အဲဗာတန်နဲ့ ပွဲအပြီး ဂျီရူး၊ ပက်ဒရို၊ ဝီလီယံတို့ စာချုပ်သစ် အခြေအနေများအပေါ် လမ်းပတ် တုန့်ပြန်

ချယ်ဆီးအသင်းရဲ့ စာချုပ်ကုန်ဆုံးခါနီး ဝါရင့် တိုက်စစ်သမားတွေ ဖြစ်တဲ့ ပက်ဒရို၊ ဝီလီယံနဲ့ ဂျီရူးတို့ဟာ ညက အဲဗာတန်နဲ့ ပွဲမှာ သူတို့ရဲ့ သမ္ဘာကို ကောင်းစွာ ပြသခဲ့ကြပြီး တစ်ယောက် တစ်ဂိုးစီလည်း သွင်းယူခဲ့ကြပါတယ်။ ၎င်းတို့ သုံးဦးလုံး ပွဲထွက်ခဲ့ကြတဲ့ ညမှာ ချယ်ဆီးက အဲဗာတန်ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းဟာ ချယ်ဆီးတိုက်စစ် သုံးဦးကို မဟန့်တားနိုင်ခဲ့ဘဲ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ မေဆန်မောင့်က ပက်ဒရို ဖန်တီးမှုကနေ ဂိုးသွင်းယူနိုင်ခဲ့သလို ပက်ဒရို ကိုယ်တိုင်လည်း ဘာကလေ ဖန်တီးမှုကနေ ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းမှာ ဝီလီယံနဲ့ ဂျီရူးတို့က အနိုင်ဂိုးများ ဆက်လက် သွင်းယူခဲ့တာပါ။

ချယ်ဆီး ဝါရင့်တိုက်စစ်သမားတွေရဲ့ စာချုပ်တွေက လာမယ့်နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ၎င်းတို့ သုံးဦးလုံး ချယ်ဆီးနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးပါဘူး။ အဲဗာတန်နဲ့ ပွဲအပြီးမှာ စာချုပ်သစ်ကိစ္စများ လမ်းပတ်အား မေးမြန်းကြပေမယ့် ချယ်ဆီးနည်းပြကတော့ ရှောင်လွှဲ ဖြေကြားခဲ့ပါတယ်။

အတွေ့အကြုံရှိ ချယ်ဆီးတိုက်စစ်သမားတွေက လူငယ်တွေ အပေါ် လွှမ်းမိုးမှု ရှိခဲ့ကြောင်းနဲ့ ၎င်းတို့ ဆက်လက် ရှိနေမလား အပေါ် လမ်းပတ်က –

” ဟုတ်ကဲ့။ ခင်ဗျားတို့ ကီပါ အကြောင်းလည်း ပြောကောင်း ပြောသင့်ပါတယ်။ သူဆို အတွေ့အကြုံရှိ အသက် ၃၀ ကျော် ဝါရင့် တစ်ယောက် မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့ပွဲ အတွက် သူလည်း ကောင်းစွာ စွမ်းဆောင်သွားခဲ့တယ်။ နောက် ရော့စ် ဘာကလေ အကြောင်းလည်း ထည့်ပြောလို့ ရတယ်။ ဒီရာသီမှာ အချိန်တော်တော်များများ မပါခဲ့ရပေမယ့် သူ လုပ်ပြခဲ့တယ်။ မားကို့စ် အလွန်ဆို ဝင်လာပြီး ခြေစွမ်းပြခဲ့တာရော အစရှိသဖြင့်ပေါ့။

ဒါတွေက ကျနော်တို့ လိုအပ်နေတဲ့ အရာပဲ။ ပရော်ဖက်ရှင်နယ်ဆန်မှု ဖြစ်တယ်။ ဒါက ဘောလုံးပါပဲ။ စာချုပ် ကုန်တော့မှာ လေးငါးလပဲ ကျန်တော့တာ ဖြစ်ဖြစ် တစ်လလောက် အသင်းမှာ မကစားရဘဲ ထိုင်နေရတာပဲ ဖြစ်ဖြစ်၊ နေ့တိုင်း အကောင်းဆုံး လေ့ကျင့်တယ်။ အကောင်းဆုံး အသင်းဖော် တစ်ယောက် ဖြစ်ဖို့ အသင့် အနေအထားမှာ ရှိနေရတယ်။

