ကော်တင်ညိုကို ခေါ်ယူဖို့ ဆက်သွယ်ညှိနှိုင်းမှုတွေ ပြုလုပ်ထားတဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ ဘာစီလိုနာရဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ကော်တင်ညိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့ကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ လီဗာပူးကစားသမားဟောင်းလည်း ဖြစ်တဲ့ ကော်တင်ညိုက လက်ရှိ ဘိုင်ယန်မှာ အငှားထွက် ကစားနေပြီး အငှားစာချုပ်ကလည်း ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကလည်း ကော်တင်ညိုကို အပြီးသတ် ခေါ်ယူမှာ မဟုတ်ကြောင်း အသိပေးထားပြီး ဖြစ်တာကြောင့် ဘာစီလိုနာ အနေနဲ့ အသင်းမှာလည်း ခြေစွမ်းမပြနိုင်တဲ့ ကော်တင်ညိုကို ရောင်းချလိုနေပါတယ်။ ပြီးခဲ့တဲ့နွေကတော့ စပါးအသင်းက ကော်တင်ညို ကို ခေါ်ယူလိုကြောင်း စိတ်ဝင်စားမှု ပြသခဲ့ပါတယ်။

ဘာစီလိုနာက ကော်တင်ညိုကို ၂၀၁၈ မှာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၁၀ နဲ့ လီဗာပူးထံမှ ခေါ်ယူခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲ ပေါင် ၃၂ သန်း ပေးချေစရာများလည်း ပါဝင်ထားပါတယ်။ ဘိုင်ယန်သို့ အငှား ထွက် မကစားခင် ဘာစီလိုနာမှာ ဘောလုံးရာသီပြည့် ကစားခွင့် ရခဲ့သေးသော်လည်း ကော်တင်ညိုက ၎င်းထံမှ မျှော်မှန်းထားသလောက် စွမ်းဆောင်ရည်များ ပြသနိုင်ခြင်း မရှိခဲ့ပါဘူး။

အင်္ဂလန် ပြင်ပမှာ အခြေမကျ ဖြစ်နေတဲ့ ကော်တင်ညိုကို ချယ်ဆီးအသင်း တာဝန်ရှိသူတွေက အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ချိတ်ဆက် ပြောဆိုထားမှုတွေ ရှိတယ်လု့ိ အင်္ဂလန် သတင်းဌာန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ ချယ်ဆီးရဲ့ ကမ်းလှမ်းမှုက ဘိုင်ယန်ရဲ့ လက်ရှိ စာချုပ်နဲ့ ဆင်တူတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ကစားသမားရဲ့ လစာကို ပေးချေမှာ ဖြစ်တဲ့အပြင် ရာသီအလိုက် အငှားခေါ်ခလည်း ထပ်မံ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ဘိုင်ယန်ကို တစ်ရာသီ ပေါင် ၁၅ သန်းခန့် ကော်တင်ညို အတွက် တောင်းဆိုထားတယ်လို့ ယူဆရပြီး ချယ်ဆီးကလည်း ထို ပမာဏ ဝန်းကျင် ပေးဖို့ လိုလားနေပါတယ်။

