ချယ်ဆီးကလွဲ မတွေးတဲ့ အမ်ဘဒူ၊ လူငယ်အသင်း ဗိုလ်လုပွဲ၊ ဘန်ချေးဝဲလ်နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ဒီရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံတိုက်စစ်သမား ဝီလီယံကို အလိုရှိနေတဲ့ အသင်းထဲ လန်ဒန်ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါး အသင်း အပြင် ဘွန်ဒစ်လီဂါမှ ဘိုင်ယန်မြူးနစ်ပါ ပါဝင်လာပါတယ်။

လမ်းပတ်ရဲ့ လာမယ့်နွေ ကစားသမား အဝယ်စာရင်းထဲ ဘယ်စွန် ခံစစ်မှူး တစ်ဦး ခေါ်ဖို့ ရှိနေပြီး လက်စတာမှ ဘန်ချေးဝဲလ်ကိုပဲ တောက်လျောက် စောင့်ကြည့်မှုတွေ ဆက်လက် ပြုလုပ်နေကြောင်း အင်္ဂလန်သတင်းများမှာ ဖော်ပြနေပါတယ်။

မတ်လ ၂၁ ရက်နေ့ စတန်းဖို့ဘရစ်ချ်မှာ ကန်ရမယ့် ချယ်ဆီးလူငယ်အသင်းနဲ့ ယူနိုက်တက် လူငယ်အသင်းတို့ရဲ့ အက်ဖ်အေဖလား လူငယ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွက် လက်မှတ်များ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

အက်စတွန်ဗီလာမှာ အငှား သွားရောက်ကစားနေတဲ့ ချယ်ဆီးအသင်းရဲ့ အင်္ဂလန်သား ကွင်းလယ်သမား ဒရင့်ဝါးတားဟာ ဗီလာအသင်း ထရိန်နင်မှာ အသင်းဖော် ဂျိုတနဲ့ အချင်းများခဲ့ပြီး ခေါင်းနဲ့သွားတိုက်ခဲ့တဲ့ အပြုအမူကြောင့် စောစောပဲ အငှားပြန်လွှတ်ခံရဖွယ် ရှိနေပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် အရေးဟာ ပရီးမီးယားလိဂ်မှာလည်း စတင်ရိုက်ခတ်မှုတွေ ရှိလာတာကြောင့် ချယ်ဆီးအသင်း ပွဲစဉ်တွေ အတွက် ပရိသတ်များ မရေရာ ဖြစ်နေကြတဲ့ အပေါ် ချယ်ဆီးအသင်းဘက်က လာမယ့် ဗီလာနဲ့ ပွဲမှာ ကွင်းထဲ လာရောက် အားပေးနိုင်ကြောင်း အသိပေး ကြေငြာချက် ထုတ်ပြန်ခဲ့ရပါတယ်။

လိုက်ပ်ဇစ်မှာ အငှား သွားရောက်ကစားနေတဲ့ ချယ်ဆီးလူငယ် ကစားသမား အမ်ဘဒူက အပြောင်းအရွှေ့ သတင်းများ ရှိနေတဲ့ အပေါ် အာရုံမထားဘဲ သူ ငယ်စဉ်တည်းက အားပေးလာရတဲ့ ချယ်ဆီးအသင်းနဲ့ အတူ အနာဂတ်မှာ ဆက်ရှီသွားဖို့ပဲ တွေးကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒီရာသီကုန္ရင္ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ ေတာင္ပံတိုက္စစ္သမား ၀ီလီယံကို အလိုရွိေနတဲ့ အသင္းထဲ လန္ဒန္ကလပ္ေတြ ျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါး အသင္း အျပင္ ဘြန္ဒစ္လီဂါမွ ဘိုင္ယန္ျမဴးနစ္ပါ ပါ၀င္လာပါတယ္။

လမ္းပတ္ရဲ႕ လာမယ့္ေႏြ ကစားသမား အ၀ယ္စာရင္းထဲ ဘယ္စြန္ ခံစစ္မွဴး တစ္ဦး ေခၚဖို႔ ရွိေနျပီး လက္စတာမွ ဘန္ေခ်း၀ဲလ္ကိုပဲ ေတာက္ေလ်ာက္ ေစာင့္ၾကည့္မႈေတြ ဆက္လက္ ျပဳလုပ္ေနေၾကာင္း အဂၤလန္သတင္းမ်ားမွာ ေဖာ္ျပေနပါတယ္။

မတ္လ ၂၁ ရက္ေန႔ စတန္းဖို႔ဘရစ္ခ်္မွာ ကန္ရမယ့္ ခ်ယ္ဆီးလူငယ္အသင္းနဲ႕ ယူနိုက္တက္ လူငယ္အသင္းတို႔ရဲ႕ အက္ဖ္ေအဖလား လူငယ္ျပိဳင္ပြဲ ဗိုလ္လုပြဲအတြက္ လက္မွတ္မ်ား စတင္ ေရာင္းခ်ေနျပီ ျဖစ္ပါတယ္။

အက္စတြန္ဗီလာမွာ အငွား သြားေရာက္ကစားေနတဲ့ ခ်ယ္ဆီးအသင္းရဲ႕ အဂၤလန္သား ကြင္းလယ္သမား ဒရင့္၀ါးတားဟာ ဗီလာအသင္း ထရိန္နင္မွာ အသင္းေဖာ္ ဂ်ိဳတနဲ႕ အခ်င္းမ်ားခဲ့ျပီး ေခါင္းနဲ႕သြားတိုက္ခဲ့တဲ့ အျပဳအမူေၾကာင့္ ေစာေစာပဲ အငွားျပန္လႊတ္ခံရဖြယ္ ရွိေနပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ အေရးဟာ ပရီးမီးယားလိဂ္မွာလည္း စတင္ရိုက္ခတ္မႈေတြ ရွိလာတာေၾကာင့္ ခ်ယ္ဆီးအသင္း ပြဲစဥ္ေတြ အတြက္ ပရိသတ္မ်ား မေရရာ ျဖစ္ေနၾကတဲ့ အေပၚ ခ်ယ္ဆီးအသင္းဘက္က လာမယ့္ ဗီလာနဲ႕ ပြဲမွာ ကြင္းထဲ လာေရာက္ အားေပးနုိင္ေၾကာင္း အသိေပး ေၾကျငာခ်က္ ထုတ္ျပန္ခဲ့ရပါတယ္။

လိုက္ပ္ဇစ္မွာ အငွား သြားေရာက္ကစားေနတဲ့ ခ်ယ္ဆီးလူငယ္ ကစားသမား အမ္ဘဒူက အေျပာင္းအေရႊ႕ သတင္းမ်ား ရွိေနတဲ့ အေပၚ အာရံုမထားဘဲ သူ ငယ္စဥ္တည္းက အားေပးလာရတဲ့ ခ်ယ္ဆီးအသင္းနဲ႕ အတူ အနာဂတ္မွာ ဆက္ရွီသြားဖို႔ပဲ ေတြးေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။