ချယ်ဆီးအသင်း စိတ်အေးဖို့ ကတိစကားဆိုလိုက်တဲ့ တိုက်စစ်သမား ဝီလီယံ

ချယ်ဆီးအသင်းရဲ့ ဘရာဇီးသား တောင်ပံတိုက်စစ်သမား ဝီလီယံက ရာသီအကုန် ဇွန်လမှာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီ ဖြစ်ပေမယ့် သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေတော့ဘဲ ရှိပါတယ်။ လတ်တလော ကိုရိုနာ ရိုက်ခတ်မှုကြောင့် ဘောလုံးပွဲများ ရပ်နားထားရပြီး နောက်ဆုတ် ကျင်းပရဖို့လည်း ရှိနေတာကြောင့် စာချုပ်ကုန် ကစားသမားများကို ကလပ်အသင်းက လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ဝီလီယံကတော့ ချယ်ဆီး အနေနဲ့ သူ စာချုပ်ကုန်လို့ လက်လွှတ်ရမှာကို စိတ်မပူဖို့ ပြောလိုက်ပြီး ဘောလုံးရာသီ မပြီးဆုံးဘဲ ဆက်ကစားရရင် သူ စာချုပ်ကုန်သွားသည့်တိုင်း ဇူလိုင်လ နောက်ပိုင်း ဖြစ်နေလည်း ဆက် ကစားပေးမယ်လို့ အသိပေး ပြောကြားလိုက်ပါတယ်။

” ကျနော် စာချုပ်က တကယ် ကုန်တော့မှာပါ။ ဇူလိုင် ဖြစ်မယ် ထင်တယ်။ ဒါပေမယ့် အဲဒီရက်တွေမှာ အသင်းအတွက် ကစားရဖို့ ရှိနေလည်း ကျနော့် အတွက် ပြသနာ မရှိပါဘူး။ ဒီဘောလုံးရာသီ လိဂ်ပြိုင်ပွဲ ပြီးသည် အထိ ကျနော် ဆက် ကစားပေးမှာပါ။ ဒါက ကျနော်နဲ့ အတူ အမြဲ ရှိနေခဲ့တဲ့ အသင်းအပေါ် သစ္စာ ရှိကြောင်း ပြသတဲ့ နည်း တစ်နည်းပဲ ဖြစ်တယ်။ စာချုပ်သစ် ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ကစားပေးသွားမှာပါ။

ဒါပေမယ့် ဘာဖြစ်လာမလဲ ဘယ်သူမှ မသိသေးတော့ ဒါက မသေချာသေးတဲ့ ကိစ္စပေါ့။ ဒါပေမယ့် ကျနော့် စာချုပ် အခြေအနေ ဘယ်လိုပင် ရှိစေ အသင်းအတွက် အမြဲ အကောင်းဆုံးပေးဆပ်ချင်တဲ့ စိတ်ကိုတော့ သံသယ မရှိကြပါနဲ့ ကျနော် အမြဲ အသင့် ရှိနေပါတယ်။ ” လို့ ဝီလီယံက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ဘရာဇီးသားဟာ စတန်းဖို့ဘရစ်ချ်မှာ ဆက်နေဖို့ ၃လခွဲလောက်သာ စာချုပ် ကျန်ရှိတာ ဖြစ်ပြီး စာချုပ်သစ် အတွက် သဘောတူညီမှု မရ ဖြစ်နေပါတယ်။ ဒါကလည်း ချယ်ဆီးအသင်းက ဆက် မခေါ်လိုတာကြောင့် မဟုတ်ဘဲ ချယ်ဆီး ကမ်းလှမ်းမှုက နှစ်နှစ် ဖြစ်နေပြီး ဝီလီယံက ၃ နှစ် အလိုရှိနေတာပါ။

အခုလို အသင်း အကြပ်အတည်းတွေ့ချိန်မှာ ဝီလီယံရဲ့ ကတိပြုစကားကတော့ စိတ်အေးဖွယ် ဖြစ်ပါတယ်။ ဝီလီယံက ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၃၀၀ ကျော် ကစားပေးထားပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား နှစ်ကြိမ် ဆွတ်ခူးဖူးသူ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ဘရာဇီးသား ေတာင္ပံတိုက္စစ္သမား ၀ီလီယံက ရာသီအကုန္ ဇြန္လမွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆံုးျပီ ျဖစ္ေပမယ့္ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အဆင္မေျပေတာ့ဘဲ ရွိပါတယ္။ လတ္တေလာ ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ေဘာလံုးပြဲမ်ား ရပ္နားထားရျပီး ေနာက္ဆုတ္ က်င္းပရဖို႔လည္း ရွိေနတာေၾကာင့္ စာခ်ဳပ္ကုန္ ကစားသမားမ်ားကို ကလပ္အသင္းက လက္လႊတ္ရဖြယ္ ရွိေနပါတယ္။

