အာဆင်နယ် ထိပ်တန်းအဆင့် ပြန်ရောက်ဖို့ အာတီတာ ရှင်းထုတ်ရမယ့် စီနီယာအသင်းသားများ

နွေအပြောင်းအရွှေ့မှာ အာဆင်နယ်ကို ပြန်လည်တည်ဆောက်မှုတွေ မစတင်ခင် ကစားသမား ၅ ဦးထိကို ရောင်းထုတ်သွားဖို့ လိုအပ်မယ့်အကြောင်း လန်ဒန်အခြေစိုက် သတင်းတွေက ဖော်ပြသွားပါတယ်။

မန်နေဂျာအာတီတာက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းမှ ခံစစ်မှူး ပါဘလို မာရီကို ခေါ်ယူခဲ့ပြီး ဆောက်သမ်တန်မှ ဆီဒရစ်ကိုလည်း အငှားခေါ်ယူခဲ့တယ်။ မာရီကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူနိုင်ပေမယ့် ဆီဒရစ်ကိုတော့ ခေါ်ယူဖွယ် မရှိပဲ မိခင်အသင်းထံ ပြန်ခွင့်ပေးစွားနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ခံစစ်မှူး မူစတာဖီနဲ့ ဆိုကရေးတက်စ်တို့ကို နွေမှာ ရောင်းထုတ်ဖို့ ပြင်ဆင်မှုတွေ ရှိလာမှာဖြစ်ပြီး မာရီနဲ့ နွေတုန်းက ခေါ်ယူထားတဲ့ ဆာလီဘာတို့ကို ပိုမို နေရာပေးဖို့ ရှိနေပါတယ်။ မူစတာဖီဟာ မန်နေဂျာအာတီတာ လက်အောက်မှာ တိုးတက်လာပေမယ့် သူ့ကို ခေါ်ယူဖို့ ဆမ့်ဒိုးရီးယားနဲ့ ဗလန်စီယာတို့က သဘောကျနေတာဖြစ်တယ်။

အသက် ၃၂ နှစ်အရွယ် ဗဟိုခံစစ်မှူး ဆိုကရေးတက်စ်က အာတီတာ အကြိုက်တွေ့တဲ့ ဗဟိုခံစစ်မှူးမျိုး မဟုတ်ပါဘူး။ ဘယ်အစွန်မှာ တီရာနေးနဲ့ ဆာကာတို့ နှစ်ဦးကို နေရာပေးသွားမှာဖြစ်ကာ ဆိုကရေးတက်စ်ကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

ကလပ်ရဲ့ လုပ်ခလစာပိုင်းကို လျော့ချဖို့အတွက် ဒီရာသီမှာ အခြားသော လိဂ်တွေထံ အငှားချထားတဲ့ အယ်နီနီနဲ့ မီခီတာရန်တို့ကို အာဆင်နယ်က ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။ ဒီ ၅ ဦးဟာ လာမယ့် နွေမှာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ရေပန်းအစားဆုံး ကစားသမား ၅ ဦးဖြစ်ပြီး နောက်ထပ် ရှင်းထုတ်မှုတွေလည်း ထပ်မံ ထွက်ပေးလာနိုင်သေးတာ ဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မွာ အာဆင္နယ္ကို ျပန္လည္တည္ေဆာက္မႈေတြ မစတင္ခင္ ကစားသမား ၅ ဦးထိကို ေရာင္းထုတ္သြားဖို႔ လိုအပ္မယ့္အေၾကာင္း လန္ဒန္အေျခစိုက္ သတင္းေတြက ေဖာ္ျပသြားပါတယ္။

မန္ေနဂ်ာအာတီတာက ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဘရာဇီးကလပ္ ဖလာမင္ဂိုအသင္းမွ ခံစစ္မွဴး ပါဘလို မာရီကို ေခၚယူခဲ့ျပီး ေဆာက္သမ္တန္မွ ဆီဒရစ္ကိုလည္း အငွားေခၚယူခဲ့တယ္။ မာရီကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ေပမယ့္ ဆီဒရစ္ကိုေတာ့ ေခၚယူဖြယ္ မရွိပဲ မိခင္အသင္းထံ ျပန္ခြင့္ေပးစြားႏုိင္တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ခံစစ္မွဴး မူစတာဖီနဲ႔ ဆိုကေရးတက္စ္တို႔ကို ေႏြမွာ ေရာင္းထုတ္ဖို႔ ျပင္ဆင္မႈေတြ ရွိလာမွာျဖစ္ျပီး မာရီနဲ႔ ေႏြတုန္းက ေခၚယူထားတဲ့ ဆာလီဘာတို႔ကို ပိုမို ေနရာေပးဖို႔ ရွိေနပါတယ္။ မူစတာဖီဟာ မန္ေနဂ်ာအာတီတာ လက္ေအာက္မွာ တိုးတက္လာေပမယ့္ သူ႔ကို ေခၚယူဖို႔ ဆမ့္ဒိုးရီးယားနဲ႔ ဗလန္စီယာတို႔က သေဘာက်ေနတာျဖစ္တယ္။

အသက္ ၃၂ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ဆိုကေရးတက္စ္က အာတီတာ အၾကိဳက္ေတြ႔တဲ့ ဗဟိုခံစစ္မွဴးမ်ိဳး မဟုတ္ပါဘူး။ ဘယ္အစြန္မွာ တီရာေနးနဲ႔ ဆာကာတို႔ ႏွစ္ဦးကို ေနရာေပးသြားမွာျဖစ္ကာ ဆိုကေရးတက္စ္ကို ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။

ကလပ္ရဲ႕ လုပ္ခလစာပိုင္းကို ေလ်ာ့ခ်ဖို႔အတြက္ ဒီရာသီမွာ အျခားေသာ လိဂ္ေတြထံ အငွားခ်ထားတဲ့ အယ္နီနီနဲ႔ မီခီတာရန္တို႔ကို အာဆင္နယ္က ေရာင္းထုတ္သြားဖို႔လည္း ရွိေနပါတယ္။ ဒီ ၅ ဦးဟာ လာမယ့္ ေႏြမွာ အာဆင္နယ္ကေန ထြက္ခြာဖို႔ ေရပန္းအစားဆံုး ကစားသမား ၅ ဦးျဖစ္ျပီး ေနာက္ထပ္ ရွင္းထုတ္မႈေတြလည္း ထပ္မံ ထြက္ေပးလာႏုိင္ေသးတာ ျဖစ္ပါတယ္။