တိုက်စစ်မှူး ဘတ်ရှူဝါရီအတွက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားဖို့ ချယ်ဆီး ပြင်ဆင်

ချယ်ဆီးအသင်းဟာ ပွဲကစားခွင့် ပျောက်ဆုံးနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး ဘတ်ရှူဝါရီ အတွက် ကမ်းလှမ်းမှုတွေကို လာမယ့်နွေ အပြောင်းအရွှေ့မှာ လက်ခံစဉ်းစားသွားတော့မှာ ဖြစ်ပါတယ်။ ဘတ်ရှူဝါရီကို ခရစ္စတယ်ပဲလေ့စ်အသင်းက ပြန်ခေါ်ဖို့ အလိုရှိနေပါတယ်။

ဘယ်လ်ဂျီယံသားက ဒီရာသီ စတန်းဖို့ဘရစ်ချ်မှာ စိတ်ပျက်ဖွယ် ဘောလုံးရာသီ ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ချယ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားထားရာ ပွဲထွက်မှ ပါဝင်ခွင့် ၅ ပွဲသာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်နဲ့ ပွဲမှာ ဂျီရူး ပွဲထွက်ခဲ့ပြီးနောက် အရန်မှာ လမ်းပတ်က လူငယ်တိုက်စစ်မှူး ဘရိုဂျာကို ခေါ်ခဲ့တာကြောင့် ဘတ်ရှူဝါရီ တစ်ယောက် အရန်ကနေတောင် ပါဝင်ခွင့် မရဘဲ ရှိလာတာပါ။

လန်ဒန်မြို့ခံ အသင်း ခရစ္စတယ် ပဲလေ့စ်က ဈေးကွက်ထဲမှာ တိုက်စစ်မှူးသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်တာကြောင့် ဘတ်ရှူဝါရီကို မျက်စိကျ လာခဲ့ပါတယ်။ ဘတ်ရှူဝါရီကို ခေါ်ယူဖို့ ပဲလေ့စ်ဘက်က လှုပ်ရှားမှုတွေ စတင်လာပြီလို့ သိရပါတယ်။

ဘတ်ရှူဝါရီက ပြီးခဲ့တဲ့ရာသီ တဝက် ပဲလေ့စ်မှာ အငှား သွားရောက် ကစားခဲ့ပြီး ၁၁ ပွဲ ကစားရမှာ ၅ ဂိုး သွင်းပေးခဲ့ပါတယ်။ ထိုစဉ်က ပဲလေ့စ်ဟာ ဘတ်ရှူဝါရီကို အငှားကုန်ဆုံးတဲ့နောက် အပြီး ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်ဆီးက ပေါင် ၄၅ သန်း တောင်းဆိုခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

လာမယ့်နွေမှာတော့ ဘတ်ရှူဝါရီ စာချုပ်က ချယ်ဆီးနဲ့ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ထိုစဉ်က တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးထက် များစွာ လောျ့ကျသွားဖို့ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ဘတ်ရှူဝါရီကို မာဆေးကလပ်ကနေ ခေါ်ယူစဉ် ၂၀၁၆ တုန်းက ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း ပေးခဲ့ရတာ ဖြစ်ပြီး ဘယ်လ်ဂျီယံသားကို အမြတ်တင် ရောင်းချနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့တာကြောင့် ကစားသမား စာချုပ်မကုန်ခင် လာမယ့် နွေအပြောင်းအရွှေ့မှာတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပြဲကစားခြင့္ ေပ်ာက္ဆံုးေနျပီ ျဖစ္တဲ့ တိုက္စစ္မွဴး ဘတ္ရွဴ၀ါရီ အတြက္ ကမ္းလွမ္းမႈေတြကို လာမယ့္ေႏြ အေျပာင္းအေရႊ႕မွာ လက္ခံစဥ္းစားသြားေတာ့မွာ ျဖစ္ပါတယ္။ ဘတ္ရွဴ၀ါရီကို ခရစၥတယ္ပဲေလ့စ္အသင္းက ျပန္ေခၚဖို႔ အလိုရွိေနပါတယ္။

