စီးရီးအေကလပ်တွေကို ကျော်ပြီး ချယ်ဆီး ခေါ်ယူနိုင်ခဲ့တဲ့ ဖင်လန်လူငယ်ကြယ်ပွင့်

ချယ်ဆီးအသင်းဟာ ဖင်လန်လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်သမား ဂျီမိ တော်ရီရမ်နမ်ကို HJK Helsinki ကလပ်အသင်းထံကနေ အရ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တော်ရီရမ်နမ်က လာမယ့်နွေမှာ ချယ်ဆီးအသင်းထံ သုံးနှစ်စာချုပ်နဲ့ လာရောက်ပူးပေါင်းတော့မှာပါ။

အသက် ၁၆ နှစ် အရွယ် လူငယ်လေးဟာ ဥရောပ ထိပ်သီးကလပ်အသင်းတွေရဲ့ ရေဒါထဲ လအတန်ကြာရှိနေပြီး စောင့်ကြည့်ခြင်း ခံနေရ တာပါ။ ၎င်းက စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းထံ အစမ်း သွားရောက် လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းက လက်ဦးမှုယူကာ အခုလို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တော်ရီရမ်နမ်ကို ဂျာမနီနဲ့ အင်္ဂလန် ကလပ်အသင်းတချို့ကလည်း လာရောက် လေ့ကျင့်ဖို့ ဖိတ်ခေါ်မှုတွေ ရှိခဲ့ပါတယ်။

မြန်လည်းမြန် သန်လည်း သန်မာတဲ့ တောင်ပံတိုက်စစ်လူငယ်လေးဟာ ဘောလုံးနဲ့ အတူ ရွေ့လျားမှုတွေလည်း ကောင်းမွန်သလို ဖရီးကစ်တွေ လည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ၎င်းက အနာဂတ်မှာ တောက်ပလာမယ့် ကြယ်တစ်ပွင့် အဖြစ် တစ်ပေးခြင်းလည်း ခံနေရပါတယ်။ ဆယ်ကျော်သက် လူငယ်လေးသာ ဖြစ်ပေမယ့် ကလပ်အသင်းနဲ့ အတူ Gallini World Cup ဖလားပြိုင်ပွဲမှာ ဝင်ရောက် ပါဝင်ကစားပြီး ဗိုလ်လုပွဲမှာပါ ၂ ဂိုးသွင်း ယူခဲ့ပါတယ်။

ဖင်လန် U16 အသင်းမှာလည်း ပါဝင်ကစားထားတဲ့ တော်ရီရမ်နမ်က ၆ ပွဲကစား ၄ ဂိုး သွင်းယူထားတာပါ။ ၎င်းရဲ့ အစ်ကို ဖြစ်သူ အသက် ၁၈ နှစ် အရွယ် ဂျူလီးယက်စ်က ဂျာမနီမှာ ဖရိဘတ် အသင်းအတွက် ကစားနေပြီ ဖြစ်လို့ ၎င်းရဲ့ မိသားစုက ချယ်ဆီးအသင်းကို မရွေးချယ်ခင် အသေအချာ စဉ်းစားခဲ့ကြပါတယ်။

ဖင်လန်မှာ အကြီးဆုံးကလပ်အသင်း ဖြစ်တဲ့ HJK မှာ တော်ရီရမ်နမ်က ရေပန်းစားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဥရောပကလပ်အသင်းကြီးတွေ စိတ်ဝင်စားမှု ခံရတဲ့ကြားက အဆုံးမှာတော့ တော်ရီရမ်နမ်က ချယ်ဆီးအသင်းကို ရွေးချယ်ခဲ့ပြီ ဖြစ်ကာ နည်းပြ လမ်းပတ်နဲ့ အတူ ဂျာစီကိုင်ကာ ဓာတ်ပုံရိုက်ခံခဲ့ပါပြီ။

၎င်းက ချယ်ဆီးအသင်း အနာဂတ် အစီအစဉ်တွေထဲ မေဆန်မောင့်၊ အေဗရာဟမ်၊ ပူလီဆစ်၊ ဂေးလ်မား၊ အိုဒွိုင်းတို့နဲ့ အတူ ပါဝင်ကာ အစွမ်းပြလာဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဖင္လန္လူငယ္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္သမား ဂ်ီမိ ေတာ္ရီရမ္နမ္ကို HJK Helsinki ကလပ္ အသင္းထံကေန အရ ေခၚယူနိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ေတာ္ရီရမ္နမ္က လာမယ့္ေႏြမွာ ခ်ယ္ဆီးအသင္းထံ သံုးနွစ္စာခ်ဳပ္နဲ႕ လာေရာက္ပူးေပါင္းေတာ့မွာပါ။

