ချယ်ဆီးကနေ ထွက်ခွာဖို့ အီမာဆန်ကို တိုက်တွန်းသွားတဲ့ အီတလီမန်နေဂျာ မန်ချီနီ

အီတလီလက်ရွေးစင်အသင်း မန်နေဂျာဖြစ်သူ ရော်ဘတ်တို မန်ချီနီက လာမယ့် နွေမှာ ကျင်းပမယ့် ယူရို ၂၀၂၁ ပြိုင်ပွဲကို ပါဝင်လိုတယ်ဆိုရင် နေရာမရဖြစ်နေတဲ့ ချယ်ဆီးကနေ ထွက်ခွာဖို့ အီမာဆန်ကို တိုက်တွန်းမှု လုပ်သွားပါတယ်။

ကိုရိုနာ ရိုက်ခတ်မှုကြောင့် ဒီနွေမှာ ယူရိုပြိုင်ပွဲကို ကျင်းပတော့မှာ မဟုတ်ပဲ နောက်နှစ် နွေထိ ရွှေ့ဆိုင်းလိုက်ပါပြီ။ မန်ချီနီက သူ့မှာ ရွေးချယ်စရာ အစွန်လူကောင်းတွေ ရှိထားကြောင်း ထုတ်ပြောမှုနဲ့အတူ လက်ရွေးစင်အသင်းမှာ နေရာရဖို့ အီမာဆန်အနေနဲ့ အီတလီကို ပြောင်းလာဖို့လိုမယ် ဆိုလိုက်တာပါ။

မန်နေဂျာလမ်းပတ်အောက်မှာ အလွန်ဆို၊ ကွီတာတို့ကို ကျော်လွန်ပြီး နေရာရဖို့ ခက်ခဲနေတဲ့ အီတလီသား ဘယ်အစွန်လူဟာ ဒီရာသီမှာ အမှတ်ပေးပွဲ ၁၃ ပွဲမှာပဲ ပါဝင်ထားရသူဖြစ်တယ်။ သူဟာ နှစ်သစ်ကူးပြီးတည်းက လိဂ်ပွဲ တစ်ပွဲပဲ ကစားရသလို ဒဏ်ရာကြောင့် ဦးစားပေး လူစာရင်းကနေ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

မန်ချီနီက ‘ အစွန်လူတွေထဲမှာ အဒမ်မာဆီနာအကြောင်း ကျနေ်ာတို့ သိပါတယ်။ သူက ဝတ်ဖိုဒ့်ကို ပြောင်းသွားတော့ နည်းနည်း အလှမ်းဝေးသွားတာပေါ့။ ပယ်ရီဂရီနီကလည်း စီနီယာလူစာရင်းမှာ ပါဝင်လာပြီး တိုးတက်လာနေပါပြီ။ ချယ်ဆီးမှာ နေရာမရဖြစ်နေတဲ့ အီမာဆန် အီတလီကို ပြောင်းလာပြီး ကစားမယ်ဆိုရင် သိပ်ကောင်းပါမယ်။ ’ လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီနွေဟာ ချယ်ဆီးအတွက် ကြီးမားတဲ့ လှုပ်ရှားမှုတွေကို ပြင်ဆင်ဖို့ ဖြစ်လာနိုင်ပါတယ်။ ချယ်ဆီးဟာ တောင်ပံသမား၊ တိုက်စစ်သမား၊ ခံစစ်မှူးနဲ့ ဘယ်အစွန်နေရာတွေကို အင်အားဖြည့်လိုနေတာဖြစ်ပြီး အသုံးစရိတ် ပေါင် သန်း ၂၀၀ လောက်ထိကို ထုတ်သုံးလိမ့်မယ်လို့ ခန့်မှန်းခံထားရတာဖြစ်ပါတယ်။

ZAWGYI

အီတလီလက္ေရြးစင္အသင္း မန္ေနဂ်ာျဖစ္သူ ေရာ္ဘတ္တို မန္ခ်ီနီက လာမယ့္ ေႏြမွာ က်င္းပမယ့္ ယူရို ၂၀၂၁ ျပိဳင္ပြဲကို ပါဝင္လိုတယ္ဆိုရင္ ေနရာမရျဖစ္ေနတ့ဲ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ အီမာဆန္ကို တိုက္တြန္းမႈ လုပ္သြားပါတယ္။

ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ဒီေႏြမွာ ယူရိုျပိဳင္ပြဲကို က်င္းပေတာ့မွာ မဟုတ္ပဲ ေနာက္ႏွစ္ ေႏြထိ ေရႊ႔ဆိုင္းလိုက္ပါျပီ။ မန္ခ်ီနီက သူ႔မွာ ေရြးခ်ယ္စရာ အစြန္လူေကာင္းေတြ ရွိထားေၾကာင္း ထုတ္ေျပာမႈနဲ႔အတူ လက္ေရြးစင္အသင္းမွာ ေနရာရဖို႔ အီမာဆန္အေနနဲ႔ အီတလီကို ေျပာင္းလာဖို႔လိုမယ္ ဆိုလိုက္တာပါ။

မန္ေနဂ်ာလမ္းပတ္ေအာက္မွာ အလြန္ဆို၊ ကီြတာတို႔ကို ေက်ာ္လြန္ျပီး ေနရာရဖို႔ ခက္ခဲေနတဲ့ အီတလီသား ဘယ္အစြန္လူဟာ ဒီရာသီမွာ အမွတ္ေပးပြဲ ၁၃ ပြဲမွာပဲ ပါဝင္ထားရသူျဖစ္တယ္။ သူဟာ ႏွစ္သစ္ကူးျပီးတည္းက လိဂ္ပြဲ တစ္ပြဲပဲ ကစားရသလို ဒဏ္ရာေၾကာင့္ ဦးစားေပး လူစာရင္းကေန ေပ်ာက္ကြယ္ေနတာ ျဖစ္ပါတယ္။

မန္ခ်ီနီက ‘ အစြန္လူေတြထဲမွာ အဒမ္မာဆီနာအေၾကာင္း က်ေန္ာတုိ႔ သိပါတယ္။ သူက ဝတ္ဖိုဒ့္ကို ေျပာင္းသြားေတာ့ နည္းနည္း အလွမ္းေဝးသြားတာေပါ့။ ပယ္ရီဂရီနီကလည္း စီနီယာလူစာရင္းမွာ ပါဝင္လာျပီး တိုးတက္လာေနပါျပီ။ ခ်ယ္ဆီးမွာ ေနရာမရျဖစ္ေနတဲ့ အီမာဆန္ အီတလီကို ေျပာင္းလာျပီး ကစားမယ္ဆိုရင္ သိပ္ေကာင္းပါမယ္။ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီေႏြဟာ ခ်ယ္ဆီးအတြက္ ၾကီးမားတဲ့ လႈပ္ရွားမႈေတြကို ျပင္ဆင္ဖို႔ ျဖစ္လာႏုိင္ပါတယ္။ ခ်ယ္ဆီးဟာ ေတာင္ပံသမား၊ တိုက္စစ္သမား၊ ခံစစ္မွဴးနဲ႔ ဘယ္အစြန္ေနရာေတြကို အင္အားျဖည့္လိုေနတာျဖစ္ျပီး အသံုးစရိတ္ ေပါင္ သန္း ၂၀၀ ေလာက္ထိကို ထုတ္သံုးလိမ့္မယ္လုိ႔ ခန္႔မွန္းခံထားရတာျဖစ္ပါတယ္။