ချယ်ဆီးနဲ့ နည်းပြဟောင်း ကွန်တီတို့ ထိပ်တိုက်တွေ့ဦးမယ့် ဂိုးသမားလုပွဲ

ချယ်ဆီးအသင်းဟာ နည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းနဲ့ အပြိုင် အူဒီးနိစ်အသင်းမှ အာဂျင်တီးနား ဂိုးသမား ဟွမ် မက်ဆိုကို ခေါ်ယူဖို့ ထိပ်တိုက်တွေ့နေပါတယ်။

အီတလီဘက်က သတင်းများ အဆိုအရ အသက် ၂၅ နှစ် အရွယ် ဂိုးသမားဟာ နွေမှာ ဂိုးနေရာ အပြောင်းအလဲ လုပ်ဖို့ စိတ်အား ထက်သန်နေတဲ့ ကလပ်အသင်းကြီး နှစ်သင်းကို မျက်စိကျစေခဲ့တယ်လို့ သိရပါတယ်။

အင်တာမီလန်က ၎င်းတို့ရဲ့ အသက်ရွယ်ရနေပြီ ဖြစ်တဲ့ အသင်းခေါင်းဆောင် ဂိုးသမား ဟန်ဒန်နိုဗစ် နေရာ ဆက်ခံနိုင်မယ့် ဂိုးသမား တစ်ဦး အလို ရှိနေပြီး ချယ်ဆီးကလည်း ပွဲထွက် ဂိုးသမား ကီပါကို ကောင်းစွာ စိန်ခေါ်နိုင်မယ့် ဂိုးသမား ခေါ်ယူလိုနေတာပါ။

ချယ်ဆီးအသင်းက ဂိုးသမား ကီပါကို ၂၀၁၈ ကမှ ဂိုးသမား တစ်ယောက် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်သော်လည်း နည်းပြ လမ်းပတ်က ကီပါကို အလုံးစုံ စိတ်တိုင်းကျခြင်း မရှိပါဘူး။ ကီပါကို ဖိအားပေးလိုတာကြောင့် အရန် ဂိုးသမား ကာဘယ်လာရိုကို ပွဲ အနည်းငယ် ဝင်ကစားစေခဲ့ပေမယ့် ကာဘယ်လာရိုကလည်း ကီပါကို စိန်ခေါ်နိုင်လောက်တဲ့ အနေအထားမှာ မရှိတော့တာကြောင့် နောက်ထပ် ဂိုးသမား တစ်ဦး ရှာဖွေနေဆဲ ဖြစ်ပါတယ်။

အူဒီးနိစ်ကတော့ ဂိုးသမား မက်ဆို ကို ၂၀၁၈ နွေမှာ ယူရို ၄ သန်းမျှနဲ့ ခေါ်ယူထားခဲ့တာပါ။ အာဂျင်တီးနားလက်ရွေးစင် အသင်းအတွက် ၎င်းက မနှစ်ကပဲ ပါဝင်ကစားခွင့်လည်း ရထားပါတယ်။

ချယ်ဆီးအသင်းနဲ့ မကျေလည်မှုတွေ ရှိထားဖူးတဲ့ နည်းပြ ကွန်တီတို့ဟာ ဂိုးသမား မက်ဆို ကို အရ ခေါ်ယူနိုင်ဖို့ အပြိုင် ကြိုးစားကြဖို့ ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ နည္းျပေဟာင္း ကြန္တီ ကိုင္တြယ္ေနတဲ့ အင္တာမီလန္အသင္းနဲ႕ အျပိဳင္ အူဒီးနိစ္အသင္းမွ အာဂ်င္တီးနား ဂိုးသမား ဟြမ္ မက္ဆိုကို ေခၚယူဖို႔ ထိပ္တိုက္ေတြ႔ေနပါတယ္။

အီတလီဘက္က သတင္းမ်ား အဆိုအရ အသက္ ၂၅ နွစ္ အရြယ္ ဂိုးသမားဟာ ေႏြမွာ ဂိုးေနရာ အေျပာင္းအလဲ လုပ္ဖို႔ စိတ္အား ထက္သန္ေနတဲ့ ကလပ္အသင္းၾကီး နွစ္သင္းကို မ်က္စိက်ေစခဲ့တယ္လို႔ သိရပါတယ္။

အင္တာမီလန္က ၄င္းတို႔ရဲ႕ အသက္ရြယ္ရေနျပီ ျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဂိုးသမား ဟန္ဒန္နိုဗစ္ ေနရာ ဆက္ခံနုိင္မယ့္ ဂိုးသမား တစ္ဦး အလို ရွိေနျပီး ခ်ယ္ဆီးကလည္း ပြဲထြက္ ဂိုးသမား ကီပါကို ေကာင္းစြာ စိန္ေခၚနုိင္မယ့္ ဂိုးသမား ေခၚယူလိုေနတာပါ။

ခ်ယ္ဆီးအသင္းက ဂိုးသမား ကီပါကို ၂၀၁၈ ကမွ ဂိုးသမား တစ္ေယာက္ အတြက္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးနဲ႕ ေခၚယူထားခဲ့တာ ျဖစ္ေသာ္လည္း နည္းျပ လမ္းပတ္က ကီပါကို အလံုးစံု စိတ္တိုင္းက်ျခင္း မရွိပါဘူး။ ကီပါကို ဖိအားေပးလိုတာေၾကာင့္ အရန္ ဂိုးသမား ကာဘယ္လာရိုကို ပြဲ အနည္းငယ္ ၀င္ကစားေစခဲ့ေပမယ့္ ကာဘယ္လာရိုကလည္း ကီပါကို စိန္ေခၚနုိင္ေလာက္တဲ့ အေနအထားမွာ မရွိေတာ့တာေၾကာင့္ ေနာက္ထပ္ ဂိုးသမား တစ္ဦး ရွာေဖြေနဆဲ ျဖစ္ပါတယ္။

အူဒီးနိစ္ကေတာ့ ဂိုးသမား မက္ဆို ကို ၂၀၁၈ ေႏြမွာ ယူရို ၄ သန္းမွ်နဲ႕ ေခၚယူထားခဲ့တာပါ။ အာဂ်င္တီးနားလက္ေရြးစင္ အသင္းအတြက္ ၄င္းက မနွစ္ကပဲ ပါ၀င္ကစားခြင့္လည္း ရထားပါတယ္။

ခ်ယ္ဆီးအသင္းနဲ႕ မေက်လည္မႈေတြ ရွိထားဖူးတဲ့ နည္းျပ ကြန္တီတို႔ဟာ ဂိုးသမား မက္ဆို ကို အရ ေခၚယူနိုင္ဖို႔ အျပိဳင္ ၾကိဳးစားၾကဖို႔ ရွိေနပါတယ္။