ဝီလီယမ်နဲ့ မိသားစုဝင်တွေကို ဘရာဇီးပြန်ဖို့ ခွင့်ပြုပေးလိုက်တဲ့ ချယ်ဆီး

ဒီကနေ့မှာပဲ ချယ်ဆီးဘက်က တိုက်စစ်သမား ဝီလီယမ်ကို ကိုရိုနာ စောင့်ကြည့်မှု ကာလတွေအပြီး မိသားစုလိုက် ဘရာဇီးပြန်ခွင့် ပေးလိုက်ကြောင်း Sky Sports News ကို အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

ဝီလီယမ်အပြင် ၎င်းရဲ့ ဇနီးနဲ့ ကလေးကိုပါ အိမ်ပြန်ခွင့် ပေးလိုက်တာပါ။ ကစားသမားဟာ ၁၄ ရက် စောင့်ကြည့်မှု ခံယူခဲ့အပြီးမှာ ဘရာဇီးကို ပြန်ခွင့်ပေးဖို့ ကလပ်အသင်းကို စာတင်ခဲ့တာဖြစ်ပြီး ကလပ်ဘက်ကလည်း အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်သမားဟာ လန်ဒန်မှာ ၇ နှစ်ကြာ ကျင်လယ်ခဲ့သူဖြစ်ပြီး ဇွန်လမှာ သူ့ရဲ့ စာချုပ် ကုန်ဆုံးပြီးရင် အနာဂတ် မသေချာတော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ဧပရယ်လ ၃၀ ရက်နေ့ထိ ရပ်နားထားပြီး ဘယ်တော့ ပြန်စနိုင်မလဲကတော့ မသိရသေးပါဘူး။

ဝီလီယမ်ဟာ ဘရာဇီးမှာလည်း သုံးပတ်ကြာ အိမ်ပြင်မထွက်ပဲ စောင့်ကြည့်ခံရဦးမှာဖြစ်ပါတယ်။ ချယ်ဆီးဘက်က နိုင်ငံခြားသား ကစားသမားတွေ ပြည်တော်ပြန်ဖို့ တောင်းဆိုလာခဲ့မယ်ဆိုရင် မိခင် တိုင်းပြည်တွေကို ပြန်ပို့ပေးဖို့ လုပ်ဆောင်ပေးမယ့် ပေါ်လစီမျိုးကို ကိုင်ဆောင်ထားပါတယ်။

ကိုရိုနာကြောင့် အနောက်နိုင်ငံတွေဟာ ခရီးသွားလာခွင့်တွေကို တားမြစ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး နိုင်ငံ တစ်နိုင်ငံကနေ အခြား တစ်နိုင်ငံကို သွားဖို့ ဗီဇာ ကန့်သတ်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာပဲ ခ်ယ္ဆီးဘက္က တိုက္စစ္သမား ဝီလီယမ္ကို ကိုရိုနာ ေစာင့္ၾကည့္မႈ ကာလေတြအျပီး မိသားစုလိုက္ ဘရာဇီးျပန္ခြင့္ ေပးလိုက္ေၾကာင္း Sky Sports News ကို အတည္ျပဳခဲ့ျပီျဖစ္ပါတယ္။

ဝီလီယမ္အျပင္ ၄င္းရဲ႕ ဇနီးနဲ႔ ကေလးကိုပါ အိမ္ျပန္ခြင့္ ေပးလိုက္တာပါ။ ကစားသမားဟာ ၁၄ ရက္ ေစာင့္ၾကည့္မႈ ခံယူခဲ့အျပီးမွာ ဘရာဇီးကို ျပန္ခြင့္ေပးဖို႔ ကလပ္အသင္းကို စာတင္ခဲ့တာျဖစ္ျပီး ကလပ္ဘက္ကလည္း အတည္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။

အသက္ ၃၀ အရြယ္ တိုက္စစ္သမားဟာ လန္ဒန္မွာ ၇ ႏွစ္ၾကာ က်င္လယ္ခဲ့သူျဖစ္ျပီး ဇြန္လမွာ သူ႔ရဲ႕ စာခ်ဳပ္ ကုန္ဆံုးျပီးရင္ အနာဂတ္ မေသခ်ာေတာ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကို ဧပရယ္လ ၃၀ ရက္ေန႔ထိ ရပ္နားထားျပီး ဘယ္ေတာ့ ျပန္စႏုိင္မလဲကေတာ့ မသိရေသးပါဘူး။

ဝီလီယမ္ဟာ ဘရာဇီးမွာလည္း သံုးပတ္ၾကာ အိမ္ျပင္မထြက္ပဲ ေစာင့္ၾကည့္ခံရဦးမွာျဖစ္ပါတယ္။ ခ်ယ္ဆီးဘက္က ႏုိင္ငံျခားသား ကစားသမားေတြ ျပည္ေတာ္ျပန္ဖို႔ ေတာင္းဆိုလာခဲ့မယ္ဆိုရင္ မိခင္ တိုင္းျပည္ေတြကို ျပန္ပို႔ေပးဖို႔ လုပ္ေဆာင္ေပးမယ့္ ေပၚလစီမ်ိဳးကို ကိုင္ေဆာင္ထားပါတယ္။

ကိုရိုနာေၾကာင့္ အေနာက္ႏုိင္ငံေတြဟာ ခရီးသြားလာခြင့္ေတြကို တားျမစ္မႈေတြ လုပ္ေဆာင္ေနတာျဖစ္ျပီး ႏုိင္ငံ တစ္ႏိုင္ငံကေန အျခား တစ္ႏုိင္ငံကို သြားဖို႔ ဗီဇာ ကန္႔သတ္မႈေတြလည္း ရွိေနတာျဖစ္ပါတယ္။