ဥရောပ ပြိုင်ပွဲတွေ ရပ်ဖွယ် ရှိခြင်း၊ ဆန်ချို သတင်းကောင်း၊ ဒရင့်ဝါးတားတို့နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ဥရောပ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်များကို ကိုရိုနာဗိုင်းရပ်စ် အရေးကြောင့် ဆက်လက် ယှဉ်ပြိုင်စေခြင်း မပြုဘဲ ပြိုင်ပွဲကို ရပ်နားထားဖို့ စိစစ် သုံးသပ်နေပြီ ဖြစ်ပါတယ်။

ချယ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်တို့ အပြိုင် ပစ်မှတ်ခံထားခြင်း ခံရတဲ့ တိုက်စစ်သမား ဆန်ချိုကို ဒေါ့မွန်က လာမယ့်နွေမှာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းထံ ပြောင်းရွှေ့ကြေးကြီးနဲ့ ရောင်းချရန် အရိပ်အမြွက် ဆိုလိုက်ပါတယ်။

ချယ်ဆီးအသင်းနဲ့ စပါးတို့ဟာ ဘုန်းမောက် ဂိုးသမား အေရွန် ရန်စ်ဒယ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ အပြိုင် ပစ်မှတ်ထား နေကြပါတယ်။ လန်ဒန် နှစ်သင်းလုံးဟာ ပွဲထွက်နေရာ စိန်ခေါ်နိုင်မယ့် အရန် ဂိုးသမားများ ကိုယ်စီ ရှာဖွေနေကြပါတယ်။

အက်စတွန်ဗီလာအသင်းမှာ အသင်းဖော်နဲ့ ပြသနာတက်ခဲ့တဲ့ ချယ်ဆီးကွင်းလယ်ကစားသမား ဒရင့်ဝါးတားကို ဗီလာက လန်ဒန်သို့ ပြန် စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီး တောင်ပံ တိုက်စစ်သား ဝီလီယံက ၎င်းကို ခေါ်ယူလိုနေတဲ့ လန်ဒန်နှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်း နှစ်သင်းကို ချန်ပီယံလိဂ် ဝင်ခွင့် အခြေအနေ စောင့်ကြည့်ကာ ရွေးချယ်သွားဖို့ ကြံရွယ်နေပါတယ်။

ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါရီကို ပဲလေ့စ်က လာမယ့်နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ယခင် အငှားနဲ့ ခေါ်ယူဖူးတဲ့ ဘယ်လ်ဂျီယံသားကို ထပ်မံ ကြိုးစားရန် ပြင်ဆင်နေပါတယ်။

Zawgyi – ဥေရာပ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္မ်ားကို ကိုရိုနာဗိုင္းရပ္စ္ အေရးေၾကာင့္ ဆက္လက္ ယွဥ္ျပိဳင္ေစျခင္း မျပဳဘဲ ျပိဳင္ပြဲကို ရပ္နားထားဖို႔ စိစစ္ သံုးသပ္ေနျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီး၊ လီဗာပူး၊ ယူနိုက္တက္တို႔ အျပိဳင္ ပစ္မွတ္ခံထားျခင္း ခံရတဲ့ တိုက္စစ္သမား ဆန္ခ်ိဳကို ေဒါ့မြန္က လာမယ့္ေႏြမွာ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းသင္းထံ ေျပာင္းေရႊ႕ေၾကးၾကီးနဲ႕ ေရာင္းခ်ရန္ အရိပ္အျမြက္ ဆိုလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းနဲ႔ စပါးတို႕ဟာ ဘုန္းေမာက္ ဂိုးသမား ေအရြန္ ရန္စ္ဒယ္ကို လာမယ့္ေႏြမွာ ေခၚယူဖို႔ အျပိဳင္ ပစ္မွတ္ထား ေနၾကပါတယ္။ လန္ဒန္ နွစ္သင္းလံုးဟာ ပြဲထြက္ေနရာ စိန္ေခၚနုိင္မယ့္ အရန္ ဂိုးသမားမ်ား ကိုယ္စီ ရွာေဖြေနၾကပါတယ္။

အက္စတြန္ဗီလာအသင္းမွာ အသင္းေဖာ္နဲ႕ ျပသနာတက္ခဲ့တဲ့ ခ်ယ္ဆီးကြင္းလယ္ကစားသမား ဒရင့္၀ါးတားကို ဗီလာက လန္ဒန္သို႔ ျပန္ ေစလႊတ္လိုက္ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီး ေတာင္ပံ တိုက္စစ္သား ၀ီလီယံက ၄င္းကို ေခၚယူလိုေနတဲ့ လန္ဒန္နွစ္သင္း ျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါးအသင္း နွစ္သင္းကို ခ်န္ပီယံလိဂ္ ၀င္ခြင့္ အေျခအေန ေစာင့္ၾကည့္ကာ ေရြးခ်ယ္သြားဖို႔ ၾကံရြယ္ေနပါတယ္။

ခ်ယ္ဆီးတိုက္စစ္မွဴး ဘတ္ရွဴ၀ါရီကို ပဲေလ့စ္က လာမယ့္ေႏြမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနျပီး ယခင္ အငွားနဲ႕ ေခၚယူဖူးတဲ့ ဘယ္လ္ဂ်ီယံသားကို ထပ္မံ ၾကိဳးစားရန္ ျပင္ဆင္ေနပါတယ္။