စတမ်းဖိုဒ့်ဘရစ်က အသင်းပိုင် ဟိုတယ်ကို ကိုရိုနာကာကွယ်မှုအတွက် သုံးခွင့်ပေးလိုက်တဲ့ ချယ်ဆီး

လန်ဒန်မြို့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ကာကွယ်မှုကို ပူးပေါင်း ပါဝင်တဲ့ အနေနဲ့ ချယ်ဆီးအသင်းဟာ ကလပ်အသင်းပိုင် Millennium Hotel ဟိုတယ်ကို National Health Service (NHS) ကို အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။

ကလပ်အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်က ခွင့်ပြုခဲ့တာဖြစ်ပြီး ဒီလို အသုံးပြုခွင့် ပေးလိုက်ခြင်းက ကိုရိုနာ ကာကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေမှုကို တဖက်တလှမ်းက အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်ပါတယ်။ အခန်းဘယ်လောက်ထိ အသုံးပြုခွင့်ပေးလဲ မသိပေမယ့် ဟိုတယ်တစ်ခုလုံး သုံးခွင့်ပြုလိုက်တာ ဖြစ်ပါလိမ့်မယ်။

များစွာသော ကျန်းမာရေးဝန်ထမ်းတွေဟာ ခရီးဝေးတွေကနေ အသွားအပြန် လုပ်နေရခြင်းကြောင့် အိမ်ပြန်နိုင်ခြင်း မရှိသလို ဒီကူညီမှုအရ ၎င်းတို့ရဲ့ ခရီးချိန် ကြာရှည်မှုကို အထောက်အကူဖြစ်စေဖို့ မျှော်လင့်ရတာဖြစ်တယ်။ ခက်ခဲတဲ့ ကာလတွေအတွင်း ဒေသတွင်း ကျန်းမာရေးဆိုင်ရာ ကယ်တင်မှုတွေကို အကူအညီဖြစ်ဖို့ ရည်ရွယ်ပါတယ်။

အသုံးပြုခွင့်ပေးမယ့် ကာလက နှစ်လဖြစ်ပြီး လိုအပ်လာရင် ထပ်မံပြီးလည်း စီစဉ်ပေးမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာ ဖြစ်ပေးနေတဲ့ ဝန်ထမ်းတွေကတော့ အဆိုပါ ဟိုတယ်ကို အသုံးပြုမှာ မဟုတ်ပါဘူး။ အဆိုပါ ကာလအတွင်း ဟိုတယ်ရဲ့ အသုံးစရိတ်ကို ရိုမန်အေဘရာမိုဗစ်က ပေးသွားမယ်လို့ သိရပါတယ်။

ချယ်ဆီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ကိုရိုနာ ကာကွယ်မှုကို ကြီးကြီးမား အကူအညီပေးတဲ့ ကလပ်အသင်းလည်း ဖြစ်လာစေတယ်။ ချယ်ဆီးအသင်းသား အိုဒွိုင်းဟာ ကိုရိုနာ ကူးစက်ခံခဲ့ရပြီး လက်ရှိမှာတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာသလို ရောဂါကနေလည်း သက်သာလာပါကြောင်း ကလပ်အသင်း မန်နေဂျာ လမ်းပတ်ကိုယ်တိုင်က ထုတ်ဖော် သတင်းပေးထားပါတယ်။

ZAWGYI

လန္ဒန္ျမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ကိုရိုနာ ကာကြယ္မႈကို ပူးေပါင္း ပါဝင္တဲ့ အေနနဲ႔ ခ်ယ္ဆီးအသင္းဟာ ကလပ္အသင္းပိုင္ Millennium Hotel ဟိုတယ္ကို National Health Service (NHS) ကို အသံုးျပဳခြင့္ေပးလိုက္ျပီျဖစ္ပါတယ္။

ကလပ္အသင္းပိုင္ရွင္ ရိုမန္ေအဘရာမိုဗစ္က ခြင့္ျပဳခဲ့တာျဖစ္ျပီး ဒီလို အသံုးျပဳခြင့္ ေပးလိုက္ျခင္းက ကိုရိုနာ ကာကြယ္ဖို႔ ၾကိဳးစားလုပ္ေဆာင္ေနမႈကို တဖက္တလွမ္းက အေထာက္အကူျဖစ္ေစဖို႔ ရည္ရြယ္ျခင္းလည္း ျဖစ္ပါတယ္။ အခန္းဘယ္ေလာက္ထိ အသံုးျပဳခြင့္ေပးလဲ မသိေပမယ့္ ဟိုတယ္တစ္ခုလံုး သံုးခြင့္ျပဳလိုက္တာ ျဖစ္ပါလိမ့္မယ္။

မ်ားစြာေသာ က်န္းမာေရးဝန္ထမ္းေတြဟာ ခရီးေဝးေတြကေန အသြားအျပန္ လုပ္ေနရျခင္းေၾကာင့္ အိမ္ျပန္ႏုိင္ျခင္း မရွိသလို ဒီကူညီမႈအရ ၄င္းတို႔ရဲ႕ ခရီးခ်ိန္ ၾကာရွည္မႈကို အေထာက္အကူျဖစ္ေစဖို႔ ေမွ်ာ္လင့္ရတာျဖစ္တယ္။ ခက္ခဲတဲ့ ကာလေတြအတြင္း ေဒသတြင္း က်န္းမာေရးဆုိင္ရာ ကယ္တင္မႈေတြကို အကူအညီျဖစ္ဖို႔ ရည္ရြယ္ပါတယ္။

အသံုးျပဳခြင့္ေပးမယ့္ ကာလက ႏွစ္လျဖစ္ျပီး လိုအပ္လာရင္ ထပ္မံျပီးလည္း စီစဥ္ေပးမႈေတြ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ေရာဂါလကၡဏာ ျဖစ္ေပးေနတဲ့ ဝန္ထမ္းေတြကေတာ့ အဆိုပါ ဟိုတယ္ကို အသံုးျပဳမွာ မဟုတ္ပါဘူး။ အဆိုပါ ကာလအတြင္း ဟိုတယ္ရဲ႕ အသံုးစရိတ္ကို ရိုမန္ေအဘရာမိုဗစ္က ေပးသြားမယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ကိုရိုနာ ကာကြယ္မႈကို ၾကီးၾကီးမား အကူအညီေပးတဲ့ ကလပ္အသင္းလည္း ျဖစ္လာေစတယ္။ ခ်ယ္ဆီးအသင္းသား အိုဒိြဳင္းဟာ ကိုရိုနာ ကူးစက္ခံခဲ့ရျပီး လက္ရွိမွာေတာ့ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာသလို ေရာဂါကေနလည္း သက္သာလာပါေၾကာင္း ကလပ္အသင္း မန္ေနဂ်ာ လမး္ပတ္ကိုယ္တုိင္က ထုတ္ေဖာ္ သတင္းေပးထားပါတယ္။