ချယ်ဆီးကနေ အာဆင်နယ်သို့ ထွက်လာရစဉ်က ခက်ခဲမှုများအကြောင်း လူးဝစ် ဖွင့်ဟ

လက်ရှိ အာဆင်နယ်အသင်းရဲ့ ခံစစ်မှူး ဒေးဗစ်လူးဝစ်ဟာ ပြီးခဲ့တဲ့နွေကမှ လန်ဒန်မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ချယ်ဆီးအသင်းထံကနေ အမ်းမရိတ်ထံ ပြောင်းရွှေ့လာခဲ့တာပါ။ ဂန်းနားတွေက လူးဝစ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း သုံးခဲ့ရပြီး အစောပိုင်းမှာ လူးဝစ် ခြေစွမ်းများ မတည်ငြိမ်ခဲ့ပေမယ့် အာတီတာ ရောက်လာပြီးနောက် များစွာ တိုးတက်လာခဲ့ပါတယ်။

ဒေးဗစ်လူးဝစ်က ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားရစဉ်က အသေးအဖွဲလေးတွေက စလို့ သူ့ကို ခက်ခဲ အကြပ်တွေ့စေခဲ့ကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်း ဝန်ထမ်းတွေ၊ နေ့စဉ် ဆုံတွေ့နေကျသူတွေက သူ့ကို ချယ်ဆီးထံ ပြန်လာဖို့သာ တစာစာ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

” ကျနော် ရလိုက်တဲ့ မက်ဆေ့ချ်တိုင်းက ပြန်လာခဲ့၊ ပြန်လာပါ၊ ငါတို့ မင်းအတွက် ရှိတယ် စသဖြင့် အဲဒီလိုတွေချည်းပါ။ ဥပမာတစ်ခု ကျနော် ပြောပြမယ်။ အသက် ၇၅ နှစ်လောက် ရှိတဲ့ တကယ့် လူကြီးလူကောင်း တစ်ဦး။ သူက ကြုံတိုင်း ကျနော့် အတွက် မနက်စာ ယူလာပေးလေ့ ရှိတယ်။ သူက ကျနော့်ကို မက်ဆေ့ချ် ပို့တယ် ‘ ငါ မင်းကို ဒီမှာ မနက်စာ ယူလာပေးဖို့ စောင့်နေတုန်းပဲ’တဲ့။ အဲဒီလိုပေါ့။

ဒီလို ကိစ္စတွေက ကျနော့်ကို တော်တော် ခက်ခဲစေပါတယ်။ ဒါပေမယ့် ကျေနာ်က အရေးကြီးဆုံး ဖြစ်တဲ့ ကိုယ့် ဆန္ဒ ကိုယ် မြင်နိုင်တဲ့သူပါ။ ဒါပေမယ့် ကျနော် ပွင့်ပွင့်လင်းလင်း ဝန်ခံနိုင်ပါတယ်။ အာဆင်နယ်ကို စရောက်တဲ့ သုံးလေးရက် တစ်ပတ်လောက်က ကျနော် ဖြစ်နေတဲ့ စိတ်ခံစားမှုတွေ အားလုံးကို နားလည်အောင် ပြောပြဖို့ ခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ချယ်ဆီးအသင်းကို တွဲမြင်ထားကြတာကိုး။

ကျနော်က ချယ်ဆီးအသင်းက လူတိုင်းနဲ့ ဆက်သွယ်မှု ရှိခဲ့တယ်။ တကယ့်ကို ကြီးကြီးမားမား သံယောဇဉ်တွေပါ။ ကျနော် အားလုံး အားလုံး တစ်ယောက်ချင်းစီတိုင်းကို လွမ်းဆွတ်နေခဲ့တယ်။ ” လို့ လူးဝစ်က ဖွင့်ဟခဲ့ပါတယ်။

လူးဝစ်ဟာ ချယ်ဆီးကနေ ထွက်ခွာပြီး အာဆင်နယ်ကို လာရောက်ရပြီးနောက် အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပေမယ့် အချိန်က ကုစားသွားတယ် ဆိုရမှာ ဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ အာဆင်နယ် မှာ ခြေစွမ်းကောင်းတွေ ပြသလာနိုင်ခဲ့ပါတယ်။