ဘယ္လ္ဂ်ီယံသားက ဒီရာသီ စတန္းဖို႔ဘရစ္ခ်္မွာ စိတ္ပ်က္ဖြယ္ ေဘာလံုးရာသီ ပိုင္ဆိုင္ထားတာ ျဖစ္ျပီး ခ်ယ္ဆီးအသင္းအတြက္ ျပိဳင္ပြဲစံု ၁၉ ပြဲ ကစားထားရာ ပြဲထြက္မွ ပါ၀င္ခြင့္ ၅ ပြဲသာ ရွိခဲ့ပါတယ္။ ျပီးခဲ့တဲ့ အပတ္က အဲဗာတန္နဲ႕ ပြဲမွာ ဂ်ီရူး ပြဲထြက္ခဲ့ျပီးေနာက္ အရန္မွာ လမ္းပတ္က လူငယ္တိုက္စစ္မွဴး ဘရိုဂ်ာကို ေခၚခဲ့တာေၾကာင့္ ဘတ္ရွဴ၀ါရီ တစ္ေယာက္ အရန္ကေနေတာင္ ပါ၀င္ခြင့္ မရဘဲ ရွိလာတာပါ။

လန္ဒန္ျမိဳ႔ခံ အသင္း ခရစၥတယ္ ပဲေလ့စ္က ေစ်းကြက္ထဲမွာ တိုက္စစ္မွဴးသစ္ တစ္ဦး ရွာေဖြေနတာ ျဖစ္တာေၾကာင့္ ဘတ္ရွဴ၀ါရီကို မ်က္စိက် လာခဲ့ပါတယ္။ ဘတ္ရွဴ၀ါရီကို ေခၚယူဖို႔ ပဲေလ့စ္ဘက္က လႈပ္ရွားမႈေတြ စတင္လာျပီလို႔ သိရပါတယ္။

ဘတ္ရွဴ၀ါရီက ျပီးခဲ့တဲ့ရာသီ တ၀က္ ပဲေလ့စ္မွာ အငွား သြားေရာက္ ကစားခဲ့ျပီး ၁၁ ပြဲ ကစားရမွာ ၅ ဂိုး သြင္းေပးခဲ့ပါတယ္။ ထိုစဥ္က ပဲေလ့စ္ဟာ ဘတ္ရွဴ၀ါရီကို အငွားကုန္ဆံုးတဲ့ေနာက္ အျပီး ၀ယ္ယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ ခ်ယ္ဆီးက ေပါင္ ၄၅ သန္း ေတာင္းဆိုခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့ပါဘူး။

လာမယ့္ေႏြမွာေတာ့ ဘတ္ရွဴ၀ါရီ စာခ်ဳပ္က ခ်ယ္ဆီးနဲ႕ တစ္နွစ္သာ က်န္ရွိေတာ့တာေၾကာင့္ ထိုစဥ္က ေတာင္းဆိုခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးထက္ မ်ားစြာ ေလာ့်က်သြားဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဘတ္ရွဴ၀ါရီကို မာေဆးကလပ္ကေန ေခၚယူစဥ္ ၂၀၁၆ တုန္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၄ သန္း ေပးခဲ့ရတာ ျဖစ္ျပီး ဘယ္လ္ဂ်ီယံသားကို အျမတ္တင္ ေရာင္းခ်နိုင္ဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ ဒါေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ ကစားသမား စာခ်ဳပ္မကုန္ခင္ လာမယ့္ ေႏြအေျပာင္းအေရႊ႕မွာေတာ့ သင့္တင့္တဲ့ ေစ်းနႈန္းနဲ႕ ေရာင္းခ်သြားရန္ ဆံုးျဖတ္ခဲ့ျပီ ျဖစ္ပါတယ္။