၀ီလီယံကေတာ့ ခ်ယ္ဆီး အေနနဲ႕ သူ စာခ်ဳပ္ကုန္လို႔ လက္လႊတ္ရမွာကို စိတ္မပူဖို႔ ေျပာလိုက္ျပီး ေဘာလံုးရာသီ မျပီးဆံုးဘဲ ဆက္ကစားရရင္ သူ စာခ်ဳပ္ကုန္သြားသည့္တိုင္း ဇူလိုင္လ ေနာက္ပိုင္း ျဖစ္ေနလည္း ဆက္ ကစားေပးမယ္လို႔ အသိေပး ေျပာၾကားလိုက္ပါတယ္။

” က်ေနာ္ စာခ်ဳပ္က တကယ္ ကုန္ေတာ့မွာပါ။ ဇူလိုင္ ျဖစ္မယ္ ထင္တယ္။ ဒါေပမယ့္ အဲဒီရက္ေတြမွာ အသင္းအတြက္ ကစားရဖို႔ ရွိေနလည္း က်ေနာ့္ အတြက္ ျပသနာ မရွိပါဘူး။ ဒီေဘာလံုးရာသီ လိဂ္ျပိဳင္ပြဲ ျပီးသည္ အထိ က်ေနာ္ ဆက္ ကစားေပးမွာပါ။ ဒါက က်ေနာ္နဲ႕ အတူ အျမဲ ရွိေနခဲ့တဲ့ အသင္းအေပၚ သစၥာ ရွိေၾကာင္း ျပသတဲ့ နည္း တစ္နည္းပဲ ျဖစ္တယ္။ စာခ်ဳပ္သစ္ ရွိသည္ ျဖစ္ေစ မရွိသည္ ျဖစ္ေစ ကစားေပးသြားမွာပါ။

ဒါေပမယ့္ ဘာျဖစ္လာမလဲ ဘယ္သူမွ မသိေသးေတာ့ ဒါက မေသခ်ာေသးတဲ့ ကိစၥေပါ့။ ဒါေပမယ့္ က်ေနာ့္ စာခ်ဳပ္ အေျခအေန ဘယ္လိုပင္ ရွိေစ အသင္းအတြက္ အျမဲ အေကာင္းဆံုးေပးဆပ္ခ်င္တဲ့ စိတ္ကိုေတာ့ သံသယ မရွိၾကပါနဲ႕ က်ေနာ္ အျမဲ အသင့္ ရွိေနပါတယ္။ ” လို႔ ၀ီလီယံက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

အသက္ ၃၁ နွစ္ အရြယ္ ဘရာဇီးသားဟာ စတန္းဖို႔ဘရစ္ခ်္မွာ ဆက္ေနဖို႔ ၃လခြဲေလာက္သာ စာခ်ဳပ္ က်န္ရွိတာ ျဖစ္ျပီး စာခ်ဳပ္သစ္ အတြက္ သေဘာတူညီမႈ မရ ျဖစ္ေနပါတယ္။ ဒါကလည္း ခ်ယ္ဆီးအသင္းက ဆက္ မေခၚလိုတာေၾကာင့္ မဟုတ္ဘဲ ခ်ယ္ဆီး ကမ္းလွမ္းမႈက နွစ္နွစ္ ျဖစ္ေနျပီး ၀ီလီယံက ၃ နွစ္ အလိုရွိေနတာပါ။

အခုလို အသင္း အၾကပ္အတည္းေတြ႔ခ်ိန္မွာ ၀ီလီယံရဲ႕ ကတိျပဳစကားကေတာ့ စိတ္ေအးဖြယ္ ျဖစ္ပါတယ္။ ၀ီလီယံက ခ်ယ္ဆီးအသင္းအတြက္ ျပိဳင္ပြဲစံု ပြဲ ၃၀၀ ေက်ာ္ ကစားေပးထားျပီး အသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ ဖလား နွစ္ၾကိမ္ ဆြတ္ခူးဖူးသူ ျဖစ္ပါတယ္။