ချယ်ဆီးနဲ့ စပါးအသင်းတို့ အပြိုင် ချိန်ရွယ်လိုက်တဲ့ ပရီးမီးယားလိဂ် ဂိုးသမား
လန်ဒန်မြို့ခံ နှစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ စပါးတို့ဟာ လာမယ့်နွေမှာ ခေါ်ယူဖို့ ပစ်မှတ် အဖြစ် ဘုန်းမောက် ဂိုးသမား အေရွန် ရန်စ်ဒယ်ကို အံ့အားသင့်ဖွယ် အပြိုင် ချိန်ရွယ်လာကြပါတယ်။ ၎င်းတို့ နှစ်သင်းလုံးက ဂိုးနေရာအတွက် အပြောင်းအလဲများ ပြုလုပ်လိုနေပြီး ရန်စ်ဒယ်က ရေဒါထဲ ရောက်ရှိလာခဲ့တာပါ။
ဘုန်းမောက်က တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရသည့်တိုင် ရန်စ်ဒယ်ကတော့ ၎င်းရဲ့ လက်စွမ်းပြမှုတွေကြောင့် ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသမား အရည်အချင်း ရှိကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။
အသက် ၂၁ နှစ် အရွယ် ဂိုးသမားက ဒီရာသီ အစွမ်းပြခွင့် များစွာ ရှိခဲ့ပြီး လိဂ်မှာ ဂိုးကာကွယ်မှု ၁၀၂ ကြိမ် ပြုလုပ်ထားကာ နယူးကာဆယ်မှ ဒူဘရက်ကာနဲ့ အာဆင်နယ်မှာ လီနိုတို့နောက် ကာကွယ်မှု အကြိမ်ရေ အများဆုံးလည်း ဖြစ်ပါတယ်။
စပါးက ဈေးကွက်ထဲမှာ အရန် ဂိုးသမားသစ် ရှာဖွေနေတာ ဖြစ်ပြီး ချယ်ဆီးမှာလည်း လမ်းပတ်နဲ့ ကီပါ အရေးက မအေးသေးဘဲ ဂိုးသမား ရှာဖွေမှု ရှိနေပါသေးတယ်။
ကီပါကို လမ်းပတ်က ၆ပွဲဆက် ပွဲထွက်ကနေ ချန်လှပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပွဲမှာ ပြန်လည် နေရာပေး ကစားစေခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်နွေ မှာတော့ ၎င်းကို စိန်ခေါ်နိုင်မယ့် ဂိုးသမား တစ်ယောက် ခေါ်ယူလိုနေပြီး ဆက်လက် ရှာဖွေနေတာ ဖြစ်ပါတယ်။
ဘုန်းမောက်က အောက်တိုဘာလထဲမှာ ရန်စ်ဒယ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး ၂၀၂၄ ထိ သက်တမ်းရှိပါတယ်။ ရှက်ဖီးယူနိူက်တက် ထံမှ ၂၀၁၇ မှာ ပေါင် ၁ သန်းနဲ့သာ ခေါ်ယူခဲ့တဲ့ လူငယ်ဂိုးသမား ရန်စ်ဒယ်ကို ဘုန်းမောက်တို့ကတော့ လွယ်လွယ် လက်လွှတ်မှာ မဟုတ်ဘဲ ထိန်းသိမ်းဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘုန်းမောက်သာ ရာသီကုန်မှာ တန်းဆင်းရရင်တော့ ရန်စ်ဒယ်ကို ဆွဲထားဖို့ လွယ်မှာ မဟုတ်ပါဘူး။
Zawgyi – လန်ဒန်မြို့ခံ နှစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ စပါးတို့ဟာ လာမယ့်နွေမှာ ခေါ်ယူဖို့ ပစ်မှတ် အဖြစ် ဘုန်းမောက် ဂိုးသမား အေရွန် ရန်စ်ဒယ်ကို အံ့အားသင့်ဖွယ် အပြိုင် ချိန်ရွယ်လာကြပါတယ်။ ၄င်းတို့ နှစ်သင်းလုံးက ဂိုးနေရာအတွက် အပြောင်းအလဲများ ပြုလုပ်လိုနေပြီး ရန်စ်ဒယ်က ရေဒါထဲ ရောက်ရှိလာခဲ့တာပါ။
ဘုန်းမောက်က တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရသည့်တိုင် ရန်စ်ဒယ်ကတော့ ၄င်းရဲ့ လက်စွမ်းပြမှုတွေကြောင့် ပရီးမီးယားလိဂ် ထိပ်တန်း ဂိုးသမား အရည်အချင်း ရှိကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။