ချန်ပီယံတွေတောင် လက်မြောက်ရတဲ့ လက်ရှိ ယူနိုက်တက်ကို ဘာဘာတောဗ့် သုံးသပ်ပြ

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတောဗ့်က အသင်းဟောင်းဟာ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်နေပြီဖြစ်ပြီး အရေးကြီး လိုအပ်နေတာက စိတ်ရှည်မှုပဲ ဖြစ်တယ်ဆိုတာကို ထောက်ပြမှု လုပ်ခဲ့ပါတယ်။

ဘာဘာတောဗ့်က “ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးကို ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း၊ အဝေးကွင်း အနိုင်ယူဖို့ လူအနည်းကပဲ မျှော်လင့်နိုင်တာပါ။ သူတို့ကို နှစ်ကြိမ်တောင် အနိုင်ရတာက တကယ်ကို ကိစ္စကြီးပါတယ်။ ဒါကိုလည်း ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျနော်အတွက်က ဒီရာသီ မန်စီးတီးဟာ လီဗာပူးနောက်မှာပဲ ရှိနေတဲ့ အသင်းပါ။ ဒါကို အားလုံး သိပါတယ်။

တစ်ခါတစ်လေမှာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ကစားနိုင်ပြီး ခြေစွမ်းပြနိုင်တာတွေလည်း ရှိတယ်။ ပြိုင်ဘက်တွေအကြောင်း ကောင်းကောင်းသိတဲ့အခါ ပွဲကို ပိုလွှမ်းမိုး ကစားနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ မန်စီးတီးရဲ့ အားနည်းချက်ကို ယူနိုက်တက်က အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်တာမျိုးပေါ့။

မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အမှတ်ပေးပွဲ နှစ်ကျော့ဟာ ယူနိုက်တက်အတွက် သိပ်ကောင်းတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ အဲ့တာက မန်နေဂျာနဲ့ ကစားသမားတွေကို ချန်ပီယံအသင်းကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ အင်အားတွေကို ပေးစွမ်းနိုင်ပါတယ်။ ” လို့ ဆိုတယ်။

ဒီရာသီမှာ မန်စီးတီးက အရင်နှစ်တွေလောက် ခြေစွမ်းမကောင်းပေမယ့် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ အိုထရတ်ဖိုဒ့်ပွဲမှာ သူတို့ကလည်း ရမှတ်လိုနေခဲ့တာပါ။ အဲ့သည်လို ဒါဘီပွဲမှာတောင် ယူနိုက်တက်က အနိုင်ယူပြခဲ့တာကိုလည်း ဘာဘာတောဗ့်က ထောက်ပြခဲ့တယ်။

တိုက်စစ်မှူးဟောင်းက “ ယူနိုက်တက်က ဒီရာသီမှာ ညံ့ဖျင်းတဲ့ ပွဲတွေကိုလည်း ကစားထားခဲ့ပေမယ့် လိဂ်ရဲ့ အတောင့်တင်းဆုံး အသင်းတစ်သင်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတာကိုလည်း ပြသထားနိုင်ပါတယ်။ တခါတလေ စိတ်ရှည်ခြင်းကလည်း အားသာချက်ပါပဲ။ ဒါပေမယ့် အိုလီက ဘယ်လို ကစားစေလိုတယ် ဆိုတဲ့အပေါ်မှာလည်း လိုက်လံပြီး ကြိုးစားလုပ်ပြဖို့ လိုပါတယ်။

ဒီရာသီ မန်စီးတီးနဲ့ နှစ်ပွဲကို ကြည့်မယ်ဆိုရင် ကျနော်ကတော့ အိုထရတ်ဖိုဒ့်က ၂-၀ နဲ့ အနိုင်ရတဲ့ပွဲကို ပိုကြိုက်ပါတယ်။ နှစ်သင်းလုံးက အမှတ်တွေရဖို့ လိုနေချိန်မှာ ယူနိုက်တက်က ရမှတ်တွေကို ရယူပြလိုက်ခြင်းဟာ ကိုယ်ဘာသာ သက်သေထူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာဗ့္က အသင္းေဟာင္းဟာ ပံုစံေကာင္းေတြနဲ႔ ျပန္လာႏုိင္ေနျပီျဖစ္ျပီး အေရးၾကီး လိုအပ္ေနတာက စိတ္ရွည္မႈပဲ ျဖစ္တယ္ဆိုတာကို ေထာက္ျပမႈ လုပ္ခဲ့ပါတယ္။

