အူဘာမီးယန်း စာချုပ်သစ်အတွက် အတားအဆီး ဖြစ်နေတဲ့ အိုဇေးလ်

အာဆင်နယ် ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ရဲ့ လစာက ကလပ်အသင်းအတွက် ပြသနာကြီး တစ်ရပ် ဖြစ်နေဆဲလို့ ဂန်းနားဟောင်းကြီး ပေါလ်မာဆန်က ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်မှူး အူဘာမီးယန်းကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုလိုပေမယ့် အဆင်မပြေသေးတာကလည်း အိုဇေးလ် ကိစ္စ ပါဝင်နေတယ်လို့ ပေါမာဆန်က သုံးသပ်လိုက်ပါတယ်။

အာဆင်နယ် အားထားရတဲ့ တိုက်စစ်မှူး အူဘာမီးယန်းက နောက်နှစ်နွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် အသင်း အကြီးအကဲတွေက သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုကာ ကမ်းလှမ်းထားပေမယ့် ကစားသမားကတော့ အပြီးသတ် ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။

” အာဆင်နယ်သာ အူဘာမီးယန်းကို လက်လွှတ်လိုက်ရရင် အသင်းမှာ လုံး၀ ကပ်ဆိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကလပ်အသင်း အနေနဲ့ သေချာ စီမံနိုင်ဖို့ လိုပါတယ်။ သူတို့က အူဘာမီးယန်းကို ပေါင် ၃ သိန်း လုပ်ခ ပေးမှာလား။ ကျနော် အမြဲတမ်း ပြောပါတယ်။ အိုဇေးလ် ရှိနေသမျှ ပတ်လုံး အသင်းမှာ ပြသနာ ရှိနေမှာပါ။ အခုဖြစ်နေတာ ကိစ္စသစ် မဟုတ်ဘူး။

သူတို့ အူဘာမီးယန်းကို ဆက်ထိန်းထားချင်ရင် ငွေကြေးများမျာ သုံးရတော့မယ်။ ဒါပေမယ့် အာဆင်နယ်က တစ်ပတ် ပေါင် ၃ သိန်းလောက် ပေးလိုက်တယ်ပဲ ထား နောက် ၂နှစ် ၃ နှစ် နေရင် သူက ဒီလို ခြေစွမ်းနဲ့ ကစားသမားပဲ ဖြစ်နေဦးမှာလား။ အူဘာက အသက် ၃၁ နား ရောက်နေပါပြီ။ အသက် ၃၄ မှာ အခု အနေအထားအတိုင်း တူညီတဲ့ ကစားသမား မဖြစ်နိုင်တော့ပါဘူး။ ခင်ဗျား ဘယ်သူဆိုတာ ကျနော် ဂရု မစိုက်ဘူး။ အသက် ၃၄ နှစ် အရွယ် ကစားသမားက အရင်လို မဟုတ်နိုင်ဘူးဆိုတာ သေချာတယ်။

အာဆင်နယ်ဟာ ကစားသမား အလိုရှိတဲ့ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အဆင်မပြေသေးဘူး။ ပေါင် ၃ သိန်း လစာထိ တိုးပေးမယ့် အစားတော့ သူ့ကို ထွက်ခွာခွင့် ပြုလိုက်တာက အကျိုး ရှိပါမယ်။

ကစားသမားကို လစာကြီးပေးရင် အိုဇေးလ်တုန်းကလို ပြသနာမျိုး ထပ်ကြုံရမှာပါ။ ဒါ့အပြင် အခြား ကစားသမားတိုင်းကလည်း ဒီပမာဏ အလိုရှိလာမယ်။ အိုဇေးလ် အဖြစ်အပျက်ကို ထိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် တွေးကြပါ။ အခု အူဘာကို လစာကြီးပေးလိုက်ပြီး ထိပ်သီး လေးသင်း မဝင်ရင် ငွေအလကား ဖြုန်းနေသလိုပါပဲ။ ” လို့ ပေါမာဆန်က ထောက်ပြသွားပါတယ်။

