အောင်ပွဲခံတာတွေ ပြောင်းလိုက်တဲ့ ကလော့ပ်၊ ကာတာသို့ ထွက်ခွာခြင်းနဲ့ နောက်ဆုံးရ လီဗာပူး ညနေခင်းသတင်းများ

၀က္ဖို႔ဒ္နဲ႕ ပြဲမွာ လီဗာပူးအသင္း ကစားပံု သိပ္ေကာင္းမြန္ျခင္း မရွိခဲ့တာ အတြက္ စိုးရိမ္ျခင္း မရွိေၾကာင္း ၀ါရင့္ကြင္းလယ္ကစားသမား ဂ်ိမ္းစ္ ေမနာက ဆိုလိုက္ျပီး အသင္းသားေတြရဲ႕ တိုက္ရည္ခိုက္ရည္ စြမ္းရည္က ခ်ီးက်ဴးဖြယ္ ျဖစ္ေၾကာင္း ေျပာဆိုသြားပါတယ္။

မန္စီးတီး ခံစစ္သမား ဖာနန္ဒင္ဟိုက ၄င္းတို႕ အေနနဲ႕ အလွမ္းေ၀းေနျပီျဖစ္တဲ့ ခ်န္ပီယံဆု ဆက္လက္ထိန္းသိမ္းဖို႔နဲ႕ လီဗာပူးအသင္းရဲ႕ အဆင့္ ၁ ေနရာ သိမ္းပိုက္ဖို႔ထိ မၾကည့္အားဘဲ ဒုတိယေနရာမွ လက္စတာေနရာကို ေက်ာ္ျဖတ္ နိုင္ဖို႔သာ ပို အာရံုစိုက္ထားေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

VAR ရွိလာတာက ကြင္းေဘးက သူ႔ရဲ႕ အျပဳအမူေတြကို ေျပာင္းလဲ လာေစခဲ့တယ္လို႔ ကေလာ့ပ္က ၀န္ခံလိုုက္ျပီး လီဗာပူး ဂိုးသြင္းရင္ေတာင္ ခ်က္ခ်င္း ေအာင္ပြဲခံတာမ်ိဳုး မလုပ္ေတာ့ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။ ၀က္ဖို႔ဒ္နဲ႕ ပြဲမွာလည္း မာေနး သြင္းဂိုး လွပခဲ့ေသာ္လည္း VAR နဲ႕ ျပန္ၾကည့္ရႈရာမွာ လူကၽြံေဘာအျဖစ္ သတ္မ်တ္ျပီး ဂိုး ပယ္ဖ်က္ခံခဲ့ရပါတယ္။

လီဗာပူးအသင္းဟာ ၀က္ဖို႔ဒ္ကို ၂ဂိုးျပတ္္နဲ႕ နုိင္ျပီးေနာက္ ဒုတိယေနရာမွ လက္စတာကို ၁၀ မွတ္အထိ ျဖတ္ထားနုိင္ခဲ့ပါတယ္။ ဒီဇင္ဘာလထဲ ပြဲစဥ္ေတြ အမ်ားအျပား ကစားဖို႔ ရွိေသာ္လည္း လီဗာပူးက အေကာင္းဆံုး ေက်ာ္ျဖတ္ကာ ဒီနွစ္ ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္ သြားလိမ့္မယ္လို႔ ခ်ယ္ဆီးနဲ႕ လီဗာပူး ကစားသမားေဟာင္း ဂ်ိဳကိုးလ္ က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

ဖီဖာ ကလပ္အသင္းမ်ား ကမၻာ့ဖလား ျပိဳင္ပြဲ အတြက္ ကစားသမား အေယာက္ ၂၀ ပါ၀င္တဲ့ လီဗာပူးအသင္းဟာ ဒီေန႔ပဲ ကာတာသို႔ ထြက္ခြာသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒဏ္ရာ ရွိေနတဲ့ ကစားသမားေတြထဲ လိုဗရန္ မာတစ္တို႔ကို ထားရစ္ခဲ့ေပမယ့္ ၀ိုက္နယ္ဒန္ကိုေတာ့ ေခၚယူသြားခဲ့ပါတယ္။

