မန်စီးတီးနဲ့ ပွဲ မတိုင်ခင် နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင္နယ္ ၾကယ္ပြင့္ တိုက္စစ္မွဴး နွစ္ဦး ျဖစ္တဲ့ အူဘာမီးယန္းနဲ႕ လာကာဇက္တီတို႔ဟာ အသင္းအတြက္ အေရးပါတဲ့ ပြဲၾကီးေတြမွာ ပို အစြမ္းျပဖို႔ ေပ်ာက္ဆံုးေနၾကတယ္လို႔ ဂန္းနားေဟာင္းၾကီး ခ်ာလီနစ္ကိုးလပ္စ္က သတိေပးလိုက္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္း အူနုိင္း အမ္မရီဟာ ပရီးမီးယားလိဂ္မွာ ဘာသာစကား အခက္အခဲေၾကာင့္ နည္းျပရာထူးကို လက္လႊတ္လိုက္ရတာ မဟုတ္ဘဲ အာဆင္နယ္ရဲ႕ ဆိုး၀ါးတဲ႕ ရလဒ္ေတြေၾကာင့္ ထုတ္ပယ္ခံလိုက္ရျခင္းသာ ျဖစ္တယ္လုိ႔ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက မွတ္ခ်က္ ျပဳလိုက္ပါတယ္။ အမ္မရီက နည္းစနစ္ေတြနဲ႕ ပတ္သတ္ျပီး ကစားသမားေတြထံ စကားမေပါက္ဘူးလို႔ သံုးသပ္မႈေတြ ရွိခဲ့ပါတယ္။

အာဆင္နယ္ ဂႏၱ၀င္ၾကီး အီမန္နူရယ္ ပီတစ္ကေတာ့ လန္ဒန္ကလပ္အေနနဲ႕ ကားလို႔စ္ အန္ဆယ္ေလာ့တီကို နည္းျပသစ္ အျဖစ္ ခန္႔အပ္ရန္ ေနွာင့္ေနွး မေနသင့္ေၾကာင္း တိုက္တြန္း လိုက္ပါတယ္။

အသင္း ယာယီ မန္ေနဂ်ာ ယြန္းဘတ္ဟာ အာဆင္နယ္ကို အျမဲတမ္းနည္းျပ အျဖစ္ တာ၀န္ယူလိုပါက ကလပ္အသင္းကို ေနာက္ရာသီအတြက္ အနည္းဆံုး ယူရိုပါလိဂ္ တစ္ေနရာ ေသခ်ာေအာင္ စြမ္းေဆာင္ေပးဖို႔ လိုအပ္ေနေၾကာင္း ေဒးလီးေမးလ္ကို ေဖာ္ျပထားပါတယ္။ အာဆင္နယ္ဟာ ေနာက္နွစ္ ဥေရာပပြဲ မကစားရပါက အနည္းဆံုး ေပါင္ သန္း ၃၀ နစ္နာဖို႔ ရွိေနပါတယ္။

ယြန္းဘတ္ဟာ ယာယီ နည္းျပ အျဖစ္ အာဆင္နယ္ကို စတင္ တာ၀န္ယူခဲ့ရာမွာ ခက္ခဲတဲ့ ကနဦးကာလ ရင္ဆိုင္ထားရျပီး ဒီတပတ္ မန္စီးတီးနဲ႕ ပြဲစဥ္ကလည္း သူ႔အတြက္ လြယ္ကူစရာ မျမင္ေၾကာင္း ေပါမာဆန္က သံုးသပ္သြားပါတယ္။

အာဆင္နယ္နဲ႕ အဲဗာတန္အသင္းတို႔ထံက ခ်ိတ္ဆက္မႈေတြ ရွိထားတဲ့ မန္စီးတီး လက္ေထာက္ နည္းျပ အာတီတာဟာ အခုတည္းက အသင္းမန္ေနဂ်ာေကာင္း တစ္ေယာက္ ျဖစ္ေနျပီလို႔ ဘရာဇီးသား တိုက္စစ္သမား ဂ်ီဆုက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

Unicode

အာဆင်နယ် ကြယ်ပွင့် တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီးယန်းနဲ့ လာကာဇက်တီတို့ဟာ အသင်းအတွက် အရေးပါတဲ့ ပွဲကြီးတွေမှာ ပို အစွမ်းပြဖို့ ပျောက်ဆုံးနေကြတယ်လို့ ဂန်းနားဟောင်းကြီး ချာလီနစ်ကိုးလပ်စ်က သတိပေးလိုက်ပါတယ်။

အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီဟာ ပရီးမီးယားလိဂ်မှာ ဘာသာစကား အခက်အခဲကြောင့် နည်းပြရာထူးကို လက်လွှတ်လိုက်ရတာ မဟုတ်ဘဲ အာဆင်နယ်ရဲ့ ဆိုးဝါးတဲ့ ရလဒ်တွေကြောင့် ထုတ်ပယ်ခံလိုက်ရခြင်းသာ ဖြစ်တယ်လို့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက မှတ်ချက်ပြုလိုက်ပါတယ်။ အမ်မရီက နည်းစနစ်တွေနဲ့ ပတ်သတ်ပြီး ကစားသမားတွေထံ စကားမပေါက်ဘူးလို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

အာဆင်နယ် ဂန္တဝင်ကြီး အီမန်နူရယ် ပီတစ်ကတော့ လန်ဒန်ကလပ်အနေနဲ့ ကားလို့စ် အန်ဆယ်လော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်ရန် နှောင့်နှေး မနေသင့်ကြောင်း တိုက်တွန်း လိုက်ပါတယ်။

အသင်း ယာယီ မန်နေဂျာ ယွန်းဘတ်ဟာ အာဆင်နယ်ကို အမြဲတမ်းနည်းပြ အဖြစ် တာဝန်ယူလိုပါက ကလပ်အသင်းကို နောက်ရာသီအတွက် အနည်းဆုံး ယူရိုပါလိဂ် တစ်နေရာ သေချာအောင် စွမ်းဆောင်ပေးဖို့ လိုအပ်နေကြောင်း ဒေးလီးမေးလ်ကို ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ နောက်နှစ် ဥရောပပွဲ မကစားရပါက အနည်းဆုံး ပေါင် သန်း ၃၀ နစ်နာဖို့ ရှိနေပါတယ်။

ယွန်းဘတ်ဟာ ယာယီ နည်းပြ အဖြစ် အာဆင်နယ်ကို စတင် တာဝန်ယူခဲ့ရာမှာ ခက်ခဲတဲ့ ကနဦးကာလ ရင်ဆိုင်ထားရပြီး ဒီတပတ် မန်စီးတီးနဲ့ ပွဲစဉ်ကလည်း သူ့အတွက် လွယ်ကူစရာ မမြင်ကြောင်း ပေါမာဆန်က သုံးသပ်သွားပါတယ်။

အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ထံက ချိတ်ဆက်မှုတွေ ရှိထားတဲ့ မန်စီးတီး လက်ထောက် နည်းပြ အာတီတာဟာ အခုတည်းက အသင်းမန်နေဂျာကောင်း တစ်ယောက် ဖြစ်နေပြီလို့ ဘရာဇီးသား တိုက်စစ်သမား ဂျီဆုက ထောက်ခံ ပြောဆိုလိုက်ပါတယ်။