Zawgyi – အာဆင္နယ္ ကြင္းလယ္ကစားသမား မီဆြတ္ အိုေဇးလ္ရဲ႕ လစာက ကလပ္အသင္းအတြက္ ျပသနာၾကီး တစ္ရပ္ ျဖစ္ေနဆဲလို႔ ဂန္းနားေဟာင္းၾကီး ေပါလ္မာဆန္က ယံုၾကည္ေနပါတယ္။ အာဆင္နယ္ဟာ တိုက္စစ္မွဴး အူဘာမီးယန္းကို သက္တမ္းတိုးစာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုေပမယ့္ အဆင္မေျပေသးတာကလည္း အိုေဇးလ္ ကိစၥ ပါ၀င္ေနတယ္လို႔ ေပါမာဆန္က သံုးသပ္လိုက္ပါတယ္။

အာဆင္နယ္ အားထားရတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းက ေနာက္နွစ္ေႏြမွာ အသင္းနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မွာ ျဖစ္တာေၾကာင့္ အသင္း အၾကီးအကဲေတြက သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုကာ ကမ္းလွမ္းထားေပမယ့္ ကစားသမားကေတာ့ အျပီးသတ္ ဆံုးျဖတ္နုိင္ျခင္း မရွိေသးပါဘူး။

” အာဆင္နယ္သာ အူဘာမီးယန္းကို လက္လႊတ္လုိက္ရရင္ အသင္းမွာ လံုး၀ ကပ္ဆိုက္သလို ျဖစ္သြားပါလိမ့္မယ္။ ဒီေတာ့ ကလပ္အသင္း အေနနဲ႕ ေသခ်ာ စီမံနိုင္ဖို႔ လိုပါတယ္။ သူတို႔က အူဘာမီးယန္းကို ေပါင္ ၃ သိန္း လုပ္ခ ေပးမွာလား။ က်ေနာ္ အျမဲတမ္း ေျပာပါတယ္။ အိုေဇးလ္ ရွိေနသမွ် ပတ္လံုး အသင္းမွာ ျပသနာ ရွိေနမွာပါ။ အခုျဖစ္ေနတာ ကိစၥသစ္ မဟုတ္ဘူး။

သူတို႔ အူဘာမီးယန္းကို ဆက္ထိန္းထားခ်င္ရင္ ေငြေၾကးမ်ားမ်ာ သံုးရေတာ့မယ္။ ဒါေပမယ့္ အာဆင္နယ္က တစ္ပတ္ ေပါင္ ၃ သိန္းေလာက္ ေပးလိုက္တယ္ပဲ ထား ေနာက္ ၂နွစ္ ၃ နွစ္ ေနရင္ သူက ဒီလို ေျခစြမ္းနဲ႕ ကစားသမားပဲ ျဖစ္ေနဦးမွာလား။ အူဘာက အသက္ ၃၁ နား ေရာက္ေနပါျပီ။ အသက္ ၃၄ မွာ အခု အေနအထားအတိုင္း တူညီတဲ့ ကစားသမား မျဖစ္နုိင္ေတာ့ပါဘူး။ ခင္ဗ်ား ဘယ္သူဆိုတာ က်ေနာ္ ဂရု မစိုက္ဘူး။ အသက္ ၃၄ နွစ္ အရြယ္ ကစားသမားက အရင္လို မဟုတ္နုိင္ဘူးဆိုတာ ေသခ်ာတယ္။

အာဆင္နယ္ဟာ ကစားသမား အလိုရွိတဲ့ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္လည္း အဆင္မေျပေသးဘူး။ ေပါင္ ၃ သိန္း လစာထိ တိုးေပးမယ့္ အစားေတာ့ သူ႔ကို ထြက္ခြာခြင့္ ျပဳလိုက္တာက အက်ိဳး ရွိပါမယ္။

ကစားသမားကို လစာၾကီးေပးရင္ အိုေဇးလ္တုန္းကလို ျပသနာမ်ိဳး ထပ္ၾကံဳရမွာပါ။ ဒါ့အျပင္ အျခား ကစားသမားတိုင္းကလည္း ဒီပမာဏ အလိုရွိလာမယ္။ အိုေဇးလ္ အျဖစ္အပ်က္ကို ထိုင္ျပီး ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ေတြးၾကပါ။ အခု အူဘာကို လစာၾကီးေပးလိုက္ျပီး ထိပ္သီး ေလးသင္း မ၀င္ရင္ ေငြအလကား ျဖဳန္းေနသလိုပါပဲ။ ” လို႔ ေပါမာဆန္က ေထာက္ျပသြားပါတယ္။