ကာတာသို႔ လိုက္ပါသြားတဲ့ လူစာရင္းကေတာ့ အယ္လစ္ဆန္၊ ဗန္ဒိုက္၊ ၀ိုက္နယ္ဒန္၊ ေမနာ၊ ကိတ္တာ၊ ဖာမီနို၊ မာေနး၊ ဆာလက္၊ ဂိုမက္ဇ္၊ အက္ဒရီယန္၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္၊ လယ္လာနာ၊ လိုနာဂန္၊ ရွာကြီရီ၊ ေရာ္ဘတ္ဆန္၊ အိုရီဂီ၊ ဂ်ံဳးစ္၊ အလက္ဇန္းဒါး အာနိုး၊ ၀ီလီယံစ္တို႔ ျဖစ္ပါတယ္။

Unicode

၀က်ဖို့ဒ်နဲ့ ပွဲမှာ လီဗာပူးအသင်း ကစားပုံ သိပ်ကောင်းမွန်ခြင်း မရှိခဲ့တာ အတွက် စိုးရိမ်ခြင်း မရှိကြောင်း ဝါရင့်ကွင်းလယ်ကစားသမား ဂျိမ်းစ် မေနာက ဆိုလိုက်ပြီး အသင်းသားတွေရဲ့ တိုက်ရည်ခိုက်ရည် စွမ်းရည်က ချီးကျူးဖွယ် ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

မန်စီးတီး ခံစစ်သမား ဖာနန်ဒင်ဟိုက ၎င်းတို့ အနေနဲ့ အလှမ်းဝေးနေပြီဖြစ်တဲ့ ချန်ပီယံဆု ဆက်လက်ထိန်းသိမ်းဖို့နဲ့ လီဗာပူးအသင်းရဲ့ အဆင့် ၁ နေရာ သိမ်းပိုက်ဖို့ထိ မကြည့်အားဘဲ ဒုတိယနေရာမှ လက်စတာနေရာကို ကျော်ဖြတ် နိုင်ဖို့သာ ပို အာရုံစိုက်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

VAR ရှိလာတာက ကွင်းဘေးက သူ့ရဲ့ အပြုအမူတွေကို ပြောင်းလဲ လာစေခဲ့တယ်လို့ ကလော့ပ်က ဝန်ခံလိုက်ပြီး လီဗာပူး ဂိုးသွင်းရင်တောင် ချက်ချင်း အောင်ပွဲခံတာမျိုုး မလုပ်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဝက်ဖို့ဒ်နဲ့ ပွဲမှာလည်း မာနေး သွင်းဂိုး လှပခဲ့သော်လည်း VAR နဲ့ ပြန်ကြည့်ရှုရာမှာ လူကျွံဘောအဖြစ် သတ်မျတ်ပြီး ဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ဝက်ဖို့ဒ်ကို ၂ဂိုးပြတ်နဲ့ နိုင်ပြီးနောက် ဒုတိယနေရာမှ လက်စတာကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလထဲ ပွဲစဉ်တွေ အများအပြား ကစားဖို့ ရှိသော်လည်း လီဗာပူးက အကောင်းဆုံး ကျော်ဖြတ်ကာ ဒီနှစ် ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက် သွားလိမ့်မယ်လို့ ချယ်ဆီးနဲ့ လီဗာပူး ကစားသမားဟောင်း ဂျိုကိုးလ် က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဖီဖာ ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမား အယောက် ၂၀ ပါဝင်တဲ့ လီဗာပူးအသင်းဟာ ဒီနေ့ပဲ ကာတာသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒဏ်ရာ ရှိနေတဲ့ ကစားသမားတွေထဲ လိုဗရန် မာတစ်တို့ကို ထားရစ်ခဲ့ပေမယ့် ဝိုက်နယ်ဒန်ကိုတော့ ခေါ်ယူသွားခဲ့ပါတယ်။

ကာတာသို့ လိုက်ပါသွားတဲ့ လူစာရင်းကတော့ အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ဝိုက်နယ်ဒန်၊ မေနာ၊ ကိတ်တာ၊ ဖာမီနို၊ မာနေး၊ ဆာလက်၊ ဂိုမက်ဇ်၊ အက်ဒရီယန်၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်၊ လယ်လာနာ၊ လိုနာဂန်၊ ရှာကွီရီ၊ ရော်ဘတ်ဆန်၊ အိုရီဂီ၊ ဂျုံးစ်၊ အလက်ဇန်းဒါး အာနိုး၊ ဝီလီယံစ်တို့ ဖြစ်ပါတယ်။