ချယ်ဆီးအသင်းမှာ ချီးကျူးခံရထိုက်တဲ့ အသင်းသား ၄ ဦးကို ထုတ်ဖော်လိုက်တဲ့ လမ်းပတ်

ချယ်ဆီးမန်နေဂျာ လမ်းပတ်က ကလပ်အသင်းမှ အသင်းသားတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို အားရကျေနပ်နေပြီး သူတို့ရဲ့ ခံယူချက်ကောင်းတွေကို ထုတ်ဖေ်ာ ချီးကျူးမှု လုပ်ခဲ့ပါတယ်။

လမ်းပတ်က ” ဂျီရူးက အသင်းအတွက် အကောင်းဆုံး ကစားပေးနေပါတယ်။ သူနဲ့ အလုပ်အတူ တွဲလုပ်ဖို့ကို နားလည်ထားပြီး အသင်းလိုက်လဲ ပူးပေါင်းကစားနိုင်စွမ်းရှိတယ်။ သူ့ရဲ့ အရည်အချင်းကောင်းတွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဂျီရူးဟာ စွမ်းဆောင်ရည်ကောင်းသလို အဝတ်လဲခန်းမှာလည်း အသင်းကို ဦးဆောင်ပေးနိုင်သူဖြစ်တယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာလည်း သူအကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ ဘယ်အသင်းကို ပြောင်းမယ်ဆိုတာ ကျနေ်ာတို့ မသိခဲ့ဘူး။ ဒါကြောင့်လည်း သူပအပေါ် လေးစားမှုရှိပါတယ်။ သူဟာ လေ့ကျင့်ရေးကွင်းက ကြိုးစားမှုတွေနဲ့အတူ ပွဲထွက်ခွင့်တွေလည်း ပြန်ရနေပါပြီ။

ဝါရင့်ကစားသမားတွေရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းက ကောင်းပါတယ်။ ဒါကိုလည်း ကီပါနဲ့ ဥပမာပေးလို့ရတယ်။ သူက ဝါရင့်ကစားသမား မဟုတ်ပေမယ့် စိတ်ဓါတ်ပိုင်းကောင်းတွေနဲ့ Clean Sheet ကို ဆက်တိုက် ပြန်ယူပြီး သက်သေပြခဲ့တယ်။ အဲဗာတန်ဘက်က တိုက်စစ်ဆင်မှု တစ်ခုကိုလည်း ကာကွယ်ပြနိုင်ခဲ့တယ်။

ဘာကလေကလည်း ချီးကျူးခံထိုက်ပါတယ်။ သူဟာ ဒီရာသီမှာ ပွဲကစားခွင့် လုံလုံလောက်လောက် မရထားပါဘူး။ အလွန်ဆိုကောပါပဲ။ သူကလည်း ပွဲကစားရချိန်တိုင်းမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ပါတယ်။ စာချုပ်က ဘယ်လောက်ပဲ ကျန်ရှိပါစေ အသင်းအတွက် ပေးဆပ်ကစားတဲ့ အသင်းသားတွေကို ကျနေ်ာတို့ လိုအပ်ပါတယ်။

လေ့ကျင့်ရေးမှာ နေ့တိုင်း ကြိုးစားဖို့လိုပြီး အသင်းသားကောင်းတွေဖြစ်အောင် လုပ်ဆောင်ရမှာပါ။ အသင်းအတွက် လိုအပ်ချိန်တိုင်း ပေးဆပ်နေရမှာဖြစ်ကာ သူတို့တွေက အဲ့တာကို လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က ကလပ္အသင္းမွ အသင္းသားေတြရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈကို အားရေက်နပ္ေနျပီး သူတို႔ရဲ႕ ခံယူခ်က္ေကာင္းေတြကို ထုတ္ေဖ္ာ ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

လမ္းပတ္က ” ဂ်ီရူးက အသင္းအတြက္ အေကာင္းဆံုး ကစားေပးေနပါတယ္။ သူနဲ႔ အလုပ္အတူ တြဲလုပ္ဖို႔ကို နားလည္ထားျပီး အသင္းလိုက္လဲ ပူးေပါင္းကစားႏုိင္စြမ္းရွိတယ္။ သူ႔ရဲ႕ အရည္အခ်င္းေကာင္းေတြကိုလည္း ျပသႏုိင္ခဲ့ပါတယ္။

ဂ်ီရူးဟာ စြမ္းေဆာင္ရည္ေကာင္းသလို အဝတ္လဲခန္းမွာလည္း အသင္းကို ဦးေဆာင္ေပးႏုိင္သူျဖစ္တယ္။ ဇန္နဝါရီ အေျပာင္းအေရႊ႔ ကာလမွာလည္း သူအေကာင္းဆံုး လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ သူ ဘယ္အသင္းကို ေျပာင္းမယ္ဆိုတာ က်ေန္ာတို႔ မသိခဲ့ဘူး။ ဒါေၾကာင့္လည္း သူပအေပၚ ေလးစားမႈရွိပါတယ္။ သူဟာ ေလ့က်င့္ေရးကြင္းက ၾကိဳးစားမႈေတြနဲ႔အတူ ပြဲထြက္ခြင့္ေတြလည္း ျပန္ရေနပါျပီ။

ဝါရင့္ကစားသမားေတြရဲ႕ အသင္းအေပၚ လႊမ္းမိုးႏုိင္စြမ္းက ေကာင္းပါတယ္။ ဒါကိုလည္း ကီပါနဲ႔ ဥပမာေပးလို႔ရတယ္။ သူက ဝါရင့္ကစားသမား မဟုတ္ေပမယ့္ စိတ္ဓါတ္ပိုင္းေကာင္းေတြနဲ႔ Clean Sheet ကို ဆက္တိုက္ ျပန္ယူျပီး သက္ေသျပခဲ့တယ္။ အဲဗာတန္ဘက္က တိုက္စစ္ဆင္မႈ တစ္ခုကိုလည္း ကာကြယ္ျပႏုိင္ခဲ့တယ္။

ဘာကေလကလည္း ခ်ီးက်ဴးခံထုိက္ပါတယ္။ သူဟာ ဒီရာသီမွာ ပြဲကစားခြင့္ လံုလံုေလာက္ေလာက္ မရထားပါဘူး။ အလြန္ဆိုေကာပါပဲ။ သူကလည္း ပြဲကစားရခ်ိန္တိုင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသထားႏုိင္ပါတယ္။ စာခ်ဳပ္က ဘယ္ေလာက္ပဲ က်န္ရွိပါေစ အသင္းအတြက္ ေပးဆပ္ကစားတဲ့ အသင္းသားေတြကို က်ေန္ာတို႔ လိုအပ္ပါတယ္။

ေလ့က်င့္ေရးမွာ ေန႔တိုင္း ၾကိဳးစားဖို႔လိုျပီး အသင္းသားေကာင္းေတြျဖစ္ေအာင္ လုပ္ေဆာင္ရမွာပါ။ အသင္းအတြက္ လိုအပ္ခ်ိန္တိုင္း ေပးဆပ္ေနရမွာျဖစ္ကာ သူတို႔ေတြက အဲ့တာကို လုပ္ေဆာင္ႏုိင္စြမ္း ရွိၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။