မာတီနက်ဇ်က ကမ္ဘာ့အကောင်းဆုံးတွေထဲ ပါဝင်တယ်လို့ ချီးကျူးမှု ထွက်ပေါ်

ချယ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ အပြိုင် ပစ်မှတ်ထားနေတဲ့ အင်တာမီလန် တိုက်စစ်မှူး လော်တယ်ရီု မာတီနက်ဇ်က ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲ ပါဝင်ကြောင်း စပါးနည်းပြဟောင်း ပိုချက်တီနိုက ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

အာဂျင်တီးနားသား ဖြစ်တဲ့ မာတီနက်ဇ်ဟာ နည်းပြ ကွန်တီရဲ့ အင်တာမီလန်မှာ အထူးခြေစွမ်းပြနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားထားရမှာ ၁၉ ဂိုး သွင်းယူထားပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးရဲ့ ခြေစွမ်းတွေကြောင့် ပရီးမီးယားလိဂ်မှ ချယ်ဆီးနဲ့ လာလီဂါမှ ဘာစီလိုနာတို့က အပြိုင်ဆိုင် စိတ်ဝင်စားလာပြီး ခေါ်ယူဖို့ ပြင်ဆင်လာကြပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ကစားသမားသစ် ခေါ်ယူမှု မပြုလုပ်နိုင်ခဲ့တာကြောင့် လာမယ့်နွေမှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ လောက်ထိ ရဖို့ ရှိနေပါတယ်။ ဘာစီလိုနာကလည်း လာမယ့် အပြောင်းအရွှေ့မှာ အသင်းမှာ မသုံးဖြစ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ကာ အလိုရှိတဲ့ ကစားသမားများ ခေါ်ဖို့ ပြင်ဆင်နေပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စပါးကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး ဥရောပ ထိပ်သီးကလပ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။ ၎င်းက ချယ်ဆီးနဲ့ ဘာစီလိုနာတို့ ပစ်မှတ်ကစားသမားနဲ့ ပတ်သတ်ပြီး သုံးသပ်မှုတွေ အခုလို ပြုလုပ် လာခဲ့တာပါ။

” လော်တယ်ရို မာတီနက်ဇ်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မူှးတွေထဲ ပါဝင်ပါတယ်။ ဒါက အခု သူ လုပ်ပြနေတာတွေကြောင့် မဟုတ်ပါဘူး။ သူ့မှာ ရှေ့ဆက် အလားအလာကောင်းတွေ အများကြီး ရှိနေပါတယ်။ ကလပ်အသင်းကြီးတွေ စိတ်ဝင်စားနေတဲ့ ကစားသမားတွေကို ကြည့်လိုက်ရင် သူ့နာမည်က ပါကို ပါနေပါတယ်။ ” လို့ ပိုချက်တီနိုက ဆိုပါတယ်။

ချယ်ဆီးအသင်းက ဘာစီလိုနာ ကွင်းလယ် ကော်တင်ညိုကို ခေါ်ယူလိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်တော့ ပိုချက်တီနိုက ဘရာဇီးသားဟာ ချယ်ဆီးအသင်းထံ တကယ် ရောက်ဖြစ်သွားလိမ့်မယ် မထင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ချယ်ဆီးအသင်းက လူငယ်တွေကို အခြေပြုက ခြေတက်နေတဲ့ အသင်း ဖြစ်တဲ့အပြင် ကွင်းလယ်မှာ လုံလောက်တဲ့ အင်အားရှိပြီး ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းနဲ႕ ဘာစီလိုနာအသင္းတို႔ အျပိဳင္ ပစ္မွတ္ထားေနတဲ့ အင္တာမီလန္ တိုက္စစ္မွဴး ေလာ္တယ္ရို မာတီနက္ဇ္က ကမၻာ့ အေကာင္းဆံုး တုိက္စစ္မွဴးေတြထဲ ပါ၀င္ေၾကာင္း စပါးနည္းျပေဟာင္း ပိုခ်က္တီနိုက ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။