ပါဝင်ကစားခွင့် ရတာနဲ့ တပြိုင်နက် ဒါတွေကို ချပြဖို့လိုတယ်။ ဒါတွေ အကုန်လုံး ကျနော် အရင့်အရင်ကလည်း ပြောပြီးပြီ ထင်ပါတယ်။ ကျနော့် အသင်းသားတွေကလည်း ပရိုဆန်ဆန် လုပ်ပြထားတယ်။ ” လို့ ဖြေကြားခဲ့ပါတယ်။

ဂျီရူးဟာ ဒီရာသီမှာ ဦးစားပေး တိုက်စစ်မှူး အဖြစ် ပါဝင်ခွင့် မရခဲ့ဘဲ ပွဲကစားခွင့် အတွက်ပါ ရုန်းကန်ခဲ့ရပေမယ့် တမ်မီ အေဗရာဟမ် မပါဝင်နိုင်ချိန်မှာ ပြန် ကစားခွင့် ရလာခဲ့ကာ ဂိုးများ သွင်းယူ အစွမ်းပြနေခဲ့ပါတယ်။ ဝီလီယံကလည်း ၂၀၁၃ တည်းက ခုထိ ချယ်ဆီး အမာခံ တပ်သား တစ်ဦး ဖြစ်သလို ပက်ဒရိုကလည်း အဲဗာတန်နဲ့ ပွဲမှာ မမောတန်း ပြေးလွှားကာ အကောင်းဆုံး ခြေစွမ်းပြသခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ စာခ်ဳပ္ကုန္ဆံုးခါနီး ၀ါရင့္ တိုက္စစ္သမားေတြ ျဖစ္တဲ့ ပက္ဒရို၊ ၀ီလီယံနဲ႕ ဂ်ီရူးတို႔ဟာ ညက အဲဗာတန္နဲ႕ ပြဲမွာ သူတို႔ရဲ႕ သမၻာကို ေကာင္းစြာ ျပသခဲ့ၾကျပီး တစ္ေယာက္ တစ္ဂိုးစီလည္း သြင္းယူခဲ့ၾကပါတယ္။ ၄င္းတို႔ သံုးဦးလံုး ပြဲထြက္ခဲ့ၾကတဲ့ ညမွာ ခ်ယ္ဆီးက အဲဗာတန္ကို ၄-၀ နဲ႕ ဂိုးျပတ္ အနိုင္ရခဲ့ပါတယ္။

အန္ဆယ္ေလာ့တီရဲ႕ အဲဗာတန္အသင္းဟာ ခ်ယ္ဆီးတိုက္စစ္ သံုးဦးကို မဟန္႔တားနုိင္ခဲ့ဘဲ ဂိုးေတြ ဆက္တိုက္ေပးခဲ့ရပါတယ္။ ေမဆန္ေမာင့္က ပက္ဒရို ဖန္တီးမႈကေန ဂိုးသြင္းယူနုိင္ခဲ့သလို ပက္ဒရို ကိုယ္တိုင္လည္း ဘာကေလ ဖန္တီးမႈကေန ဒုတိယဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။ အဲဒီေနာက္ ဒုတိယပိုင္းမွာ ၀ီလီယံနဲ႕ ဂ်ီရူးတို႕က အနုိင္ဂိုးမ်ား ဆက္လက္ သြင္းယူခဲ့တာပါ။

ခ်ယ္ဆီး ၀ါရင့္တိုက္စစ္သမားေတြရဲ႕ စာခ်ဳပ္ေတြက လာမယ့္ေႏြမွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ၄င္းတို႔ သံုးဦးလံုး ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရေသးပါဘူး။ အဲဗာတန္နဲ႕ ပြဲအျပီးမွာ စာခ်ဳပ္သစ္ကိစၥမ်ား လမး္ပတ္အား ေမးျမန္းၾကေပမယ့္ ခ်ယ္ဆီးနည္းျပကေတာ့ ေရွာင္လႊဲ ေျဖၾကားခဲ့ပါတယ္။

