ပေါင် သန်း ၂၅၀ လောက်ကုန်မယ့် ကစားသမား နှစ်ဦးကို အရခေါ်ဖို့ ဖာဒီနန် တိုက်တွန်း

ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က စပါးတိုက်စစ်သမား ဟယ်ရီကိန်းနဲ့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုတို့ အိုထရတ်ဖိုဒ့်ကို ပြောင်းလာတာ မြင်ရရင် နှစ်သက်မိမှာပဲလို့ ဝန်ခံလိုက်ပါတယ်။

တိုက်စစ်သမား နှစ်ဦးလုံးဟာ ယူနိုက်တက်နဲ့ သတင်းထွက်နေပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ တန်ကြေးက ပေါင် သန်း ၁၅၀ ထိ ရှိသလို ဆန်ချိုအတွက်ဆိုရင် သန်း ၁၀၀ လောက် သုံးရမှာဖြစ်လို့ နှစ်ဦးလုံးကို ခေါ်ဖို့ ခက်ခဲနိုင်တာဖြစ်တယ်။

ဖာဒီနန်ကပဲ ” ဟယ်ရီကိန်းကို အခုခေါ်မလားဆိုရင် သေချာပေါက် ခေါ်မှာပေါ့ဗျာ။ ဒီဘဲအိုကြီးက ဂိုးတွေကို အရမ်သွင်းတဲ့ဘဲ။ ဒါပေမယ့် စပါးက ဟယ်ရီကိန်းကို ထွက်ခွင့်ပေးမယ်လို့ မထင်ပါဘူး။ နောက်ပြီးမှာ အဲ့မှာက မော်ရင်ညို ရှိနေတယ်ဆိုတော့ မော်ရင်ညိုက သူ့ကို ယူနိုက်တက်ထံ ထွက်ခွာခွင့်ပေးမယ်လို့ ကျနေ်ာတော့ မထင်မိဘူး။

ဆန်ချိုကို နေ့တိုင်းကို ခေါ်စေလိုတာပါ။ ဘယ်လို ခေါ်နိုင်မလဲကိုပဲ စဉ်းစားနေမိတာ။ သိပ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး အရမ်းကောင်းတဲ့ အလားအလာရှိသူဖြစ်တယ်။ အင်္ဂလိပ်ကစားသမားဖြစ်တဲ့ သူက ထူးချွန်လွန်းပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒေါ့မွန်က ဆန်ချိုကို ခေါ်ယူဖို့ ဦးစားပေးအဖြစ် သက်မှတ်ထားပေမယ့် အခြားသော စောင့်ကြည့်မှုတွေကိုလည်း လုပ်ဆောင်နေဆဲဖြစ်ကာ ဆန်ချိုကို မခေါ်နိုင်ခဲ့ရင် အရန်သင့် အစားထိုးဖို့ လုပ်ဆောင်နေဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ဖာဒီနန္က စပါးတိုက္စစ္သမား ဟယ္ရီကိန္းနဲ႔ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳတို႔ အိုထရတ္ဖိုဒ့္ကို ေျပာင္းလာတာ ျမင္ရရင္ ႏွစ္သက္မိမွာပဲလို႔ ဝန္ခံလိုက္ပါတယ္။

တိုက္စစ္သမား ႏွစ္ဦးလံုးဟာ ယူႏုိက္တက္နဲ႔ သတင္းထြက္ေနေပမယ့္ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းရဲ႕ တန္ေၾကးက ေပါင္ သန္း ၁၅၀ ထိ ရွိသလို ဆန္ခ်ိဳအတြက္ဆိုရင္ သန္း ၁၀၀ ေလာက္ သံုးရမွာျဖစ္လို႔ ႏွစ္ဦးလံုးကို ေခၚဖို႔ ခက္ခဲႏုိင္တာျဖစ္တယ္။

ဖာဒီနန္ကပဲ ” ဟယ္ရီကိန္းကို အခုေခၚမလားဆိုရင္ ေသခ်ာေပါက္ ေခၚမွာေပါ့ဗ်ာ။ ဒီဘဲအိုၾကီးက ဂိုးေတြကို အရမ္သြင္းတဲ့ဘဲ။ ဒါေပမယ့္ စပါးက ဟယ္ရီကိန္းကို ထြက္ခြင့္ေပးမယ္လို႔ မထင္ပါဘူး။ ေနာက္ျပီးမွာ အဲ့မွာက ေမာ္ရင္ညိဳ ရွိေနတယ္ဆိုေတာ့ ေမာ္ရင္ညိဳက သူ႔ကို ယူႏုိက္တက္ထံ ထြက္ခြာခြင့္ေပးမယ္လို႔ က်ေန္ာေတာ့ မထင္မိဘူး။

ဆန္ခ်ိဳကို ေန႔တိုင္းကို ေခၚေစလိုတာပါ။ ဘယ္လို ေခၚႏုိင္မလဲကိုပဲ စဥ္းစားေနမိတာ။ သိပ္ေကာင္းတဲ့ ကစားသမားျဖစ္ျပီး အရမ္းေကာင္းတဲ့ အလားအလာရွိသူျဖစ္တယ္။ အဂၤလိပ္ကစားသမားျဖစ္တဲ့ သူက ထူးခၽြန္လြန္းပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ေဒါ့မြန္က ဆန္ခ်ိဳကို ေခၚယူဖို႔ ဦးစားေပးအျဖစ္ သက္မွတ္ထားေပမယ့္ အျခားေသာ ေစာင့္ၾကည့္မႈေတြကိုလည္း လုပ္ေဆာင္ေနဆဲျဖစ္ကာ ဆန္ခ်ိဳကုိ မေခၚႏုိင္ခဲ့ရင္ အရန္သင့္ အစားထိုးဖို႔ လုပ္ေဆာင္ေနဦးမွာ ျဖစ္ပါတယ္။