ဘာဘာေတာဗ့္က “ ပပ္ဂြာဒီယိုလာရဲ႕ မန္စီးတီးကို ဒီရာသီ ပရီးမီးယားလိဂ္မွာ အိမ္ကြင္း၊ အေဝးကြင္း အႏုိင္ယူဖို႔ လူအနည္းကပဲ ေမွ်ာ္လင့္ႏုိင္တာပါ။ သူတို႔ကို ႏွစ္ၾကိမ္ေတာင္ အႏုိင္ရတာက တကယ္ကို ကိစၥၾကီးပါတယ္။ ဒါကိုလည္း ေျပာခဲ့ျပီးပါျပီ။ ဒါေပမယ့္ က်ေနာ္အတြက္က ဒီရာသီ မန္စီးတီးဟာ လီဗာပူးေနာက္မွာပဲ ရွိေနတဲ့ အသင္းပါ။ ဒါကို အားလံုး သိပါတယ္။

တစ္ခါတစ္ေလမွာ ကိုယ္စိတ္ထဲရွိတဲ့အတုိင္း ကစားႏုိင္ျပီး ေျခစြမ္းျပႏုိင္တာေတြလည္း ရွိတယ္။ ျပိဳင္ဘက္ေတြအေၾကာင္း ေကာင္းေကာင္းသိတဲ့အခါ ပြဲကို ပိုလႊမ္းမိုး ကစားႏုိင္တာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ မန္စီးတီးရဲ႕ အားနည္းခ်က္ကို ယူႏုိက္တက္က အေကာင္းဆံုး ယွဥ္ျပိဳင္ကစားႏုိင္တာမ်ိဳးေပါ့။

မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တဲ့ အမွတ္ေပးပြဲ ႏွစ္ေက်ာ့ဟာ ယူႏုိက္တက္အတြက္ သိပ္ေကာင္းတဲ့ ရလဒ္ပဲ ျဖစ္ပါတယ္။ အဲ့တာက မန္ေနဂ်ာနဲ႔ ကစားသမားေတြကို ခ်န္ပီယံအသင္းကိုေတာင္ အႏုိင္ယူႏုိင္စြမ္းရွိတယ္ဆိုတဲ့ အင္အားေတြကို ေပးစြမ္းႏုိင္ပါတယ္။ ” လို႔ ဆိုတယ္။

ဒီရာသီမွာ မန္စီးတီးက အရင္ႏွစ္ေတြေလာက္ ေျခစြမ္းမေကာင္းေပမယ့္ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ အိုထရတ္ဖိုဒ့္ပြဲမွာ သူတို႔ကလည္း ရမွတ္လိုေနခဲ့တာပါ။ အဲ့သည္လို ဒါဘီပြဲမွာေတာင္ ယူႏုိက္တက္က အႏုိင္ယူျပခဲ့တာကိုလည္း ဘာဘာေတာဗ့္က ေထာက္ျပခဲ့တယ္။

တိုက္စစ္မွဴးေဟာင္းက “ ယူႏုိက္တက္က ဒီရာသီမွာ ညံ့ဖ်င္းတဲ့ ပြဲေတြကိုလည္း ကစားထားခဲ့ေပမယ့္ လိဂ္ရဲ႕ အေတာင့္တင္းဆံုး အသင္းတစ္သင္းကို ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိတာကိုလည္း ျပသထားႏုိင္ပါတယ္။ တခါတေလ စိတ္ရွည္ျခင္းကလည္း အားသာခ်က္ပါပဲ။ ဒါေပမယ့္ အိုလီက ဘယ္လို ကစားေစလိုတယ္ ဆိုတဲ့အေပၚမွာလည္း လိုက္လံျပီး ၾကိဳးစားလုပ္ျပဖို႔ လိုပါတယ္။

ဒီရာသီ မန္စီးတီးနဲ႔ ႏွစ္ပြဲကို ၾကည့္မယ္ဆိုရင္ က်ေနာ္ကေတာ့ အိုထရတ္ဖိုဒ့္က ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲကို ပိုၾကိဳက္ပါတယ္။ ႏွစ္သင္းလံုးက အမွတ္ေတြရဖို႔ လိုေနခ်ိန္မွာ ယူႏုိက္တက္က ရမွတ္ေတြကို ရယူျပလိုက္ျခင္းဟာ ကိုယ္ဘာသာ သက္ေသထူႏုိင္ခဲ့ျခင္းလည္း ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။