ဟာဇက်၊ ကန်တေ၊ အလွန်ဆို၊ ဘန်ဝှိုက်နဲ့ နော်ကဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

ခ်ယ္ဆီး တိုက္စစ္သမားေဟာင္း အီဒင္ဟာဇက္က ၄င္းရဲ႕ ရီးရဲလ္မက္ဒရစ္မွာ ကစားတဲ့ ကာလကုန္ဆံုးသြားရင္ စတန္းဖို႔ဘရစ္ခ်္သို႔ ျပန္လာကာ ခ်ယ္ဆီးအသင္းအတြက္ လာေရာက္ ကစားေပးရန္ ကတိစကား ဆိုခဲ့ပါတယ္။

စေနေန႔ညက ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ဘုန္းေမာက္ကို ရွံဳးနိမ့္ျပီးေနာက္ ခ်ယ္ဆီးအသင္းဟာ မွတ္တမ္းဆိုး မ်ားစြာ ပိုင္ဆိုင္သြားခဲ့ပါတယ္။ ခ်ယ္ဆီးက စတန္းဖို႔ဘရစ္ခ်္မွာ ကစားတဲ့ ေနာက္ဆံုး သံုးပြဲမွာ ၂ ပြဲ ဂိုး မသြင္းနုိင္ဘဲ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္ဆံုး ပရီးမီးယားလဂ္ ၃ ပြဲမွာလည္း ၂ ပြဲ ရွံဳးထားခဲ့ပါျပီ။

ဘုန္းေမာက္နဲ႕ ပြဲအျပီးမွာ ခ်ယ္ဆီးအသင္း အတြက္ လန္ဒန္ဒါဘီ နွစ္ပြဲ ခရစၥမတ္ကာလနဲ႕ အတူ ေစာင့္ၾကိဳေနျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးက စပါးနဲ႕ အာဆင္နယ္တို႔ကို ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး ထိုနွစ္ပြဲၾကားမွာ ေဆာက္သမ္တန္နဲ႕ ကစားရမွာပါ။

ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူး ကို လက္ရွိ ကလပ္္အသင္းကေန ထြက္ခြာဖို႔ ၄င္းရဲ႕ နုိင္ငံအသင္း ျပင္သစ္လက္ေရြးစင္ နည္းျပ ဒတ္ခ်မ့္က ထုတ္ေဖာ္ တိုက္တြန္းလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇန္န၀ါရီမွာ အံ့အားသင့္ဖြယ္ ေခၚယူမႈ အျဖစ္ ဘရိုက္တန္ ဗဟိုခံစစ္မွဴး ဘန္၀ိႈက္ကို ကမ္းလွမ္းဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ဒီရာသီ လိဒ္ယူနိုက္တက္မွာ အငွားကစားရင္း ေျခစြမ္းျပေနတဲ့ ခံစစ္မွဴးကို ဘရိုက္တန္ကေတာ့ ေပါင္ ၂၅ သန္း ၀န္းက်င္ရရင္ လက္လႊတ္မွာ ျဖစ္ပါတယ္။
ျပင္သစ္သား ကြင္းလယ္ကစားသမား ကန္ေတက ခ်ယ္ဆီးအသင္းကေန ထြက္ခြာလိုေနျပီး ၄င္းရဲ႕ ျပင္သစ္အသင္းေဖာ္ ဒမ္ဘီလီ ရွိရာ ဘာစီလိုနာကိုေတာ့ မေရြးခ်ယ္လိုဘဲ ဂ်ဴဗင္တပ္ သို႔မဟုတ္ ရီးရဲလ္သို႔သာ သြားလိုေနေၾကာင္း စပိန္သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

ခ်ယ္ဆီးအသင္းဟာ အသက္ ၂၈ နွစ္ အရြယ္ စပိန္သား အစြန္ခံစစ္မွဴး မားကို႔စ္ အလြန္ဆို အတြက္ ေရာင္းေစ်း ယူရို သန္း ၃၀ (ေပါင္ ၂၅သန္း) အျဖစ္ ေစ်းသတ္မွတ္လိုက္ပါတယ္။

ချယ်ဆီး တိုက်စစ်သမားဟောင်း အီဒင်ဟာဇက်က ၎င်းရဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားတဲ့ ကာလကုန်ဆုံးသွားရင် စတန်းဖို့ဘရစ်ချ်သို့ ပြန်လာကာ ချယ်ဆီးအသင်းအတွက် လာရောက် ကစားပေးရန် ကတိစကား ဆိုခဲ့ပါတယ်။

စနေနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက်ကို ရှုံးနိမ့်ပြီးနောက် ချယ်ဆီးအသင်းဟာ မှတ်တမ်းဆိုး များစွာ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချယ်ဆီးက စတန်းဖို့ဘရစ်ချ်မှာ ကစားတဲ့ နောက်ဆုံး သုံးပွဲမှာ ၂ ပွဲ ဂိုး မသွင်းနိုင်ဘဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး ပရီးမီးယားလဂ် ၃ ပွဲမှာလည်း ၂ ပွဲ ရှုံးထားခဲ့ပါပြီ။

ဘုန်းမောက်နဲ့ ပွဲအပြီးမှာ ချယ်ဆီးအသင်း အတွက် လန်ဒန်ဒါဘီ နှစ်ပွဲ ခရစ္စမတ်ကာလနဲ့ အတူ စောင့်ကြိုနေပြီ ဖြစ်ပါတယ်။ ချယ်ဆီးက စပါးနဲ့ အာဆင်နယ်တို့ကို ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ထိုနှစ်ပွဲကြားမှာ ဆောက်သမ်တန်နဲ့ ကစားရမှာပါ။

ချယ်ဆီးတိုက်စစ်မှူး ဂျီရူး ကို လက်ရှိ ကလပ်အသင်းကနေ ထွက်ခွာဖို့ ၎င်းရဲ့ နိုင်ငံအသင်း ပြင်သစ်လက်ရွေးစင် နည်းပြ ဒတ်ချမ့်က ထုတ်ဖော် တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ အံ့အားသင့်ဖွယ် ခေါ်ယူမှု အဖြစ် ဘရိုက်တန် ဗဟိုခံစစ်မှူး ဘန်ဝှိုက်ကို ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီရာသီ လိဒ်ယူနိုက်တက်မှာ အငှားကစားရင်း ခြေစွမ်းပြနေတဲ့ ခံစစ်မှူးကို ဘရိုက်တန်ကတော့ ပေါင် ၂၅ သန်း ဝန်းကျင်ရရင် လက်လွှတ်မှာ ဖြစ်ပါတယ်။
ပြင်သစ်သား ကွင်းလယ်ကစားသမား ကန်တေက ချယ်ဆီးအသင်းကနေ ထွက်ခွာလိုနေပြီး ၎င်းရဲ့ ပြင်သစ်အသင်းဖော် ဒမ်ဘီလီ ရှိရာ ဘာစီလိုနာကိုတော့ မရွေးချယ်လိုဘဲ ဂျူဗင်တပ် သို့မဟုတ် ရီးရဲလ်သို့သာ သွားလိုနေကြောင်း စပိန်သတင်းများမှာ ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းဟာ အသက် ၂၈ နှစ် အရွယ် စပိန်သား အစွန်ခံစစ်မှူး မားကို့စ် အလွန်ဆို အတွက် ရောင်းဈေး ယူရို သန်း ၃၀ (ပေါင် ၂၅သန်း) အဖြစ် ဈေးသတ်မှတ်လိုက်ပါတယ်။