အိုဒွိုင်း မဟုတ်တော့ဘဲ ဘိုင်ယန်တို့ ပြောင်းလဲ မျက်စိကျလာတဲ့ ချယ်ဆီးအသင်းသား

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်ဟာ ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းကို အသည်းအသန် အလိုရှိခဲ့တာ ဖြစ်ပြီး အကြိမ်ကြိမ် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်သားက ချယ်ဆီးနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်တာကြောင့် ဘိုင်ယန်တို့ နောက်ဆုတ်သွားခဲ့ပြီး ဒီတလောမှာ အခြား ချယ်ဆီးအသင်းသား တစ်ဦးကို စိတ်ဝင်စားလာပြန်ပါတယ်။

ဘိုင်ယန်မြူးနစ် နောက်ထပ် စိတ်ဝင်စားလာတဲ့ ချယ်ဆီး တောင်ပံတိုက်စစ်သမားကတော့ ဝီလီယံပဲ ဖြစ်ပါတယ်။ ဝီလီယံက လာမယ့်နွေမှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး အခုထိ သက်တမ်းတိုး စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။

ဝီလီယံက ချယ်ဆီးအသင်းမှာ ပျော်ရွှင်နေပြီး သက်တမ်းတိုး စာချုပ်မှာ သုံးနှစ် အလိုရှိပေမယ့် ချယ်ဆီးဘက်က ၂နှစ်ထိသာ ကမ်းလှမ်းထား တာကြောင့် ဘရာဇီးသားက လက်မခံဘဲ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ အသက် ၃၀ နဲ့ အထက် ကစားသမားတွေကို တစ်နှစ်သာ သက်တမ်းတိုးလိုတာ ဖြစ်ပြီး ဝီလီယံကို နှစ်နှစ် ထိ ကမ်းလှမ်းခဲ့တာ ဖြစ်တာကြောင့် ထပ်တိုးပေးဖို့ မလိုလားဘဲ ဖြစ်နေတာပါ။

အသက် ၃၁ နှစ် အရွယ် တောင်ပံတိုက်စစ်သမားကလည်း သူ့ရဲ့ တောင်းဆိုမှုကို မလျှော့ပေးလိုဘဲ လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ စိတ်ကြိုက် အသင်း ရွေးချယ်ခွင့် ရှိနေပါတယ်။ ဝီလီယံကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေကလည်း အသင့် ရှိနေတာပါ။

လန်ဒန်မှာ အခြေကျ ပျော်ရွှင်နေတဲ့ ဝီလီယံကို လန်ဒန်မြို့ခံ အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးကလည်း ခေါ်ယူလိုနေပါတယ်။ နောက်ထပ် ပါဝင်လာတဲ့ ထိပ်သီး အသင်းကတော့ ဘိုင်ယန်မြူးနစ် ဖြစ်ပါတယ်။ ၎င်းတို့ကလည်း ရာသီကုန်မှာ တောင်ပံတိုက်စစ်သမားသစ် ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။

ဘိုင်ယန်မြူးနစ်ဟာ အိုဒွိုင်းကို အကြိမ်ကြိမ် ကမ်းလှမ်းမှု မအောင်မြင်ခဲ့သလို မန်စီးတီးမှ ဆာနေးကိုလည်း ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်နိုင်မယ့် ဝီလီယံကို အလေးထား စောင့်ကြည့်လာပြီ ဖြစ်ပါတယ်။

Zawgyi – ဘြန္ဒစ္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္ဟာ ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းကို အသည္းအသန္ အလိုရွိခဲ့တာ ျဖစ္ျပီး အၾကိမ္ၾကိမ္ ကမ္းလွမ္းမႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အဂၤလန္သားက ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တာေၾကာင့္ ဘိုင္ယန္တို႔ ေနာက္ဆုတ္သြားခဲ့ျပီး ဒီတေလာမွာ အျခား ခ်ယ္ဆီးအသင္းသား တစ္ဦးကို စိတ္၀င္စားလာျပန္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ ေနာက္ထပ္ စိတ္၀င္စားလာတဲ့ ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမားကေတာ့ ၀ီလီယံပဲ ျဖစ္ပါတယ္။ ၀ီလီယံက လာမယ့္ေႏြမွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးမွာ ျဖစ္ျပီး အခုထိ သက္တမ္းတိုး စာခ်ဳပ္သစ္ အတြက္ သေဘာတူညီမႈ မရေသးပါဘူး။

၀ီလီယံက ခ်ယ္ဆီးအသင္းမွာ ေပ်ာ္ရႊင္ေနျပီး သက္တမ္းတိုး စာခ်ဳပ္မွာ သံုးနွစ္ အလိုရွိေပမယ့္ ခ်ယ္ဆီးဘက္က ၂နွစ္ထိသာ ကမ္းလွမ္းထား တာေၾကာင့္ ဘရာဇီးသားက လက္မခံဘဲ ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ အသက္ ၃၀ နဲ႕ အထက္ ကစားသမားေတြကို တစ္နွစ္သာ သက္တမ္းတိုးလိုတာ ျဖစ္ျပီး ၀ီလီယံကို နွစ္နွစ္ ထိ ကမ္းလွမ္းခဲ့တာ ျဖစ္တာေၾကာင့္ ထပ္တိုးေပးဖို႔ မလိုလားဘဲ ျဖစ္ေနတာပါ။

အသက္ ၃၁ နွစ္ အရြယ္ ေတာင္ပံတိုက္စစ္သမားကလည္း သူ႔ရဲ႕ ေတာင္းဆိုမႈကို မေလွ်ာ့ေပးလိုဘဲ လာမယ့္ေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ စိတ္ၾကိဳက္ အသင္း ေရြးခ်ယ္ခြင့္ ရွိေနပါတယ္။ ၀ီလီယံကို ေခၚယူလိုတဲ့ ကလပ္အသင္းေတြကလည္း အသင့္ ရွိေနတာပါ။

လန္ဒန္မွာ အေျခက် ေပ်ာ္ရႊင္ေနတဲ့ ၀ီလီယံကို လန္ဒန္ျမိဳ႕ခံ အသင္းေတြ ျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါးကလည္း ေခၚယူလိုေနပါတယ္။ ေနာက္ထပ္ ပါ၀င္လာတဲ့ ထိပ္သီး အသင္းကေတာ့ ဘိုင္ယန္ျမဴးနစ္ ျဖစ္ပါတယ္။ ၄င္းတို႔ကလည္း ရာသီကုန္မွာ ေတာင္ပံတိုက္စစ္သမားသစ္ ေခၚယူဖို႔ ျပင္ဆင္ေနပါျပီ။

ဘိုင္ယန္ျမဴးနစ္ဟာ အိုဒြိဳင္းကို အၾကိမ္ၾကိမ္ ကမ္းလွမ္းမႈ မေအာင္ျမင္ခဲ့သလို မန္စီးတီးမွ ဆာေနးကိုလည္း ေခၚယူနိုင္ျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေခၚနုိင္မယ့္ ၀ီလီယံကို အေလးထား ေစာင့္ၾကည့္လာျပီ ျဖစ္ပါတယ္။