အသက္ ၁၆ နွစ္ အရြယ္ လူငယ္ေလးဟာ ဥေရာပ ထိပ္သီးကလပ္အသင္းေတြရဲ႕ ေရဒါထဲ လအတန္ၾကာရွိေနျပီး ေစာင့္ၾကည့္ျခင္း ခံေနရ တာပါ။ ၄င္းက စီးရီးေအ ကလပ္ေတြ ျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႕ အင္တာမီလန္အသင္းထံ အစမ္း သြားေရာက္ ေလ့က်င့္မႈမ်ားလည္း ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းက လက္ဦးမႈယူကာ အခုလို ေခၚယူနုိင္ခဲ့တာ ျဖစ္ပါတယ္။ ေတာ္ရီရမ္နမ္ကို ဂ်ာမနီနဲ႕ အဂၤလန္ ကလပ္အသင္းတခ်ိဳ႕ကလည္း လာေရာက္ ေလ့က်င့္ဖို႔ ဖိတ္ေခၚမႈေတြ ရွိခဲ့ပါတယ္။

ျမန္လည္းျမန္ သန္လည္း သန္မာတဲ့ ေတာင္ပံတိုက္စစ္လူငယ္ေလးဟာ ေဘာလံုးနဲ႕ အတူ ေရြ႕လ်ားမႈေတြလည္း ေကာင္းမြန္သလို ဖရီးကစ္ေတြ လည္း ကၽြမ္းက်င္သူ ျဖစ္ပါတယ္။ ၄င္းက အနာဂတ္မွာ ေတာက္ပလာမယ့္ ၾကယ္တစ္ပြင့္ အျဖစ္ တစ္ေပးျခင္းလည္း ခံေနရပါတယ္။ ဆယ္ေက်ာ္သက္ လူငယ္ေလးသာ ျဖစ္ေပမယ့္ ကလပ္အသင္းနဲ႕ အတူ Gallini World Cup ဖလားျပိဳင္ပြဲမွာ ၀င္ေရာက္ ပါ၀င္ကစားျပီး ဗိုလ္လုပြဲမွာပါ ၂ ဂိုးသြင္း ယူခဲ့ပါတယ္။

ဖင္လန္ U16 အသင္းမွာလည္း ပါ၀င္ကစားထားတဲ့ ေတာ္ရီရမ္နမ္က ၆ ပြဲကစား ၄ ဂိုး သြင္းယူထားတာပါ။ ၄င္းရဲ႕ အစ္ကို ျဖစ္သူ အသက္ ၁၈ နွစ္ အရြယ္ ဂ်ဴလီးယက္စ္က ဂ်ာမနီမွာ ဖရိဘတ္ အသင္းအတြက္ ကစားေနျပီ ျဖစ္လို႔ ၄င္းရဲ႕ မိသားစုက ခ်ယ္ဆီးအသင္းကို မေရြးခ်ယ္ခင္ အေသအခ်ာ စဥ္းစားခဲ့ၾကပါတယ္။

ဖင္လန္မွာ အၾကီးဆံုးကလပ္အသင္း ျဖစ္တဲ့ HJK မွာ ေတာ္ရီရမ္နမ္က ေရပန္းစားတဲ့ ကစားသမား ျဖစ္ပါတယ္။ ဥေရာပကလပ္အသင္းၾကီးေတြ စိတ္၀င္စားမႈ ခံရတဲ့ၾကားက အဆံုးမွာေတာ့ ေတာ္ရီရမ္နမ္က ခ်ယ္ဆီးအသင္းကို ေရြးခ်ယ္ခဲ့ျပီ ျဖစ္ကာ နည္းျပ လမ္းပတ္နဲ႕ အတူ ဂ်ာစီကိုင္ကာ ဓာတ္ပံုရိုက္ခံခဲ့ပါျပီ။

၄င္းက ခ်ယ္ဆီးအသင္း အနာဂတ္ အစီအစဥ္ေတြထဲ ေမဆန္ေမာင့္၊ ေအဗရာဟမ္၊ ပူလီဆစ္၊ ေဂးလ္မား၊ အိုဒြိဳင္းတို႔နဲ႕ အတူ ပါ၀င္ကာ အစြမ္းျပလာဖြယ္ ရွိပါတယ္။