္မယ္လို႔ ထုတ္ေဖာ္လိုက္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔ ယူႏုိက္တက္က ကာလရွည္ ေစာင့္ၾကည့္ခဲ့တာ ျဖစ္ေပမယ့္ တရားဝင္ ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္လာခဲ့ျခင္း မရွိပါဘူး။ ဗန္ဒါဘိကိုပဲ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္က ပစ္မွတ္ထားေနျပီး ၄င္းကလပ္ကေတာ့ ယူႏုိက္တက္မွ ေပါ့ဘာကိုလည္း ပစ္မွတ္စာရင္းထဲ ထည့္ထားခဲ့တာျဖစ္တယ္။

ရီးရဲလ္မက္ဒရစ္ဘက္က ေႏြမွာ ေပါ့ဘာကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ျပီး ျပင္သစ္သားကို မရခဲ့ရင္ ဗန္ဒါဘိကို ေျပာင္းလဲေခၚယူဖို႔ ခ်ိန္ရြယ္ထားတာျဖစ္တယ္။ ဒါေပမယ့္ ကိုရိုနာေၾကာင့္ ဘ႑ာေရးဆုိင္ရာ ဆံုးရံွဴးမႈမ်ားမယ့္ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္လည္း ပါဝင္ေနကာ ေပါ့ဘာအတြက္ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး ေပးဖို႔ထက္ ဗန္ဒါဘိကိုပဲ အာရံုစိုက္လိုေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပပါတယ္။

ယူႏုိက္တက္ကလည္း ကြင္းလယ္လူ မာတစ္ကို သက္တမ္းတိုးမွာျဖစ္ေပမယ့္ ကြင္းလယ္ပိုင္းမွာ ဆံုးရံွဴးမႈေတြ မ်ားထားလို႔ လူသစ္ ထပ္မံ ေခၚယူလိုေနတာပါ။ ေႏြမွာ ထြက္ခြာသြားႏုိင္တဲ့ ကစားသမားမ်ားစာရင္းမွာ ကြင္းလယ္လူ ေပါ့ဘာအျပင္ လင္ဂတ္လည္း ပါဝင္ေနတာျဖစ္တယ္။

တည္ျငိမ္ေနတဲ့ ခံစစ္နဲ႔ ကြင္းလယ္အထိုင္ကို ယိုယြင္းမႈ မျဖစ္ေစဖို႔ ယူႏုိက္တက္ရဲ႕ ကြင္းလယ္လူအတြက္ ေစာင့္ၾကည့္စာရင္းထဲမွာ ဂရီလစ္၊ မတ္ဒီဆန္အျပင္ ေအဂ်က္ကြင္းလယ္လူ ဗန္ဒါဘိလည္း ပါဝင္ေနတာျဖစ္ပါတယ္။