ပါရာဂွေးမှာ အကျဉ်းကျနေတဲ့ ရော်နယ်ဒင်ဟိုက သူ့ရဲ့အခြေအနေအတွက် စိတ်ထိခိုက်နေ

ပတ်စ်ပို့အတု ကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ထိန်းသိမ်းခံရကာ ထောင်ထဲမှာ ရှိနေတဲ့ ရော်နယ်ဒင်ဟိုဟာ စိတ်ထိခိုက်နေပြီး ဝမ်းနေနေရကြောင့် ထုတ်ဖော်ပြောဆိုမှု ထွက်ပေါ်နေပါတယ်။

အမြဲတမ်း ပြုံးနေတတ်တဲ့ ဘရာဇီး ဂန္တဝင်ကစားသမားဟောင်းဟာ ရောက်လေရာမှာ ပျော်တတ်သလို ပျော်အောင်လည်း နေတတ်သူအဖြစ် နာမည်ကြီးသူပါ။ ဒီရက်ပိုင်းမှာလည်း ပါရာဂွေး ထောင်ထဲမှာ ဘောလုံးပွဲကို ဝင်ကန်ပြီး ခြေစွမ်းပြခဲ့တာကို ဗီဒီယိုတွေ သတင်းတွေမှာ တွေ့မြင်နေရတာဖြစ်တယ်။

ပါရာဂွေး အကျဉ်းထောင်ထဲမှာ ရော်နယ်ဒင်ဟိုကို သွားရောက် တွေ့ဆုံမှု လုပ်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း နဲလ်ဆင် ကျူးဗတ်စ်က ရော်နယ်ဒင်ဟိုက ပြုံးပြုံးရွှင်ရွှင် ရှိနေပေမယ့် ဝမ်းနည်းအားငယ်နေတယ်လို့ ဆိုလာခဲ့တာဖြစ်တယ်။ ပါရာဂွေး ပြည်ထဲရေးဝန်ကြီးကတော့ ရော်နယ်ဒင်ဟိုကို ထောင်ထဲမှာ အကျဉ်းသားပုံစံ ဆက်ဆံနေတာ မဟုတ်ပဲ အခွင့်အထူးခံ တစ်ဦးအဖြစ် ထားရှိထားပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျူးဗတ်စ်က “ သူဟာ (ရော်နယ်ဒင်ဟို) လက်ရှိ ရှိနေတဲ့ အနေအထားအတွက် ဝမ်းနည်းပြီး မပျော်မရွှင် ဖြစ်နေရပါတယ်။ သူ့ရှေ့နေတွေက ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေပြီး မကြာခင်မှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်ပါတယ်။

သူ နေရတဲ့နေရာက တခြားထောင်သားတွေကို ထားတဲ့ နေရာတွေထက်စာရင် အများကြီး ပိုကျယ် ပိုကောင်းပါတယ်။ ဒါပေမဲ့ သူဟာ ဒီနေရာတွေမှာ နေဖူးလေ့ရှိသူ မဟုတ်ဘူးလေ။ သူနေတဲ့နေရာမှာ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ တယောက်ကို ခုတင်တလုံးစီ ရရှိထားပြီး အဲဒီမှာ သူဟာ ဘောလုံးကစားလို့လည်း ရပါတယ် ” လို့ သတင်းပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပတ္စ္ပို႔အတု ကိုင္ေဆာင္မႈေၾကာင့္ ပါရာေဂြးမွာ ထိန္းသိမ္းခံရကာ ေထာင္ထဲမွာ ရွိေနတဲ့ ေရာ္နယ္ဒင္ဟိုဟာ စိတ္ထိခိုက္ေနျပီး ဝမ္းေနေနရေၾကာင့္ ထုတ္ေဖာ္ေျပာဆိုမႈ ထြက္ေပၚေနပါတယ္။

အျမဲတမ္း ျပံဳးေနတတ္တဲ့ ဘရာဇီး ဂႏၱဝင္ကစားသမားေဟာင္းဟာ ေရာက္ေလရာမွာ ေပ်ာ္တတ္သလို ေပ်ာ္ေအာင္လည္း ေနတတ္သူအျဖစ္ နာမည္ၾကီးသူပါ။ ဒီရက္ပိုင္းမွာလည္း ပါရာေဂြး ေထာင္ထဲမွာ ေဘာလံုးပြဲကို ဝင္ကန္ျပီး ေျခစြမ္းျပခဲ့တာကို ဗီဒီယိုေတြ သတင္းေတြမွာ ေတြ႔ျမင္ေနရတာျဖစ္တယ္။

ပါရာေဂြး အက်ဥ္းေထာင္ထဲမွာ ေရာ္နယ္ဒင္ဟိုကို သြားေရာက္ ေတြ႔ဆံုမႈ လုပ္ခဲ့တဲ့ တိုက္စစ္မွဴးေဟာင္း နဲလ္ဆင္ က်ဴးဗတ္စ္က ေရာ္နယ္ဒင္ဟိုက ျပံဳးျပံဳးရႊင္ရႊင္ ရွိေနေပမယ့္ ဝမ္းနည္းအားငယ္ေနတယ္လို႔ ဆိုလာခဲ့တာျဖစ္တယ္။ ပါရာေဂြး ျပည္ထဲေရးဝန္ၾကီးကေတာ့ ေရာ္နယ္ဒင္ဟိုကို ေထာင္ထဲမွာ အက်ဥ္းသားပံုစံ ဆက္ဆံေနတာ မဟုတ္ပဲ အခြင့့္အထူးခံ တစ္ဦးအျဖစ္ ထားရွိထားပါတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

က်ဴးဗတ္စ္က “ သူဟာ (ေရာ္နယ္ဒင္ဟို) လက္ရွိ ရွိေနတဲ့ အေနအထားအတြက္ ဝမ္းနည္းၿပီး မေပ်ာ္မ႐ႊင္ ျဖစ္ေနရပါတယ္။ သူ႔ေရွ႕ေနေတြက ဒီကိစၥကို ကိုင္တြယ္ေဆာင္႐ြက္ေနၿပီး မၾကာခင္မွာ ေထာင္ကေန ျပန္လည္လြတ္ေျမာက္လာဖို႔ ေမွ်ာ္လင့္ပါတယ္။

သူ ေနရတဲ့ေနရာက တျခားေထာင္သားေတြကို ထားတဲ့ ေနရာေတြထက္စာရင္ အမ်ားႀကီး ပိုက်ယ္ ပိုေကာင္းပါတယ္။ ဒါေပမဲ့ သူဟာ ဒီေနရာေတြမွာ ေနဖူးေလ့ရွိသူ မဟုတ္ဘူးေလ။ သူေနတဲ့ေနရာမွာ သူတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ တေယာက္ကို ခုတင္တလုံးစီ ရရွိထားၿပီး အဲဒီမွာ သူဟာ ေဘာလုံးကစားလို႔လည္း ရပါတယ္ ” လို႔ သတင္းေပးခဲ့တာျဖစ္ပါတယ္။