ယူနိုက်တက်က ကွင်းလယ်လူ မိုဒရစ်ကို စပါးကနေ ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ခြင်း အကြောင်းရင်း

၂၀၁၁ ခုနှစ်တုန်းက ယူနိုက်တက်ဟာ စပါးအသင်း ကွင်းလယ်လူ မိုရစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် အပြီးထိ ဆက်လက် လုပ်ဆောင်ခြင်း မရှိပဲ နောက်ဆုတ်သွားခဲ့ပါတယ်။

The Athletic က ဖော်ပြရာမှာ ယူနိုက်တက်က စပါးကွင်းလယ်လူဟောင်းကို ဆက်လက် ကမ်းလှမ်းမှု မလုပ်ခြင်းက အခြားသော အကြောင်းတွေထက် ၎င်းအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ် လီဗိုင်းနဲ့ စကားပြောရ ခက်လွန်းခြင်းကြောင်းလို့ ဖြစ်ပါတယ်။

ထိုစဉ်က မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောရဆိုရခက်ပြီး လက်ပေါက်ကပ်တဲ့ လီဗိုင်းနဲ့ ဆွေးနွေးမှု မလုပ်လိုတာကြောင့် အပြောင်းအရွှေ့ကို မစဉ်းစားခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က ဘာဘာတော့ဗ်ကို ခေါ်ယူခဲ့စဉ်မှာ လီဗိုင်းအကြောင်း သိခဲ့တဲ့ ဆာအဲလက်စ်ဟာ မိုဒရစ်ကို နှစ်သက်ပါရဲ့ နောက်ထပ် စိတ်ညစ်စရာ ညိနှိုင်းမှုတွေ မလုပ်လိုတော့တာကြောင့် ခရိုအေးရှား ကွင်းလယ်လူကို ခေါ်ယူဖို့ မကြိုးစားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

လီဗိုင်းဟာ ရီးရဲလ်မက်ဒရစ်ထံ မိုဒရစ်ကို ရောင်းထုတ်ခဲ့ပြီး ၂၀၁၈ မှာတော့ ကွင်းလယ်လူဟာ လက်ရွေးစင်အသင်း၊ ကလပ်အသင်းတွေနဲ့ အောင်မြင်မှုတွေကြောင့် ဘလွန်းဒီအော့ဆုကို အနိုင်ရခဲ့ပါတယ်။

ဆာအဲလက်စ် စိတ်ပျက်စွာ ရှောင်ဖယ်ခဲ့တဲ့ လီဗိုင်းနဲ့ ဆွေးနွေး စကားပြောမှုမျိုးကို ဒီနွေမှာ ယူနိုက်တက်က ပြန်လုပ်နိုင်ပါတယ်။ ကလပ်ဟာ စပါးကနေ ထွက်ခွာလိုနေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး လီဗိုင်းနဲ့ ညိနှိုင်းမှုတွေကို ဝုဒ်ဝတ်က ဦးဆောင် လုပ်သွားဖို့ ရှိနေတယ်လို့ သတင်းကျယ်ပြန့်နေတာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၁ ခုႏွစ္တုန္းက ယူႏုိက္တက္ဟာ စပါးအသင္း ကြင္းလယ္လူ မိုရစ္ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေသးေပမယ့္ အျပီးထိ ဆက္လက္ လုပ္ေဆာင္ျခင္း မရွိပဲ ေနာက္ဆုတ္သြားခဲ့ပါတယ္။

The Athletic က ေဖာ္ျပရာမွာ ယူႏုိက္တက္က စပါးကြင္းလယ္လူေဟာင္းကို ဆက္လက္ ကမ္းလွမ္းမႈ မလုပ္ျခင္းက အျခားေသာ အေၾကာင္းေတြထက္ ၄င္းအသင္းရဲ႕ ဥကၠဌျဖစ္သူ ဒန္နီရယ္ လီဗိုင္းနဲ႔ စကားေျပာရ ခက္လြန္းျခင္းေၾကာင္းလို႔ ျဖစ္ပါတယ္။

ထိုစဥ္က မန္ေနဂ်ာ ဆာအဲလက္စ္ ဖာဂူဆန္က ေျပာရဆိုရခက္ျပီး လက္ေပါက္ကပ္တဲ့ လီဗိုင္းနဲ႔ ေဆြးေႏြးမႈ မလုပ္လိုတာေၾကာင့္ အေျပာင္းအေရႊ႔ကို မစဥ္းစားခဲ့ျခင္းျဖစ္ပါတယ္။ ၂၀၀၈ ခုႏွစ္က ဘာဘာေတာ့ဗ္ကို ေခၚယူခဲ့စဥ္မွာ လီဗိုင္းအေၾကာင္း သိခဲ့တဲ့ ဆာအဲလက္စ္ဟာ မိုဒရစ္ကို ႏွစ္သက္ပါရဲ႕ ေနာက္ထပ္ စိတ္ညစ္စရာ ညိႏိႈင္းမႈေတြ မလုပ္လိုေတာ့တာေၾကာင့္ ခရိုေအးရွား ကြင္းလယ္လူကို ေခၚယူဖို႔ မၾကိဳးစားခဲ့ျခင္းလည္း ျဖစ္ပါတယ္။

လီဗိုင္းဟာ ရီးရဲလ္မက္ဒရစ္ထံ မိုဒရစ္ကို ေရာင္းထုတ္ခဲ့ျပီး ၂၀၁၈ မွာေတာ့ ကြင္းလယ္လူဟာ လက္ေရြးစင္အသင္း၊ ကလပ္အသင္းေတြနဲ႔ ေအာင္ျမင္မႈေတြေၾကာင့္ ဘလြန္းဒီေအာ့ဆုကို အႏုိင္ရခဲ့ပါတယ္။

ဆာအဲလက္စ္ စိတ္ပ်က္စြာ ေရွာင္ဖယ္ခဲ့တဲ့ လီဗိုင္းနဲ႔ ေဆြးေႏြး စကားေျပာမႈမ်ိဳးကို ဒီေႏြမွာ ယူႏုိက္တက္က ျပန္လုုပ္ႏုိင္ပါတယ္။ ကလပ္ဟာ စပါးကေန ထြက္ခြာလိုေနတဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို ေခၚယူဖို႔ အေတာ္ေလး စိတ္ဝင္စားေနျပီး လီဗိုင္းနဲ႔ ညိႏိႈင္းမႈေတြကို ဝုဒ္ဝတ္က ဦးေဆာင္ လုပ္သြားဖို႔ ရွိေနတယ္လုိ႔ သတင္းက်ယ္ျပန္႔ေနတာ ျဖစ္ပါတယ္။