ဂေလ်းမားကတော့ ပရီးမီးယားလိဂ်က လွယ်လှချည်လားလို့ ထင်နေတော့မှာပဲဗျာ

မာဆေးဆိုဒ် ကလပ်နှစ်သင်းကို ဆက်တိုက် ယှဉ်ပြိုင်ကစားအပြီးမှာ လူငယ် ကွင်းလယ်လူ ဂေလ်းမားက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို နှစ်ပွဲဆက်တိုက် ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂျော်ဂျင်ဟို ပွဲပယ် ပြစ်ဒဏ်ကြောင့် ကွင်းလယ်မှာ ဘာကလေ၊ မောင့်တို့နဲ့အတူ ပွဲထွက်ခွင့်ရခဲ့တဲ့ ဂေလ်းမားဟာ ကွင်းလယ်မှာ ခြေစွမ်းပြခဲ့တယ်။ အဲဗာတန်အသင်းသားတွေကို ၎င်းတို့ရဲ့ ဒါဘီပြိုင်ဘက် လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ စဉ် လုပ်ပြခဲ့သလိုပဲ လွှမ်းမိုးကစားနိုင်စွမ်းတွေကို ဂေလ်းမားက ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဗြိတိန် အားကစားသုံးသပ်သူ လီဗာပူးကွင်းလယ်လူဟောင်း ဂျင်မီရပ်နပ်က ဘီလီရဲ့ ထူးချွန်မှုကို အားရကျေနပ်မိကြောင်း ပြောဆိုခဲ့သလို ပရီးမီးယားလိဂ်က သိပ်လွယ်လွန်းတယ်လို့တောင် ထင်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဂျင်မီ ရပ်နပ်က ” ဘီလီက လူကပ်ရလည်း သိပ်ခက်တဲ့ ကောင်လေးပါ။ သူက နေရာလွတ်တွေကို အမြဲတမ်း ရှာဖွေနေပြီး သူ့လို ကစားသမားကောင်းတွေက အခြားသူတွေထက်တောင် လှုပ်ရှားခွင့်အတွက် အချိန်တွေ ပိုရနေသလို ဖြစ်နေပါတယ်။

သူ့ရဲ့ ပေးမှုတွေက သိပ်ကို ကောင်းလွန်းပါတယ်ဗျာ။ သူ့က သိပ်ကောင်းတဲ့ ကစားအားလည်း ပိုင်ဆိုင်ထားပြီး ကွင်းထဲမှာ နေရာအနှံ့ကို ပြေးလွှား ကစားနေတော့တာပါပဲ။ အကြိမ် အများအပြားမှာလည်း သူက မှန်ကန်တဲ့ ပေးမှုတွေကိုပဲ ရွေးချယ် ပေးပို့နေတာပါ။ အမြဲတမ်းလည်း တိုက်စစ်ကို လိုက်ပါဖို့ ကြိုးစားနေတယ်။ ကစားသမား အများစုက လုံလုံခြုံခြုံပဲ ကစားလိုပေမယ့် သူကတော့ တိုက်စစ်ကို လိုက်ပါလိုခဲ့တယ်။

ကျနော်ကတော့ သူ့ကို အတေ်ာလေး အထင်ကြီးမိတယ်။ ဒါပေမယ့် ဘာကလေနဲ့ မောင့်ကိုလည်း ကျနော် အထင်ကြီးမိပါတယ်။ ပွဲမစခင်တုန်းကတော့ ဒီကွင်းလယ်က ပြဿနာတွေရှိမယ်လို့ ထင်ခဲ့ပေမယ့် သူတို့ သိပ်ကို ကောင်းပါတယ်ဗျာ။ ဒီ ကောင်ငယ်လေးကတော့ ပရီးမီးယားလိဂ်က အရမ်းကို လွယ်လှချည်လားလို့တောင် ထင်သွားနိုင်ပါတယ် ” လို့ ချီးကျူးခဲ့တာဖြစ်တယ်။

