ချယ်ဆီးအသင်းရဲ့ သက်တမ်းတိုးစာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အေဗရာဟမ်

ချယ်ဆီးတိုက်စစ်မှူး တမ်မီ အေဗရာဟမ်က အသင်းဘက်က နောက်ဆုံး ကမ်းလှမ်းထားတဲ့ သက်တမ်းတိုး စာချုပ်သစ်ကို လက်မခံဘဲ ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ အေဗရာဟမ်က အသင်းမှာ ရှိတဲ့ အခြား ကြယ်ပွင့် ကစားသမားတွေလောက် သူ့ကို လုပ်ခ ခံစားခွင့် ပေးအပ်စေလိုနေပါတယ်။

ချယ်ဆီးအသင်းဟာ လူငယ်ကြယ်ပွင့်တွေကို ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ရီစီ ဂျိမ်းစ်၊ မေဆန်မောင့်၊ တိုမိုရီ၊ လော့ဖ်တပ်ချိစ်၊ ဘီလီ ဂေးလ်မား စတဲ့ ကစားသမားတွေက အသင်းနဲ့ သက်တမ်းတိုး သဘောတူခဲ့ပြီး ြဖ်ပါတယ်။

ဒါပေမယ့် တမ်မီ အေဗရာဟမ်ကတော့ သူ အစွမ်းပြ အားထုတ်ထားမှုတွေကြောင့် အသင်းဖော် အိုဒွိုင်းလောက် အဆင့် လုပ်ခ လစာ ရရှိဖို့ လိုလားနေပါတယ်။ အိုဒွိုင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ချယ်ဆီးနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၎င်းလုပ်ခက တစ်ပတ် ပေါင် ၁သိန်း ၈သောင်း ရရှိနေတာပါ။

အသင်းမှာ အိုဒွိုင်းက ဒဏ်ရာများနဲ့ ရုန်းကန်နေရပြီး ထိရောက်တဲ့ အကူအညီများ မပေးနိုင်ချိန် တိုက်စစ်မှူး အေဗရာဟမ်ကတော့ ငယ်ရွယ်သေးပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်္ဂလန်သားက သူ့အတွက် မျှတတဲ့ ကမ်းလှမ်းမှုမျိုး အလိုရှိကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။

အေဗရာဟမ်ရဲ့ လက်ရှိ စာချုပ်က သက်တမ်း နှစ်နှစ် ကျန်ရှိသေးတာ ဖြစ်လို့ ချယ်ဆီး အနေနဲ့ အလောတကြီး သက်တမ်းတိုးဖို့တော့ ကြိုးစားဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်္ဂလန်သား အခြေအနေအပေါ် ဆက်လက်စောင့်ကြည့်ပြီး ဆုံးဖြတ်ချက် ချဖွယ် ရှိနေပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူး အေဗရာဟမ်က ဒီရာသီ အသင်းအတွက် ၁၅ ဂိုး သွင်းယူထားပြီး ဆောက်ဂတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံရဖွယ် ရှိနေပါတယ်။ အေဗရာဟမ်က ဒီရာသီမှာ မဟုတ်ဘဲ ယခင်ရာသီ အက်စတွန်ဗီလာမှာ အငှား သွား ကစားစဉ်ကလည်း ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားကာ ၂၆ ဂိုး သွင်းယူခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးတိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္က အသင္းဘက္က ေနာက္ဆံုး ကမ္းလွမ္းထားတဲ့ သက္တမ္းတိုး စာခ်ဳပ္သစ္ကို လက္မခံဘဲ ျငင္းဆန္ပယ္ခ်သြားခဲ့ေၾကာင္း ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပထားပါတယ္။ ေအဗရာဟမ္က အသင္းမွာ ရွိတဲ့ အျခား ၾကယ္ပြင့္ ကစားသမားေတြေလာက္ သူ႔ကို လုပ္ခ ခံစားခြင့္ ေပးအပ္ေစလိုေနပါတယ္။

ခ်ယ္ဆီးအသင္းဟာ လူငယ္ၾကယ္ပြင့္ေတြကို ကာလရွည္ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုမႈမ်ား ဆက္တိုက္ လုပ္ေဆာင္ေနျပီး ရီစီ ဂ်ိမ္းစ္၊ ေမဆန္ေမာင့္၊ တိုမိုရီ၊ ေလာ့ဖ္တပ္ခ်ိစ္၊ ဘီလီ ေဂးလ္မား စတဲ့ ကစားသမားေတြက အသင္းနဲ႕ သက္တမ္းတိုး သေဘာတူခဲ့ျပီး ျဖ္ပါတယ္။

ဒါေပမယ့္ တမ္မီ ေအဗရာဟမ္ကေတာ့ သူ အစြမ္းျပ အားထုတ္ထားမႈေတြေၾကာင့္ အသင္းေဖာ္ အိုဒြိဳင္းေလာက္ အဆင့္ လုပ္ခ လစာ ရရွိဖို႔ လိုလားေနပါတယ္။ အိုဒြိဳင္းဟာ ျပီးခဲ့တဲ့ စက္တင္ဘာကပဲ ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ျပီး ၄င္းလုပ္ခက တစ္ပတ္ ေပါင္ ၁သိန္း ၈ေသာင္း ရရွိေနတာပါ။

အသင္းမွာ အိုဒြိဳင္းက ဒဏ္ရာမ်ားနဲ႕ ရုန္းကန္ေနရျပီး ထိေရာက္တဲ့ အကူအညီမ်ား မေပးနုိင္ခ်ိန္ တိုက္စစ္မွဴး ေအဗရာဟမ္ကေတာ့ ငယ္ရြယ္ေသးေပမယ့္ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး အျဖစ္ ပြဲထြက္ ကစားေနခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အဂၤလန္သားက သူ႔အတြက္ မွ်တတဲ့ ကမ္းလွမး္မႈမ်ိဳး အလိုရွိေၾကာင္း အသိေပးထားတယ္လို႔ သိရပါတယ္။

ေအဗရာဟမ္ရဲ႕ လက္ရွိ စာခ်ဳပ္က သက္တမ္း နွစ္နွစ္ က်န္ရွိေသးတာ ျဖစ္လို႔ ခ်ယ္ဆီး အေနနဲ႕ အေလာတၾကီး သက္တမ္းတိုးဖို႔ေတာ့ ၾကိဳးစားဦးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အဂၤလန္သား အေျခအေနအေပၚ ဆက္လက္ေစာင့္ၾကည့္ျပီး ဆံုးျဖတ္ခ်က္ ခ်ဖြယ္ ရွိေနပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ တိုက္စစ္မွဴး ေအဗရာဟမ္က ဒီရာသီ အသင္းအတြက္ ၁၅ ဂိုး သြင္းယူထားျပီး ေဆာက္ဂတ္ရဲ႕ အဂၤလန္ လက္ေရြးစင္ အသင္းမွာပါ ေရြးခ်ယ္ခံရဖြယ္ ရွိေနပါတယ္။ ေအဗရာဟမ္က ဒီရာသီမွာ မဟုတ္ဘဲ ယခင္ရာသီ အက္စတြန္ဗီလာမွာ အငွား သြား ကစားစဥ္ကလည္း ျပိဳင္ပြဲစံု ပြဲ ၄၀ ကစားကာ ၂၆ ဂိုး သြင္းယူခဲ့ပါတယ္။