ပန်းခြံထဲမှာ တည်ကန်ဘော စကေးပြတဲ့ ထရန့်ကို အပြိုင်စကေးပြန်ပြတဲ့ လီဗာပူးအသင်းဖော်များ

ဗြိတိန်မှာ ကိုရိုနာကြောင့် ကစားသမားတွေ အိမ်မှာပဲ နေနေရပြီး လီဗာပူးအသင်းသားတွေက သူတို့ နေအိမ်တွေမှာ ဘာတွေလုပ်နေကြသလဲဆိုတာကို လူမှုကွန်ယက်တွေကနေ ဖော်ပြလေ့ရှိပါတယ်။

လီဗာပူးညာအစွန်လူ ထရန့်က GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခု လုပ်ထားခဲ့ပြီး လီဗာပူးအတွက် သူ့ရဲ့ ရည်မှန်းချက်နဲ့ အနာဂတ်ရေးရာ အစီအစဉ်တွေအပြင် ကလပ်အသင်းဖော်တွေအကြောင်း ဖောက်သည်ချမှုတွေလည်း ရှိထားတာပါ။

ထရန့် နောက်ဆုံး လုပ်ပြထားတာက သူ့အိမ်နောက်က ပန်းခြံမှာ စဉ်အိုးထဲကို ဘောလုံးဝင်အောင် ကန်သွင်းပြထားမှု ဖြစပါတယ်။ အဆိုပါ ဗီဒီယိုကို ထရန့်က သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားတာပါ။

ဒီကနေ့မှာတော့ ရိုဘိုကလည်း သူ့ရဲ့အိမ်နောက်မှာ ဂိုးထောင့်တည့်တည့်ကို ဘောလုံးကန်ပြမှု ဗီဒီယိုကို အင်စတာဂရမ်မှာ တင်သွားခဲ့ပါတယ်။ ရိုဘိုကပဲ ကွင်းထဲကို ငါတို့ ပြန်ရောက်ခဲ့ကြရင် ဖရီးကစ်ကန်မယ့်သူက အသစ်ဖြစ်နေသင့်နေပြီလို့ ထရန့်ကို တိုက်ရိုက် Tag တွဲသွားတာဖြစ်ပါတယ်။

ထရန့်ရဲ့ စကေးပြမှုကို လီဗာပူးဖွား အကယ်ဒမီထွက်ဖြစ်တဲ့ ကားတစ်ဂျုံးကလည်း သူ့ရဲ့ အိမ်နောက်မှာ ဂိုးဘားတန်းထိအောင် ကန်ပြခဲ့ပြီး ထရန့်ကိုပဲ Tag တွဲသွားခဲ့သေးတာပါ။

လီဗာပူးလေ့ကျင့်ရေးတွေမှာ ထရန့်နဲ့ တည်ကန်ဘော ပြိုင်နေကျဖြစ်တဲ့ ချိန်ဘာလိန်ကော ပါဝင်စကေးပြမလားကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ျဗိတိန္မွာ ကိုရိုနာေၾကာင့္ ကစားသမားေတြ အိမ္မွာပဲ ေနေနရျပီး လီဗာပူးအသင္းသားေတြက သူတို႔ ေနအိမ္ေတြမွာ ဘာေတြလုပ္ေနၾကသလဲဆိုတာကို လူမႈကြန္ယက္ေတြကေန ေဖာ္ျပေလ့ရွိပါတယ္။

လီဗာပူးညာအစြန္လူ ထရန္႔က GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးတစ္ခု လုပ္ထားခဲ့ျပီး လီဗာပူးအတြက္ သူ႔ရဲ႕ ရည္မွန္းခ်က္နဲ႔ အနာဂတ္ေရးရာ အစီအစဥ္ေတြအျပင္ ကလပ္အသင္းေဖာ္ေတြအေၾကာင္း ေဖာက္သည္ခ်မႈေတြလည္း ရွိထားတာပါ။

ထရန္႔ ေနာက္ဆံုး လုပ္ျပထားတာက သူ႔အိမ္ေနာက္က ပန္းျခံမွာ စဥ္အိုးထဲကို ေဘာလံုးဝင္ေအာင္ ကန္သြင္းျပထားမႈ ျဖစပါတယ္။ အဆိုပါ ဗီဒီယိုကို ထရန္႔က သူ႔ရဲ႕ အင္စတာဂရမ္မွာ တင္ထားတာပါ။

ဒီကေန႔မွာေတာ့ ရိုဘိုကလည္း သူ႔ရဲ႔အိမ္ေနာက္မွာ ဂိုးေထာင့္တည့္တည့္ကို ေဘာလံုးကန္ျပမႈ ဗီဒီယိုကို အင္စတာဂရမ္မွာ တင္သြားခဲ့ပါတယ္။ ရိုဘိုကပဲ ကြင္းထဲကို ငါတို႔ ျပန္ေရာက္ခဲ့ၾကရင္ ဖရီးကစ္ကန္မယ့္သူက အသစ္ျဖစ္ေနသင့္ေနျပီလို႔ ထရန္႔ကို တိုက္ရိုက္ Tag တြဲသြားတာျဖစ္ပါတယ္။

ထရန္႔ရဲ႕ စေကးျပမႈကို လီဗာပူးဖြား အကယ္ဒမီထြက္ျဖစ္တဲ့ ကားတစ္ဂ်ံဳးကလည္း သူ႔ရဲ႕ အိမ္ေနာက္မွာ ဂိုးဘားတန္းထိေအာင္ ကန္ျပခဲ့ျပီး ထရန္႔ကိုပဲ Tag တြဲသြားခဲ့ေသးတာပါ။

လီဗာပူးေလ့က်င့္ေရးေတြမွာ ထရန္႔နဲ႔ တည္ကန္ေဘာ ျပိဳင္ေနက်ျဖစ္တဲ့ ခ်ိန္ဘာလိန္ေကာ ပါဝင္စေကးျပမလားကေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။