ဘီလီဟာ ချယ်ဆီးအကယ်ဒမီကနေ ထပ်မံ မွေးထုတ်လိုက်တဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တယ်။ ဒီပွဲကို သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းနဲ့ အနိုင်ရပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ ရာသီကုန် အဆင့်လေးဝင်ခွင့်တွေအတွက် ချယ်ဆီးက အာရုံပျံ့လွင့်လို့ ရမှာ မဟုတ်ပဲ ဆက်လက်ပြီး ကြိုးစား ယှဉ်ပြိုင်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ကလပ္ႏွစ္သင္းကို ဆက္တိုက္ ယွဥ္ျပိဳင္ကစားအျပီးမွာ လူငယ္ ကြင္းလယ္လူ ေဂလ္းမားက ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ႏွစ္ပြဲဆက္တိုက္ ရရွိခ့ဲျပီျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟို ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ ကြင္းလယ္မွာ ဘာကေလ၊ ေမာင့္တို႔နဲ႔အတူ ပြဲထြက္ခြင့္ရခဲ့တဲ့ ေဂလ္းမားဟာ ကြင္းလယ္မွာ ေျခစြမ္းျပခဲ့တယ္။ အဲဗာတန္အသင္းသားေတြကို ၄င္းတို႔ရဲ႕ ဒါဘီျပိဳင္ဘက္ လီဗာပူးအသင္းနဲ႔ ယွဥ္ျပိဳင္ခဲ့ စဥ္ လုပ္ျပခဲ့သလိုပဲ လႊမ္းမိုးကစားႏုိင္စြမ္းေတြကို ေဂလ္းမားက ျပသႏုိင္ခဲ့ပါတယ္။

ဒါေၾကာင့္ ျဗိတိန္ အားကစားသံုးသပ္သူ လီဗာပူးကြင္းလယ္လူေဟာင္း ဂ်င္မီရပ္နပ္က ဘီလီရဲ႕ ထူးခၽြန္မႈကို အားရေက်နပ္မိေၾကာင္း ေျပာဆိုခဲ့သလို ပရီးမီးယားလိဂ္က သိပ္လြယ္လြန္းတယ္လို႔ေတာင္ ထင္သြားႏုိင္တယ္လို႔ ဆိုပါတယ္။

ဂ်င္မီ ရပ္နပ္က ” ဘီလီက လူကပ္ရလည္း သိပ္ခက္တဲ့ ေကာင္ေလးပါ။ သူက ေနရာလြတ္ေတြကို အျမဲတမ္း ရွာေဖြေနျပီး သူ႔လို ကစားသမားေကာင္းေတြက အျခားသူေတြထက္ေတာင္ လႈပ္ရွားခြင့္အတြက္ အခ်ိန္ေတြ ပိုရေနသလို ျဖစ္ေနပါတယ္။

သူ႔ရဲ႕ ေပးမႈေတြက သိပ္ကို ေကာင္းလြန္းပါတယ္ဗ်ာ။ သူ႔က သိပ္ေကာင္းတဲ့ ကစားအားလည္း ပိုင္ဆုိင္ထားျပီး ကြင္းထဲမွာ ေနရာအႏွံ႔ကို ေျပးလႊား ကစားေနေတာ့တာပါပဲ။ အၾကိမ္ အမ်ားအျပားမွာလည္း သူက မွန္ကန္တဲ့ ေပးမႈေတြကိုပဲ ေရြးခ်ယ္ ေပးပို႔ေနတာပါ။ အျမဲတမ္းလည္း တိုက္စစ္ကို လိုက္ပါဖို႔ ၾကိဳးစားေနတယ္။ ကစားသမား အမ်ားစုက လံုလံုျခံဳျခံဳပဲ ကစားလိုေပမယ့္ သူကေတာ့ တိုက္စစ္ကို လုိက္ပါလိုခဲ့တယ္။

က်ေနာ္ကေတာ့ သူ႔ကို အေတ္ာေလး အထင္ၾကီးမိတယ္။ ဒါေပမယ့္ ဘာကေလနဲ႔ ေမာင့္ကိုလည္း က်ေနာ္ အထင္ၾကီးမိပါတယ္။ ပြဲမစခင္တုန္းကေတာ့ ဒီကြင္းလယ္က ျပႆနာေတြရွိမယ္လို႔ ထင္ခဲ့ေပမယ့္ သူတို႔ သိပ္ကို ေကာင္းပါတယ္ဗ်ာ။ ဒီ ေကာင္ငယ္ေလးကေတာ့ ပရီးမီးယားလိဂ္က အရမ္းကို လြယ္လွခ်ည္လားလို႔ေတာင္ ထင္သြားႏုိင္ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္တယ္။

ဘီလီဟာ ခ်ယ္ဆီးအကယ္ဒမီကေန ထပ္မံ ေမြးထုတ္လိုက္တဲ့ ၾကယ္ပြင့္တစ္ဦးျဖစ္တယ္။ ဒီပြဲကို သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းနဲ႔ အႏုိင္ရေပမယ့္လည္း ခ်န္ပီယံလိဂ္နဲ႔ ရာသီကုန္ အဆင့္ေလးဝင္ခြင့္ေတြအတြက္ ခ်ယ္ဆီးက အာရံုပ်ံ႕လြင့္လို႔ ရမွာ မဟုတ္ပဲ ဆက္လက္ျပီး ၾကိဳးစား ယွဥ္ျပိဳင္ဖို႔ လိုအပ္ေနဆဲ ျဖစ္ပါတယ္။