အေတြ႔အၾကံဳရွိ ခ်ယ္ဆီးတိုက္စစ္သမားေတြက လူငယ္ေတြ အေပၚ လႊမ္းမိုးမႈ ရွိခဲ့ေၾကာင္းနဲ႕ ၄င္းတို႔ ဆက္လက္ ရွိေနမလား အေပၚ လမ္းပတ္က –

” ဟုတ္ကဲ့။ ခင္ဗ်ားတို႔ ကီပါ အေၾကာင္းလည္း ေျပာေကာင္း ေျပာသင့္ပါတယ္။ သူဆို အေတြ႔အၾကံဳရွိ အသက္ ၃၀ ေက်ာ္ ၀ါရင့္ တစ္ေယာက္ မဟုတ္ဘူး။ ဒါေပမယ့္ ဒီေန႔ပြဲ အတြက္ သူလည္း ေကာင္းစြာ စြမ္းေဆာင္သြားခဲ့တယ္။ ေနာက္ ေရာ့စ္ ဘာကေလ အေၾကာင္းလည္း ထည့္ေျပာလို႔ ရတယ္။ ဒီရာသီမွာ အခ်ိန္ေတာ္ေတာ္မ်ားမ်ား မပါခဲ့ရေပမယ့္ သူ လုပ္ျပခဲ့တယ္။ မားကို႔စ္ အလြန္ဆို ၀င္လာျပီး ေျခစြမ္းျပခဲ့တာေရာ အစရွိသျဖင့္ေပါ့။

ဒါေတြက က်ေနာ္တို႔ လိုအပ္ေနတဲ့ အရာပဲ။ ပေရာ္ဖက္ရွင္နယ္ဆန္မႈ ျဖစ္တယ္။ ဒါက ေဘာလံုးပါပဲ။ စာခ်ဳပ္ ကုန္ေတာ့မွာ ေလးငါးလပဲ က်န္ေတာ့တာ ျဖစ္ျဖစ္ တစ္လေလာက္ အသင္းမွာ မကစားရဘဲ ထိုင္ေနရတာပဲ ျဖစ္ျဖစ္၊ ေန႔တိုင္း အေကာင္းဆံုး ေလ့က်င့္တယ္။ အေကာင္းဆံုး အသင္းေဖာ္ တစ္ေယာက္ ျဖစ္ဖို႔ အသင့္ အေနအထားမွာ ရွိေနရတယ္။

ပါ၀င္ကစားခြင့္ ရတာနဲ႕ တျပိဳင္နက္ ဒါေတြကို ခ်ျပဖို႔လိုတယ္။ ဒါေတြ အကုန္လံုး က်ေနာ္ အရင့္အရင္ကလည္း ေျပာျပီးျပီ ထင္ပါတယ္။ က်ေနာ့္ အသင္းသားေတြကလည္း ပရိုဆန္ဆန္ လုပ္ျပထားတယ္။ ” လို႔ ေျဖၾကားခဲ့ပါတယ္။

ဂ်ီရူးဟာ ဒီရာသီမွာ ဦးစားေပး တိုက္စစ္မွဴး အျဖစ္ ပါ၀င္ခြင့္ မရခဲ့ဘဲ ပြဲကစားခြင့္ အတြက္ပါ ရုန္းကန္ခဲ့ရေပမယ့္ တမ္မီ ေအဗရာဟမ္ မပါ၀င္နိုင္ခ်ိန္မွာ ျပန္ ကစားခြင့္ ရလာခဲ့ကာ ဂိုးမ်ား သြင္းယူ အစြမ္းျပေနခဲ့ပါတယ္။ ၀ီလီယံကလည္း ၂၀၁၃ တည္းက ခုထိ ခ်ယ္ဆီး အမာခံ တပ္သား တစ္ဦး ျဖစ္သလို ပက္ဒရိုကလည္း အဲဗာတန္နဲ႕ ပြဲမွာ မေမာတန္း ေျပးလႊားကာ အေကာင္းဆံုး ေျခစြမ္းျပသခဲ့ပါတယ္။