အာဂ်င္တီးနားသား ျဖစ္တဲ့ မာတီနက္ဇ္ဟာ နည္းျပ ကြန္တီရဲ႕ အင္တာမီလန္မွာ အထူးေျခစြမ္းျပေနျပီး ဒီရာသီ ျပိဳင္ပြဲစံု ၃၂ ပြဲ ကစားထားရမွာ ၁၉ ဂိုး သြင္းယူထားပါတယ္။ အသက္ ၂၂ နွစ္ အရြယ္ တိုက္စစ္မွဴးရဲ႕ ေျခစြမ္းေတြေၾကာင့္ ပရီးမီးယားလိဂ္မွ ခ်ယ္ဆီးနဲ႕ လာလီဂါမွ ဘာစီလိုနာတို႔က အျပိဳင္ဆုိင္ စိတ္၀င္စားလာျပီး ေခၚယူဖုိ႔ ျပင္ဆင္လာၾကပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက ကစားသမားသစ္ ေခၚယူမႈ မျပဳလုပ္နုိင္ခဲ့တာေၾကာင့္ လာမယ့္ေႏြမွာ အသံုးစရိတ္ ေပါင္ သန္း ၂၀၀ ေလာက္ထိ ရဖို႔ ရွိေနပါတယ္။ ဘာစီလိုနာကလည္း လာမယ့္ အေျပာင္းအေရႊ႕မွာ အသင္းမွာ မသံုးျဖစ္တဲ့ ကစားသမားေတြကို ရွင္းထုတ္ကာ အလိုရွိတဲ့ ကစားသမားမ်ား ေခၚဖုိ႔ ျပင္ဆင္ေနပါတယ္။

ပိုခ်က္တီနိုဟာ ျပီးခဲ့တဲ့ နို၀င္ဘာလက စပါးကေန ထုတ္ပယ္ခံရျပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနသူ ျဖစ္ျပီး ဥေရာပ ထိပ္သီးကလပ္ေတြနဲ႕ ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။ ၄င္းက ခ်ယ္ဆီးနဲ႕ ဘာစီလိုနာတို႔ ပစ္မွတ္ကစားသမားနဲ႕ ပတ္သတ္ျပီး သံုးသပ္မႈေတြ အခုလို ျပဳလုပ္ လာခဲ့တာပါ။

” ေလာ္တယ္ရိုု မာတီနက္ဇ္က ကမၻာ့အေကာင္းဆံုး တိုက္စစ္မဴွးေတြထဲ ပါ၀င္ပါတယ္။ ဒါက အခု သူ လုပ္ျပေနတာေတြေၾကာင့္ မဟုတ္ပါဘူး။ သူ႔မွာ ေရွ႕ဆက္ အလားအလာေကာင္းေတြ အမ်ားၾကီး ရွိေနပါတယ္။ ကလပ္အသင္းၾကီးေတြ စိတ္၀င္စားေနတဲ့ ကစားသမားေတြကို ၾကည့္လိုက္ရင္ သူ႔နာမည္က ပါကို ပါေနပါတယ္။ ” လို႔ ပိုခ်က္တီနိုက ဆိုပါတယ္။

ခ်ယ္ဆီးအသင္းက ဘာစီလိုနာ ကြင္းလယ္ ေကာ္တင္ညိဳကို ေခၚယူလိုတဲ့ သတင္းေတြ ထြက္ေပၚေနတဲ့ အေပၚေတာ့ ပိုခ်က္တီနိုက ဘရာဇီးသားဟာ ခ်ယ္ဆီးအသင္းထံ တကယ္ ေရာက္ျဖစ္သြားလိမ့္မယ္ မထင္ေၾကာင္း သံုးသပ္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းက လူငယ္ေတြကို အေျချပဳက ေျခတက္ေနတဲ့ အသင္း ျဖစ္တဲ့အျပင္ ကြင္းလယ္မွာ လံုေလာက္တဲ့ အင္အားရွိျပီး ျဖစ္တယ္လို႔ ၄င္းက ဆိုပါတယ္။