သက်တမ်းတိုးခဲ့တဲ့ လူငယ်ခံစစ်မှူး၊ ကန်တေ အေဗရာဟမ်တို့ ဒဏ်ရာနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ဂျာမနီမှာ ကန်မယ့် ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အတွက် ယူအီးအက်ဖ်အေက ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပေမယ့် ကွင်းပိတ်ကျင်းပတော့မှာ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။

ဒဏ်ရာ ရှိနေတဲ့ ကွင်းလယ်ကစားသမား ကန်တေဟာ ချယ်ဆီးအသင်းနဲ့ အတူ ပြန် ကစားနိုင်ဖို့ နောက်ထပ် သုံးပတ်လောက် ကြာဦးမယ်လို့ ယူဆရကြောင်း လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ဂျူဗင်တပ်၊ အင်တာတို့ကို ကျော်ပြီး ဖင်လန်လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်သမား ဂျီမိ တော်ရီရမ်နမ်ကို HJK Helsinki ကလပ် အသင်းထံကနေ အရ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းက ဒီရာသီ အကယ်ဒမီ ကစားသမားတွေကို စီနီယာအသင်းနဲ့ အတူ ပွဲထွက်ခွင့်ပေးခဲ့တာ ၈ ယောက် အထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်မှူး အေဗရာဟမ်က အက်စတွန်ဗီလာနဲ့ ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ လကုန်လောက်မှ ပြန်ကစားနိုင်မယ်လို့ လမ်းပတ်က ပွဲကြိုမှာ ပြောကြားခဲ့ပါတယ်။ ဗီလာနဲ့ ပွဲမှာ ကိုဗာဆစ်လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ချယ်ဆီးအကယ်ဒမီမှ လူငယ်ခံစစ်မှူး အီရန်မက်ဆန်ဟာ ကလပ်အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုသွားခဲ့ပါတယ်။ ၎င်းက ပရီးမီးယားလိဂ် ၂ မှာ ရှုံးပွဲ မရှိဘဲ ဇယားထိပ်မှာ ရှိနေတဲ့ ချယ်ဆီး လူငယ်အသင်းမှာ အရေးပါတဲ့ အသင်းသား တစ်ဦး ဖြစ်ပါတယ်။

Zawgyi – ဂ်ာမနီမွာ ကန္မယ့္ ခ်ယ္ဆီးနဲ႕ ဘိုင္ယန္ျမဴးနစ္ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ ပြဲစဥ္အတြက္ ယူအီးအက္ဖ္ေအက ေဆြးေႏြးညွိနိႈင္းမႈ ျပဳလုပ္ခဲ့ေပမယ့္ ကြင္းပိတ္က်င္းပေတာ့မွာ ျဖစ္ေၾကာင္း အတည္ျပဳသြားပါတယ္။

ဒဏ္ရာ ရွိေနတဲ့ ကြင္းလယ္ကစားသမား ကန္ေတဟာ ခ်ယ္ဆီးအသင္းနဲ႕ အတူ ျပန္ ကစားနုိင္ဖို႔ ေနာက္ထပ္ သံုးပတ္ေလာက္ ၾကာဦးမယ္လို႔ ယူဆရေၾကာင္း လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဂ်ဴဗင္တပ္၊ အင္တာတို႔ကို ေက်ာ္ျပီး ဖင္လန္လူငယ္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္သမား ဂ်ီမိ ေတာ္ရီရမ္နမ္ကို HJK Helsinki ကလပ္ အသင္းထံကေန အရ ေခၚယူနိုင္ခဲ့ျပီ ျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းက ဒီရာသီ အကယ္ဒမီ ကစားသမားေတြကို စီနီယာအသင္းနဲ႕ အတူ ပြဲထြက္ခြင့္ေပးခဲ့တာ ၈ ေယာက္ အထိ ရွိသြားခဲ့ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးတိုက္စစ္မွဴး ေအဗရာဟမ္က အက္စတြန္ဗီလာနဲ႕ ပြဲမွာ ပါ၀င္နုိင္ဦးမွာ မဟုတ္ဘဲ လကုန္ေလာက္မွ ျပန္ကစားနုိင္မယ္လုိ႔ လမ္းပတ္က ပြဲၾကိဳမွာ ေျပာၾကားခဲ့ပါတယ္။ ဗီလာနဲ႕ ပြဲမွာ ကိုဗာဆစ္လည္း ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။

ခ်ယ္ဆီးအကယ္ဒမီမွ လူငယ္ခံစစ္မွဴး အီရန္မက္ဆန္ဟာ ကလပ္အသင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုသြားခဲ့ပါတယ္။ ၄င္းက ပရီးမီးယားလိဂ္ ၂ မွာ ရွံဳးပြဲ မရွိဘဲ ဇယားထိပ္မွာ ရွိေနတဲ့ ခ်ယ္ဆီး လူငယ္အသင္းမွာ အေရးပါတဲ့ အသင္းသား တစ္ဦး ျဖစ္ပါတယ္။