Zawgyi – လက္ရွိ အာဆင္နယ္အသင္းရဲ႕ ခံစစ္မွဴး ေဒးဗစ္လူး၀စ္ဟာ ျပီးခဲ့တဲ့ေႏြကမွ လန္ဒန္ျမိဳ႔ခံ ျပိဳ္င္ဘက္ တစ္သင္း ျဖစ္တဲ့ ခ်ယ္ဆီးအသင္းထံကေန အမ္းမရိတ္ထံ ေျပာင္းေရႊ႕လာခဲ့တာပါ။ ဂန္းနားေတြက လူး၀စ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၈ သန္း သံုးခဲ့ရျပီး အေစာပိုင္းမွာ လူး၀စ္ ေျခစြမ္းမ်ား မတည္ျငိမ္ခဲ့ေပမယ့္ အာတီတာ ေရာက္လာျပီးေနာက္ မ်ားစြာ တိုးတက္လာခဲ့ပါတယ္။

ေဒးဗစ္လူး၀စ္က ခ်ယ္ဆီးအသင္းကေန ထြက္ခြာဖို႔ ၾကိဳးစားရစဥ္က အေသးအဖြဲေလးေတြက စလို႔ သူ႔ကို ခက္ခဲ အၾကပ္ေတြ႔ေစခဲ့ေၾကာင္း ၀န္ခံ ေျပာဆိုလိုက္ပါတယ္။ ခ်ယ္ဆီးအသင္း ၀န္ထမ္းေတြ၊ ေန႔စဥ္ ဆံုေတြ႔ေနက်သူေတြက သူ႔ကို ခ်ယ္ဆီးထံ ျပန္လာဖို႔သာ တစာစာ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။

” က်ေနာ္ ရလိုက္တဲ့ မက္ေဆ့ခ်္တိုင္းက ျပန္လာခဲ့၊ ျပန္လာပါ၊ ငါတို႔ မင္းအတြက္ ရွိတယ္ စသျဖင့္ အဲဒီလိုေတြခ်ည္းပါ။ ဥပမာတစ္ခု က်ေနာ္ ေျပာျပမယ္။ အသက္ ၇၅ နွစ္ေလာက္ ရွိတဲ့ တကယ့္ လူၾကီးလူေကာင္း တစ္ဦး။ သူက ၾကံဳတိုင္း က်ေနာ့္ အတြက္ မနက္စာ ယူလာေပးေလ့ ရွိတယ္။ သူက က်ေနာ့္ကုိ မက္ေဆ့ခ်္ ပို႔တယ္ ‘ ငါ မင္းကို ဒီမွာ မနက္စာ ယူလာေပးဖုိ႔ ေစာင့္ေနတုန္းပဲ’တဲ့။ အဲဒီလိုေပါ့။

ဒီလို ကိစၥေတြက က်ေနာ့္ကို ေတာ္ေတာ္ ခက္ခဲေစပါတယ္။ ဒါေပမယ့္ ကေ်နာ္က အေရးၾကီးဆံုး ျဖစ္တဲ့ ကိုယ့္ ဆႏၵ ကိုယ္ ျမင္နို္င္တဲ့သူပါ။ ဒါေပမယ့္ က်ေနာ္ ပြင့္ပြင့္လင္းလင္း ၀န္ခံနုိင္ပါတယ္။ အာဆင္နယ္ကို စေရာက္တဲ့ သံုးေလးရက္ တစ္ပတ္ေလာက္က က်ေနာ္ ျဖစ္ေနတဲ့ စိတ္ခံစားမႈေတြ အားလံုးကို နားလည္ေအာင္ ေျပာျပဖို႔ ခက္ခဲတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္နဲ႕ ခ်ယ္ဆီးအသင္းကို တြဲျမင္ထားၾကတာကိုး။

က်ေနာ္က ခ်ယ္ဆီးအသင္းက လူတိုင္းနဲ႕ ဆက္သြယ္မႈ ရွိခဲ့တယ္။ တကယ့္ကို ၾကီးၾကီးမားမား သံေယာဇဥ္ေတြပါ။ က်ေနာ္ အားလံုး အားလံုး တစ္ေယာက္ခ်င္းစီတိုင္းကို လြမ္းဆြတ္ေနခဲ့တယ္။ ” လို႔ လူး၀စ္က ဖြင့္ဟခဲ့ပါတယ္။

လူး၀စ္ဟာ ခ်ယ္ဆီးကေန ထြက္ခြာျပီး အာဆင္နယ္ကို လာေရာက္ရျပီးေနာက္ အထိုင္က်ဖို႔ ရုန္းကန္ခဲ့ရေပမယ့္ အခ်ိန္က ကုစားသြားတယ္ ဆိုရမွာ ျဖစ္ျပီး ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္ မွာ ေျခစြမ္းေကာင္းေတြ ျပသလာနုိင္ခဲ့ပါတယ္။