လာမယ့်ရာသီ ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမလား တွက်ချက်သွားတဲ့ စူပါကွန်ပြူတာ

ဘောလုံးပွဲတွေကို ကွန်ပြူတာစနစ်နဲ့ တွက်ချက်မှုတွေ ပြုလုပ်လေ့ရှိတဲ့ FiveThirtyEight ကတော့ ရာသီကုန်မှာ ချယ်ဆီးအသင်းရဲ့ ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်စွမ်းက ၇၉% ရှိပါတယ်လို့ တွက်ချက်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် ထိပ်ဆုံး ၄ သင်းဝင်ခွင့်အတွက် နံပါတ် ၄ ရာက အပြိုင်အဆိုင် အဖြစ်ဆုံး နေရာတွေထဲ ပါဝင်နေတာပါ။ ဒီရာသီမှာတော့ ချန်ပီယံဖြစ်မယ့်အသင်းထက် ထိပ်ဆုံး လေးသင်းဝင်ခွင့်နဲ့ တန်းဆင်းဇုန်တိုက်ပွဲက ပိုမို ပြင်းထန်နေတာဖစ်တယ်။

စူပါကွန်ပြူတာရဲ့ တွက်ချက်အရ လက်ရှိ အဆင့်လေးမှာ ရပ်တည်နေတဲ့ ချယ်ဆီးအသင်းဟာ ရာသီကုန်မှာ ရမှတ် ၆၃ မှတ်နဲ့ ရာသီသိမ်းမှာဖြစ်ပြီး တတိယနေရာက လက်စတာနဲ့ ၃ မှတ်ပဲ ကွာဟမှာဖြစ်တယ်လို့ တွက်ချက်ခဲ့တယ်။ ဒါ့အပြင် ယူနိုက်တက်ကို နှာတဖျားအကွာအဖြစ် ၁ မှတ်အသာ အနေအထားနဲ့ ရပ်တည်သွားမယ်လို့ ဖော်ပြခဲ့တယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး အက်ဖ်အေဖလားလည်း ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့်လို့ လက်ကျန် ပွဲစဉ်တွေအရ စပါးက ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီဖြစ်သလို အာဆင်နယ်က ယူရိုပါလိဂ်က ထွက်ခဲ့ရပြီး ဝုဗ်နဲ့ ယူနိုက်တက်တို့က ခြေစွမ်း တည်ငြိမ်လာတာကြောင့် ပရီးမီးယားလိဂ်ကိုလည်း အာရုံစိုက်ဖို့ လိုအပ်လာတာပါ။

ရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းဝင်ခွင့်အတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာဖြစ်ကာ ချယ်ဆီးဟာ ပွဲစဉ် ၂၉ ပွဲကစားပြီး ရမှတ် ၄၈ မှတ်ထိ ရရှိထားကာ တတိယနေရာက လက်စတာနဲ့ ရမှတ် ၅ မှတ် ကွာဟနေသလို ယူနိုက်တက်ကို ၃ မှတ် ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ေဘာလံုးပြဲေတြကို ကြန္ျပဴတာစနစ္နဲ႔ တြက္ခ်က္မႈေတြ ျပဳလုပ္ေလ့ရွိတဲ့ FiveThirtyEight ကေတာ့ ရာသီကုန္မွာ ခ်ယ္ဆီးအသင္းရဲ႕ ထိပ္ဆံုးေလးသင္းထဲ ဝင္ေရာက္ႏုိင္စြမ္းက ၇၉% ရွိပါတယ္လို႔ တြက္ခ်က္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ၾကည့္မယ္ဆိုရင္ ထိပ္ဆံုး ၄ သင္းဝင္ခြင့္အတြက္ နံပါတ္ ၄ ရာက အျပိဳင္အဆိုင္ အျဖစ္ဆံုး ေနရာေတြထဲ ပါဝင္ေနတာပါ။ ဒီရာသီမွာေတာ့ ခ်န္ပီယံျဖစ္မယ့္အသင္းထက္ ထိပ္ဆံုး ေလးသင္းဝင္ခြင့္နဲ႔ တန္းဆင္းဇုန္တိုက္ပြဲက ပိုမို ျပင္းထန္ေနတာဖစ္တယ္။

စူပါကြန္ျပဴတာရဲ႕ တြက္ခ်က္အရ လက္ရွိ အဆင့္ေလးမွာ ရပ္တည္ေနတဲ့ ခ်ယ္ဆီးအသင္းဟာ ရာသီကုန္မွာ ရမွတ္ ၆၃ မွတ္နဲ႔ ရာသီသိမ္းမွာျဖစ္ျပီး တတိယေနရာက လက္စတာနဲ႔ ၃ မွတ္ပဲ ကြာဟမွာျဖစ္တယ္လုိ႔ တြက္ခ်က္ခဲ့တယ္။ ဒါ့အျပင္ ယူႏုိက္တက္ကို ႏွာတဖ်ားအကြာအျဖစ္ ၁ မွတ္အသာ အေနအထားနဲ႔ ရပ္တည္သြားမယ္လို႔ ေဖာ္ျပခဲ့တယ္။

ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္နဲ႔ ယွဥ္ျပိဳင္ရဖို႔ ရွိေနျပီး အက္ဖ္ေအဖလားလည္း ယွဥ္ျပိဳင္ရဖို႔ ရွိေနပါေသးတယ္။ ဒါေပမယ့္လို႔ လက္က်န္ ပြဲစဥ္ေတြအရ စပါးက ခ်န္ပီယံလိဂ္က ထြက္ခဲ့ရျပီျဖစ္သလို အာဆင္နယ္က ယူရိုပါလိဂ္က ထြက္ခဲ့ရျပီး ဝုဗ္နဲ႔ ယူႏုိက္တက္တို႔က ေျခစြမ္း တည္ျငိမ္လာတာေၾကာင့္ ပရီးမီးယားလိဂ္ကိုလည္း အာရံုစိုက္ဖို႔ လိုအပ္လာတာပါ။

ရာသီကုန္မွာ ထိပ္ဆံုး ၄ သင္းဝင္ခြင့္အတြက္ ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ခ်ယ္ဆီးဟာ ပြဲစဥ္ ၂၉ ပြဲကစားျပီး ရမွတ္ ၄၈ မွတ္ထိ ရရွိထားကာ တတိယေနရာက လက္စတာနဲ႔ ရမွတ္ ၅ မွတ္ ကြာဟေနသလို ယူႏုိက္တက္ကို ၃ မွတ္ ျဖတ္ထားႏုိင္တာ ျဖစ္ပါတယ္။