ကော်တင်ညိုကို ချယ်ဆီးအပြင် စီးရီးအေမှ အင်တာမီလန်နဲ့ အသင်းဟောင်း လီဗာပူးတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်သို့ ပြန်သွားလိုနေပြီး လတ်တလော ဘောလုံးပွဲတွေ ရပ်နားထားရတဲ့ အခြေအနေ အရ ချယ်ဆီးနဲ့ ဘာစီလိုနာတို့ ထပ်မံ အချိန်ယူ ဆွေးနွေးကြဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘာစီလိုနာရဲ႕ ဘရာဇီးသား ကြင္းလယ္ကစားသမား ေကာ္တင္ညိဳကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားခဲ့ေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။ လီဗာပူးကစားသမားေဟာင္းလည္း ျဖစ္တဲ့ ေကာ္တင္ညိဳက လက္ရွိ ဘိုင္ယန္မွာ အငွားထြက္ ကစားေနျပီး အငွားစာခ်ဳပ္ကလည္း ျပီးဆံုးေတာ့မွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကလည္း ေကာ္တင္ညိဳကို အျပီးသတ္ ေခၚယူမွာ မဟုတ္ေၾကာင္း အသိေပးထားျပီး ျဖစ္တာေၾကာင့္ ဘာစီလိုနာ အေနနဲ႕ အသင္းမွာလည္း ေျခစြမ္းမျပနိုင္တဲ့ ေကာ္တင္ညိဳကို ေရာင္းခ်လိုေနပါတယ္။ ျပီးခဲ့တဲ့ေႏြကေတာ့ စပါးအသင္းက ေကာ္တင္ညိဳ ကို ေခၚယူလိုေၾကာင္း စိတ္၀င္စားမႈ ျပသခဲ့ပါတယ္။

ဘာစီလိုနာက ေကာ္တင္ညိဳကို ၂၀၁၈ မွာ ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၁၀ နဲ႕ လီဗာပူးထံမွ ေခၚယူခဲ့တာ ျဖစ္ျပီး ေနာက္ဆက္တြဲ ေပါင္ ၃၂ သန္း ေပးေခ်စရာမ်ားလည္း ပါ၀င္ထားပါတယ္။ ဘိုင္ယန္သို႔ အငွား ထြက္ မကစားခင္ ဘာစီလိုနာမွာ ေဘာလံုးရာသီျပည့္ ကစားခြင့္ ရခဲ့ေသးေသာ္လည္း ေကာ္တင္ညိဳက ၄င္းထံမွ ေမွ်ာ္မွန္းထားသေလာက္ စြမ္းေဆာင္ရည္မ်ား ျပသနုိင္ျခင္း မရွိခဲ့ပါဘူး။

အဂၤလန္ ျပင္ပမွာ အေျခမက် ျဖစ္ေနတဲ့ ေကာ္တင္ညိဳကို ခ်ယ္ဆီးအသင္း တာ၀န္ရွိသူေတြက အငွားနဲ႕ ေခၚယူဖို႔ ဘာစီလိုနာအသင္းထံ ခ်ိတ္ဆက္ ေျပာဆိုထားမႈေတြ ရွိတယ္လု႔ိ အဂၤလန္ သတင္းဌာန တစ္ခုက ေဖာ္ထုတ္လိုက္ပါတယ္။ ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈက ဘိုင္ယန္ရဲ႕ လက္ရွိ စာခ်ဳပ္နဲ႕ ဆင္တူတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးအသငး္ဟာ ကစားသမားရဲ႕ လစာကို ေပးေခ်မွာ ျဖစ္တဲ့အျပင္ ရာသီအလိုက္ အငွားေခၚခလည္း ထပ္မံ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။ ဘာစီလိုနာက ဘိုင္ယန္ကို တစ္ရာသီ ေပါင္ ၁၅ သန္းခန္႔ ေကာ္တင္ညိဳ အတြက္ ေတာင္းဆိုထားတယ္လို႔ ယူဆရျပီး ခ်ယ္ဆီးကလည္း ထို ပမာဏ ၀န္းက်င္ ေပးဖို႔ လိုလားေနပါတယ္။

ေကာ္တင္ညိဳကို ခ်ယ္ဆီးအျပင္ စီးရီးေအမွ အင္တာမီလန္နဲ႕ အသင္းေဟာင္း လီဗာပူးတို႕ကလည္း ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း သိရပါတယ္။ ကစားသမားကုိယ္တိုင္ကလည္း အဂၤလန္သို႔ ျပန္သြားလိုေနျပီး လတ္တေလာ ေဘာလံုးပြဲေတြ ရပ္နားထားရတဲ့ အေျခအေန အရ ခ်ယ္ဆီးနဲ႕ ဘာစီလိုနာတို႔ ထပ္မံ အခ်ိန္ယူ ေဆြးေႏြးၾကဖြယ္ ရွိပါတယ္။