အသင်းဖော်ကို ခေါင်းနဲ့ပစ်တိုက်ခဲ့လို့ အငှားကနေ စောစောပြန်လာရဖွယ်ရှိတဲ့ ချယ်ဆီးကွင်းလယ်

အက်စတွန်ဗီလာအသင်းဟာ ချယ်ဆီးကနေ အငှားခေါ်ထားတဲ့ ကွင်းလယ်ကစားသမား ဒန်နီ ဒရင့်ဝါးတားကို ရာသီမကုန်ခင်ဘဲ အငှား ဖျက်သိမ်းကာ စောစော ပြန်လွှတ်ဖွယ် ရှိကြောင်း သတင်း ထွက်ပေါ်လာပါတယ်။

အကြောင်းကတော့ အသင်းဖော် ဂျိုတ ပီလီတိုင်ရိုနဲ့ အသင်း ထရိန်နင်ကွင်းမှာ အငြင်းပွားရင်း ခေါင်းနဲ့ ပစ်တိုက်ခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒရင့်ဝါးတားရဲ့ လုပ်ရပ် အတွက် အနည်းဆုံး ဒဏ်ကြေး များများဆောင်တာလောက် အပြစ်ပေးခံရတာ ဖြစ်နိုင်သလို အငှား ခေါ်ထားပေမယ့် ပွဲထုတ် ကစားတာလည်း နည်းတဲ့ အင်္ဂလန်သားကို မိခင်ကလပ် ချယ်ဆီးထံ ပြန်ပို့တာလည်း ဖြစ်နိုင်ပါတယ်။

ဒရင့်ဝါးတားက အက်စတွန်ဗီလာမှာ အငှားရောက်ရှိနေပေမယ့် ၄ ပွဲသာ ကစားထားရသေးပြီး အသင်းလူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပေးရသူလည်း မဟုတ်တာကြောင့် ရာသီကုန်ထိ ၎င်းကို ထိန်းထားဖို့ မလိုအပ်ဘဲ ရှိနေပါတယ်။

အက်စတွန်ဗီလာအသင်း နည်းပြ ဒင်း စမစ်ဟာ အသင်း တန်းဆင်းဇုန်ထဲ ရောက်နေတာကြောင့် ဖိအားများစွာ ရှိနေပြီး ဒီတစ်ပတ် ချယ်ဆီးနဲ့ တွေ့မယ့် ပွဲမှာ ရလဒ်ကောင်း ယူပေးဖို့လည်း လိုအပ်နေပါတယ်။

ဒရင့်ဝါးတားက ချယ်ဆီးအသင်းထံ ၂၀၁၇ မှာ ရောက်ရှိခဲ့တာ ဖြစ်ပေမယ့် ကွင်းတွင်းမှာ စွမ်းဆောင်ရည်ပိုင်း မကောင်းမွန်တာကြောင့် နေရာ ရခြင်း မရှိပါဘူး။ ဒီရာသီမှာ ဘန်လေ၊ အက်စတွန်ဗီလာတို့မှာ အငှားချကာ ခြေစွမ်း ပြန်တက်လာဖို့ မျှော်လင့်ခဲ့ပေမယ့် ထင်သလို ဖြစ်လာမယ့် အလားအလာ မရှိတော့ဘူး ဆိုရမှာပါ။

Zawgyi – အက္စတြန္ဗီလာအသင္းဟာ ခ်ယ္ဆီးကေန အငွားေခၚထားတဲ့ ကြင္းလယ္ကစားသမား ဒန္နီ ဒရင့္၀ါးတားကို ရာသီမကုန္ခင္ဘဲ အငွား ဖ်က္သိမ္းကာ ေစာေစာ ျပန္လႊတ္ဖြယ္ ရွိေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။

အေၾကာင္းကေတာ့ အသင္းေဖာ္ ဂ်ိဳတ ပီလီတိုင္ရိုနဲ႕ အသင္း ထရိန္နင္ကြင္းမွာ အျငင္းပြားရင္း ေခါင္းနဲ႕ ပစ္တိုက္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဒရင့္၀ါးတားရဲ႕ လုပ္ရပ္ အတြက္ အနည္းဆံုး ဒဏ္ေၾကး မ်ားမ်ားေဆာင္တာေလာက္ အျပစ္ေပးခံရတာ ျဖစ္နုိင္သလို အငွား ေခၚထားေပမယ့္ ပြဲထုတ္ ကစားတာလည္း နည္းတဲ့ အဂၤလန္သားကို မိခင္ကလပ္ ခ်ယ္ဆီးထံ ျပန္ပို႔တာလည္း ျဖစ္နိုင္ပါတယ္။

ဒရင့္၀ါးတားက အက္စတြန္ဗီလာမွာ အငွားေရာက္ရွိေနေပမယ့္ ၄ ပြဲသာ ကစားထားရေသးျပီး အသင္းလူစာရင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ေပးရသူလည္း မဟုတ္တာေၾကာင့္ ရာသီကုန္ထိ ၄င္းကို ထိန္းထားဖို႔ မလိုအပ္ဘဲ ရွိေနပါတယ္။

အက္စတြန္ဗီလာအသင္း နည္းျပ ဒင္း စမစ္ဟာ အသင္း တန္းဆင္းဇုန္ထဲ ေရာက္ေနတာေၾကာင့္ ဖိအားမ်ားစြာ ရွိေနျပီး ဒီတစ္ပတ္ ခ်ယ္ဆီးနဲ႕ ေတြ႔မယ့္ ပြဲမွာ ရလဒ္ေကာင္း ယူေပးဖို႔လည္း လိုအပ္ေနပါတယ္။

ဒရင့္၀ါးတားက ခ်ယ္ဆီးအသင္းထံ ၂၀၁၇ မွာ ေရာက္ရွိခဲ့တာ ျဖစ္ေပမယ့္ ကြင္းတြင္းမွာ စြမ္းေဆာင္ရည္ပိုင္း မေကာင္းမြန္တာေၾကာင့္ ေနရာ ရျခင္း မရွိပါဘူး။ ဒီရာသီမွာ ဘန္ေလ၊ အက္စတြန္ဗီလာတို႔မွာ အငွားခ်ကာ ေျခစြမ္း ျပန္တက္လာဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ထင္သလို ျဖစ္လာမယ့္ အလားအလာ မရွိေတာ့ဘူး ဆိုရမွာပါ။