ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့် ယှဉ်ပြိုင်ပွဲတွေ အကြို ချယ်ဆီးအတွက် သတင်းကောင်း

ယူအီးအက်ဖ်အေက အမှတ်ပေးလိဂ်တွေကို ဒီရာသီ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ်နိုင်အောင် ပွဲစဉ်ဇယားတွေကို ပြင်ဖို့ သတိပေးချက် ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

မကြာတော့တဲ့ ကာလမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်မယ့် ရက်စွဲတွေကို သက်ဆိုင်ရာ အဖွဲ့ချုပ်တွေက သတင်းထုတ်ပြန်လာမှာဖြစ်ပြီး ပုံမှန်အားဖြင့် ဆိုရင်တော့ လာမယ့် ဧပြီလ ၄ ရက်နေ့ကနေစပြီး ပရီးမီးယားလိဂ်က ပြန်လည် အသက်ဝင်လာမှာပါ။

ချယ်ဆီးအတွက် သတင်းကောင်းကတော့ တောင်ပံသမား အိုဒွိုင်း ကိုရိုနာ ကူးစက်ခံရမှုကနေ သက်သာလာနေပြီဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေရတဲ့ တောင်ပံသမား ပူလီဆစ်ကလည်း ကြံ့ခိုင်မှု ပြန်ကောင်းလာပြီဖြစ်ကော ဘောလုံး ပြန်ကစားနိုင်နေပြီ ဖြစ်ပါတယ်။

လေ့ကျင့်ရေးတွေ နှစ်ပတ်ကြာ ရပ်နားထားကာ အသင်းသားတွေ အားလုံး အိမ်မှာပဲ နေနေရတာဖြစ်ပြီး အမေရိကန် တိုက်စစ်သမားက သူ ဒဏ်ရာက ပြန်သက်လာလာတာကို လူမှုကွန်ယက်ကနေ ထုတ်ဖော်သွားတာဖြစ်တယ်။ နှစ်သစ်ကူးမှာ ဘရိုက်တန်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲကို နောက်ဆုံး ပါခဲ့ပြီးကတည်းက ပူလီဆစ်က ဒဏ်ရာ ရနေခဲ့တာ ဖြစ်ပါတယ်။

ပူလီဆစ်က သူဘောလုံးကစားနေတဲ့ ဗီဒီယိုနဲ့အတူ ‘ အိမ်မှာပဲ နေကြပါ။ အန္တရာယ်ကင်းကင်း နေကြပါ ကိုယ်လူတို့။ ကျနော်ကတော့ ကိုယ်ဘောလုံးနဲ့ အေးဆေးပါပဲ ’ လို့ အသင်းပရိသတ်တွေကို အသိပေးလိုက်တာဖြစ်တယ်။

မကြာခင်မှာတော့ ချယ်ဆီးအတွက် အရေးပါတဲ့ ချန်ပီယံလိဂ်တိုက်ပွဲနဲ့ ရာသီကုန် အဆင့်လေး ဝင်ခွင့်တွေ ပြန်စတင်တော့မှာ ဖြစ်ပြီး အဲ့အချိန်လောက်ဆိုရင် အိုဒွိုင်း၊ ပူလီဆစ်နဲ့ လော့တပ်ချိစ်တို့အားလုံး ကြံ့ခိုင်မှုတွေ ကောင်းနေတော့မှာ ဖြစ်ပါတယ်။

ZAWGYI

ယူအီးအက္ဖ္ေအက အမွတ္ေပးလိဂ္ေတြကို ဒီရာသီ ဇြန္လ ၃၀ ရက္ေန႔ ေနာက္ဆံုးထားျပီး အျပီးသတ္ႏုိင္ေအာင္ ပြဲစဥ္ဇယားေတြကို ျပင္ဖို႔ သတိေပးခ်က္ ထုတ္ျပန္ထားျပီျဖစ္ပါတယ္။

မၾကာေတာ့တဲ့ ကာလမွာ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္မယ့္ ရက္စြဲေတြကို သက္ဆုိင္ရာ အဖြဲ႔ခ်ဳပ္ေတြက သတင္းထုတ္ျပန္လာမွာျဖစ္ျပီး ပံုမွန္အားျဖင့္ ဆိုရင္ေတာ့ လာမယ့္ ဧျပီလ ၄ ရက္ေန႔ကေနစျပီး ပရီးမီးယားလိဂ္က ျပန္လည္ အသက္ဝင္လာမွာပါ။

ခ်ယ္ဆီးအတြက္ သတင္းေကာင္းကေတာ့ ေတာင္ပံသမား အိုဒိြဳင္း ကိုရိုနာ ကူးစက္ခံရမႈကေန သက္သာလာေနျပီျဖစ္ျပီး ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေတာင္ပံသမား ပူလီဆစ္ကလည္း ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာျပီျဖစ္ေကာ ေဘာလံုး ျပန္ကစားႏုိင္ေနျပီ ျဖစ္ပါတယ္။

ေလ့က်င့္ေရးေတြ ႏွစ္ပတ္ၾကာ ရပ္နားထားကာ အသင္းသားေတြ အားလံုး အိမ္မွာပဲ ေနေနရတာျဖစ္ျပီး အေမရိကန္ တိုက္စစ္သမားက သူ ဒဏ္ရာက ျပန္သက္လာလာတာကို လူမႈကြန္ယက္ကေန ထုတ္ေဖာ္သြားတာျဖစ္တယ္။ ႏွစ္သစ္ကူးမွာ ဘရိုက္တန္နဲ႔ ရင္ဆိုင္ကစားတဲ့ပြဲကို ေနာက္ဆံုး ပါခဲ့ျပီးကတည္းက ပူလီဆစ္က ဒဏ္ရာ ရေနခဲ့တာ ျဖစ္ပါတယ္။

ပူလီဆစ္က သူေဘာလံုးကစားေနတဲ့ ဗီဒီယိုနဲ႔အတူ ‘ အိမ္မွာပဲ ေနၾကပါ။ အႏၱရာယ္ကင္းကင္း ေနၾကပါ ကိုယ္လူတို႔။ က်ေနာ္ကေတာ့ ကိုယ္ေဘာလံုးနဲ႔ ေအးေဆးပါပဲ ’ လို႔ အသင္းပရိသတ္ေတြကို အသိေပးလိုက္တာျဖစ္တယ္။

မၾကာခင္မွာေတာ့ ခ်ယ္ဆီးအတြက္ အေရးပါတဲ့ ခ်န္ပီယံလိဂ္တိုက္ပြဲနဲ႔ ရာသီကုန္ အဆင့္ေလး ဝင္ခြင့္ေတြ ျပန္စတင္ေတာ့မွာ ျဖစ္ျပီး အဲ့အခ်ိန္ေလာက္ဆိုရင္ အိုဒိြဳင္း၊ ပူလီဆစ္နဲ႔ ေလာ့တပ္ခ်ိစ္တို႔အားလံုး ၾကံ႕ခိုင္မႈေတြ ေကာင္းေနေတာ့မွာ ျဖစ္ပါတယ္။