အားလုံးနဲ့ ပြန်တွေ့ရဖို့နဲ့ မြက်ခင်ပေါ် အတူပြန်လာနိုင်ဖို့ မျှော်လင့်ပါကြောင်း အိုဒွိုင်း ဖွင့်ဟ

ချယ်ဆီးလူငယ်ကြယ်ပွင့်လေး အိုဒွိုင်းက သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပေမယ့် ပြန်လည် သက်သာလာပါပြီလို့ တွစ်တာအကောင့်ကနေ တရားဝင် ထုတ်ပြောလိုက်ပါတယ်။

ချယ်ဆီးအသင်းသား အိုဒွိုင်းနဲ့ အာဆင်နယ်မန်နေဂျာ အာတီတာတို့ ကိုရိုနာ ကူးစက်ခံရတယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၄ နာရီကပဲ စတင်ကာ သိရှိခဲ့ရတာပါ။ ဒီဖြစ်ရပ်တွေ နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရပ်နားဖို့ အစည်းအဝေး ခေါ်နေခဲ့ပြီး မကြာခင်မှာ အတည်ပြုသတင်းတွေ ကြေညာပေးတော့မှာဖြစ်ပါတယ်။

ကာယကံရှင်ဖြစ်တဲ့ အိုဒွိုင်းဟာ ကုသမှုတွေကို စတင်ကာ ခံယူနေသလို သက်သာလာတဲ့ အနေအထားမှာလည်း ရှိနေပါတယ်။ အင်္ဂလန်လူငယ်လေးကတော့ သူ့ရဲ့ တွစ်တာစာမျက်နှာကနေပဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနေပါပြီလို့ ဗီဒီယိုဖိုင်နဲ့ သတင်းပေးသွားခဲ့ပါတယ်။

အိုဒွိုင်းကပဲ “ ကိုယ်လူတို့၊ ခင်ဗျားတို့လည်း သိကြမှာပါဗျာ။ ကုန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ကျနော် ဗိုင်းရပ်စ် ကူးစပ်ခံခဲ့ရပြီး ပြန်သက်သာလာပါပြိ။ တစ်ပတ်လောက် ကိုယ်ဘာသာ စောင့်ကြည့်ခံဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အကြံပေးမှုတွေကို လိုက်လံ ဆောင်ရွက်သွားမှာပါ။

လူတိုင်းနဲ့ မကြာခင်မှာ ပြန်တွေ့ခွင့်ရဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနေ်ာတို့အားလုံး မြက်ခင်းပြင်မှာ မကြာခင်မှာပဲ ခြေပြန်ချနိုင်ဖို့လည်း မျှော်လင့်ပါတယ်ဗျာ။ ဂရုစိုက်ကြပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ လာမယ့်အပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ဘိုင်ယန်မြူနစ်နဲ့ ချယ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်ပွဲ အပါအဝင် ဥရောပပွဲတွေကို ရွှေ့ဆိုင်းလိုက်ပါပြီလို့ ယူအီးအက်ဖ်အေက တရားဝင် ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။ ဘယ်လောက်ထိ ရွှေ့ဆိုင်းမယ်ဆိုတာကိုတော့ မသိရသေးတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးလူငယ္ၾကယ္ပြင့္ေလး အိုဒိြဳင္းက သူဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေပမယ့္ ျပန္လည္ သက္သာလာပါျပီလို႔ တြစ္တာအေကာင့္ကေန တရားဝင္ ထုတ္ေျပာလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းသား အိုဒိြဳင္းနဲ႔ အာဆင္နယ္မန္ေနဂ်ာ အာတီတာတို႔ ကိုရိုနာ ကူးစက္ခံရတယ္ဆိုတာကို ျပီးခဲ့တဲ့ ၂၄ နာရီကပဲ စတင္ကာ သိရွိခဲ့ရတာပါ။ ဒီျဖစ္ရပ္ေတြ ေနာက္ဆက္တြဲအျဖစ္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို ရပ္နားဖို႔ အစည္းအေဝး ေခၚေနခဲ့ျပီး မၾကာခင္မွာ အတည္ျပဳသတင္းေတြ ေၾကညာေပးေတာ့မွာျဖစ္ပါတယ္။

ကာယကံရွင္ျဖစ္တဲ့ အိုဒိြဳင္းဟာ ကုသမႈေတြကို စတင္ကာ ခံယူေနသလို သက္သာလာတဲ့ အေနအထားမွာလည္း ရွိေနပါတယ္။ အဂၤလန္လူငယ္ေလးကေတာ့ သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာကေနပဲ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာေနပါျပီလို႔ ဗီဒီယိုဖိုင္နဲ႔ သတင္းေပးသြားခဲ့ပါတယ္။

အိုဒိြဳင္းကပဲ “ ကိုယ္လူတို႔၊ ခင္ဗ်ားတို႔လည္း သိၾကမွာပါဗ်ာ။ ကုန္ခဲ့တဲ့ ရက္အနည္းငယ္မွာ က်ေနာ္ ဗိုင္းရပ္စ္ ကူးစပ္ခံခဲ့ရျပီး ျပန္သက္သာလာပါျပိ။ တစ္ပတ္ေလာက္ ကိုယ္ဘာသာ ေစာင့္ၾကည့္ခံဖို႔နဲ႔ က်န္းမာေရးဆိုင္ရာ အၾကံေပးမႈေတြကို လုိက္လံ ေဆာင္ရြက္သြားမွာပါ။

လူတိုင္းနဲ႔ မၾကာခင္မွာ ျပန္ေတြ႔ခြင့္ရဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ က်ေန္ာတုိ႔အားလံုုး ျမက္ခင္းျပင္မွာ မၾကာခင္မွာပဲ ေျချပန္ခ်ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္ဗ်ာ။ ဂရုစိုက္ၾကပါ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ လာမယ့္အပတ္မွာ ယွဥ္ျပိဳင္ကစားမယ့္ ဘိုင္ယန္ျမဴနစ္နဲ႔ ခ်ယ္ဆီးတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲ အပါအဝင္ ဥေရာပပြဲေတြကို ေရႊ႔ဆိုင္းလိုက္ပါျပီလို႔ ယူအီးအက္ဖ္ေအက တရားဝင္ ေၾကညာသြားခဲ့ျပီျဖစ္ပါတယ္။ ဘယ္ေလာက္ထိ ေရႊ႔ဆိုင္းမယ္ဆိုတာကိုေတာ့ မသိရေသးတာ ျဖစ္ပါတယ္။