အဲဗာတန်ကို ဂိုးပြတ်နိုင်တဲ့ပွဲ နောက်ဆက်တွဲ ချယ်ဆီးသတင်းများ

ချယ်ဆီးအသင်းဟာ ညက အဲဗာတန်ကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခြေစွမ်းပြကာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို မောင့်၊ ပက်ဒရို၊ ဝီလီယံနဲ့ ဂျီရူးတို့က တစ်ဂိုးစီ အသီးသီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝါရင့် ကစားသမားတွေရဲ့ အစွမ်းကို ဒီပွဲမှာ မြင်ခွင့်ရခဲ့ပြီး လူငယ်တွေရဲ့ ကွင်းလယ်က ဖန်တီးထောက်ပံ့မှုတွေကို စီနီယာ တိုက်စစ်သမားတွေ ဖြစ်တဲ့ ဝီလီယံ၊ ပက်ဒရို၊ ဂျီရူးတို့က ကောင်းစွာ အသုံးချပြသွားခဲ့ပါတယ်။ ကွင်းလယ် လူငယ် ဘီလီဂေးလ်မားကလည်း ထူးချွန်စွာ ခြေစွမ်းပြခဲ့ပြီး ၎င်းရဲ့ ပွဲဦးထွက် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကစားသမားဆုပါ ရသွားပါတယ်။

ပရီးမီးယားလိဂ်မှာ စီနီယာအသင်းကြီးနဲ့ အတူ ပွဲထွက် ပါဝင်ခွင့် ရသလို မိနစ် ၉၀ ပွဲချိန်ပြည့်ပါ ပါဝင်ကစားခွင့် ရခဲ့တဲ့ အတွက် လူငယ် ကွင်းလယ် ဂေးလ်မားကတော့ အံ့အားသင့်ခဲ့ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

နည်းပြ လမ်းပတ်က ချယ်ဆီးတိုက်စစ်မှူး ဂျီရူးရဲ့ စွမ်းဆောင်ရည်ကို ပွဲ အပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ဂျီရူးက ကောင်းစွာ ကစားနေသလို ပြင်သစ်သားရဲ့ အရည်အချင်းက အသင်း လိုအပ်နေတဲ့ အရာပဲ ဖြစ်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးက ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီရဲ့ အဲဗာတန်ကို ဂိုးပြတ် အနိုင်ရလိုက်တဲ့နောက် နည်းဗျူဟာ ပါးနပ်မှုက အတွေ့အကြုံထက် သာလွန်သွားခဲ့ပြီလို့ လန်ဒန်အခြေစိုက် သတင်းတွေက ချီးကျူးသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းက နောက်တစ်ပတ် စနေနေ့မှာ အက်စတွန်ဗီလာနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဗာတန်ကတော့ အမှတ်ပေးဇယား ဦးဆောင်ထားသူ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံမှာပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက အဲဗာတန္ကို စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ေျခစြမ္းျပကာ ၄-၀ နဲ႕ ဂိုးျပတ္ အနိုင္ယူနုိင္ခဲ့ပါတယ္။ ခ်ယ္ဆီးအတြက္ ဂိုးေတြကို ေမာင့္၊ ပက္ဒရို၊ ၀ီလီယံနဲ႕ ဂ်ီရူးတို႔က တစ္ဂိုးစီ အသီးသီး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

၀ါရင့္ ကစားသမားေတြရဲ႕ အစြမ္းကို ဒီပြဲမွာ ျမင္ခြင့္ရခဲ့ျပီး လူငယ္ေတြရဲ႕ ကြင္းလယ္က ဖန္တီးေထာက္ပံ့မႈေတြကို စီနီယာ တိုက္စစ္သမားေတြ ျဖစ္တဲ့ ၀ီလီယံ၊ ပက္ဒရို၊ ဂ်ီရူးတို႔က ေကာင္းစြာ အသံုးခ်ျပသြားခဲ့ပါတယ္။ ကြင္းလယ္ လူငယ္ ဘီလီေဂးလ္မားကလည္း ထူးခၽြန္စြာ ေျခစြမ္းျပခဲ့ျပီး ၄င္းရဲ႕ ပြဲဦးထြက္ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ကစားသမားဆုပါ ရသြားပါတယ္။

ပရီးမီးယားလိဂ္မွာ စီနီယာအသင္းၾကီးနဲ႕ အတူ ပြဲထြက္ ပါ၀င္ခြင့္ ရသလို မိနစ္ ၉၀ ပြဲခ်ိန္ျပည့္ပါ ပါ၀င္ကစားခြင့္ ရခဲ့တဲ့ အတြက္ လူငယ္ ကြင္းလယ္ ေဂးလ္မားကေတာ့ အံ့အားသင့္ခဲ့ရေၾကာင္း ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

နည္းျပ လမ္းပတ္က ခ်ယ္ဆီးတိုက္စစ္မွဴး ဂ်ီရူးရဲ႕ စြမ္းေဆာင္ရည္ကို ပြဲ အျပီးမွာ ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဂ်ီရူးက ေကာင္းစြာ ကစားေနသလို ျပင္သစ္သားရဲ႕ အရည္အခ်င္းက အသင္း လိုအပ္ေနတဲ့ အရာပဲ ျဖစ္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးက ၀ါရင့္နည္းျပၾကီး အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္ကို ဂိုးျပတ္ အနိုင္ရလိုက္တဲ့ေနာက္ နည္းဗ်ဴဟာ ပါးနပ္မႈက အေတြ႔အၾကံဳထက္ သာလြန္သြားခဲ့ျပီလို႔ လန္ဒန္အေျခစိုက္ သတင္းေတြက ခ်ီးက်ဴးသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းက ေနာက္တစ္ပတ္ စေနေန႔မွာ အက္စတြန္ဗီလာနဲ႕ ထိပ္တိုက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး အဲဗာတန္ကေတာ့ အမွတ္ေပးဇယား ဦးေဆာင္ထားသူ လီဗာပူးနဲ႕ ထိပ္တိုက္ေတြ႔ဆံုမွာပါ။