သက်တမ်းတိုးကိစ္စများ၊ ကလပ်ရဲ့ လေးစားဖွယ် လုပ်ရပ်၊ ဒဏ်ရာသတင်းကောင်းတွေနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ယူအီးအက်ဖ်အေကတော့ နွေမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ် နောက်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ကာ ဥရောပ ပြည်တွင်းလိဂ်တွေကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အဆုံးသတ်ဖို့ ညွှန်ကြားခဲ့ပြီဖြစ်တယ်။

ချယ်ဆီးဟာ ဝါရင့်တောင်ပံသမား ဝီလီယမ်ကို သက်တမ်းတိုးဖို့ ပိုမို အခွင့်အရေး နည်းလာပြီလို့ သိရတယ်။ ဒါ့အပြင် အေဘရာဟမ်ကို သက်တမ်တိုးကိစ္စ စကားပြောမှု မစသေးဘူးလို့ The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ချယ်ဆီးအသင်းဟာ အူဒီးနိစ်အသင်းမှ အာဂျင်တီးနား ဂိုးသမား ဟွမ် မက်ဆိုကို ခေါ်ယူဖို့ အင်တာမီလန်အသင်းနဲ့ အပြိုင် ထိပ်တိုက်တွေ့နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂိုးသမားဟာ နွေမှာ ဂိုးနေရာ အပြောင်းအလဲ လုပ်ဖို့ စိတ်အား ထက်သန်နေတဲ့ ကလပ်အသင်းကြီး နှစ်သင်းကို မျက်စိကျစေခဲ့တယ်လို့ သိရပါတယ်။

လန်ဒန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ကာကွယ်မှုကို ပူးပေါင်း ပါဝင်တဲ့ အနေနဲ့ ချယ်ဆီးအသင်းဟာ ကလပ်အသင်းပိုင် Millennium Hotel ဟိုတယ်ကို National Health Service (NHS) ဝန်ထမ်းတွေကို အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အသက် ၁၉ နှစ် အရွယ် တိုက်စစ်သမား အိုဒွိုင်းဟာ ကိုရိုနာဗိုင်းရပ်စ် ရှိနေကြောင်း အရင်အပတ်ကပဲ အတည်ပြုနိုင်ခဲ့တာပါ။ ဒါပေမယ့် အိုဒွိုင်းက လျင်မြန်စွာပဲ ပြန်လည် ကောင်းမွန်သက်သာလာပြီး ပုံမှန်အတိုင်းနီးပါး ရှိနေပြီလို့ နည်းပြ လမ်းပတ်က ဝမ်းမြောက်စွာ အသိပေးလာခဲ့ပါတယ်။

အင်္ဂလန် ဘောလုံးသုံးသပ်သူဖြစ်တဲ့ ဂျေမီ ရက်နပ်က အသင်းရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး နေအိမ်အပြင် ထွက်ခဲ့မိတဲ့ မောင့်ကို ခွင့်လွှတ်ပေးဖို့ ချယ်ဆီးအသင်းကို တိုက်တွန်းမှု ပြုလုပ်သွားပါတယ်။

ချယ်ဆီးအတွက် နောက်ထပ် သတင်းကောင်းကတော့ နှစ်သစ်ကူးနောက်ပိုင်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ တောင်ပံသမား ပူလီဆစ်ကလည်း ကြံ့ခိုင်မှု ပြန်ကောင်းလာပြီဖြစ်ကော ဘောလုံး ပြန်ကစားနိုင်နေပြီ ဖြစ်ပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအကေတာ့ ေႏြမွာ က်င္းပဖို႔ ျပင္ဆင္ထားတဲ့ ယူရို ၂၀၂၀ ျပိဳင္ပြဲကို တစ္ႏွစ္ ေနာက္ဆံုးဖို႔ ဆံုးျဖတ္ခဲ့ျပီျဖစ္ကာ ဥေရာပ ျပည္တြင္းလိဂ္ေတြကို ဇြန္လ ၃၀ ရက္ေန႔ ေနာက္ဆံုးထားျပီး အဆံုးသတ္ဖို႔ ညႊန္ၾကားခဲ့ျပီျဖစ္တယ္။

ခ်ယ္ဆီးဟာ ဝါရင့္ေတာင္ပံသမား ဝီလီယမ္ကို သက္တမ္းတိုးဖို႔ ပိုမို အခြင့္အေရး နည္းလာျပီလို႔ သိရတယ္။ ဒါ့အျပင္ ေအဘရာဟမ္ကို သက္တမ္တိုးကိစၥ စကားေျပာမႈ မစေသးဘူးလို႔ The Athletic ရဲ႕ ေဖာ္ျပမႈအရ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ အူဒီးနိစ္အသင္းမွ အာဂ်င္တီးနား ဂိုးသမား ဟြမ္ မက္ဆိုကို ေခၚယူဖို႔ အင္တာမီလန္အသင္းနဲ႕ အျပိဳင္ ထိပ္တိုက္ေတြ႔ေနပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ဂိုးသမားဟာ ေႏြမွာ ဂိုးေနရာ အေျပာင္းအလဲ လုပ္ဖို႔ စိတ္အား ထက္သန္ေနတဲ့ ကလပ္အသင္းၾကီး နွစ္သင္းကို မ်က္စိက်ေစခဲ့တယ္လို႔ သိရပါတယ္။

လန္ဒန္ျမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ကိုရိုနာ ကာကြယ္မႈကို ပူးေပါင္း ပါဝင္တဲ့ အေနနဲ႔ ခ်ယ္ဆီးအသင္းဟာ ကလပ္အသင္းပိုင္ Millennium Hotel ဟိုတယ္ကို National Health Service (NHS) ဝန္ထမ္းေတြကို အသံုးျပဳခြင့္ေပးလိုက္ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အသက္ ၁၉ နွစ္ အရြယ္ တိုက္စစ္သမား အိုဒြိဳင္းဟာ ကိုရိုနာဗိုင္းရပ္စ္ ရွိေနေၾကာင္း အရင္အပတ္ကပဲ အတည္ျပဳနုိင္ခဲ့တာပါ။ ဒါေပမယ့္ အိုဒြိဳင္းက လ်င္ျမန္စြာပဲ ျပန္လည္ ေကာင္းမြန္သက္သာလာျပီး ပံုမွန္အတိုင္းနီးပါး ရွိေနျပီလို႔ နည္းျပ လမ္းပတ္က ၀မ္းေျမာက္စြာ အသိေပးလာခဲ့ပါတယ္။

အဂၤလန္ ေဘာလံုးသံုးသပ္သူျဖစ္တဲ့ ေဂ်မီ ရက္နပ္က အသင္းရဲ႕ တားျမစ္ခ်က္ကို ေဖာက္ဖ်က္ျပီး ေနအိမ္အျပင္ ထြက္ခဲ့မိတဲ့ ေမာင့္ကို ခြင့္လႊတ္ေပးဖို႔ ခ်ယ္ဆီးအသင္းကို တိုက္တြန္းမႈ ျပဳလုပ္သြားပါတယ္။

ခ်ယ္ဆီးအတြက္ ေနာက္ထပ္ သတင္းေကာင္းကေတာ့ ႏွစ္သစ္ကူးေနာက္ပိုင္း ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေတာင္ပံသမား ပူလီဆစ္ကလည္း ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျပီျဖစ္ေကာ ေဘာလံုး ျပန္ကစားႏုိင္ေနျပီ ျဖစ္ပါတယ္။